နမ့်စန်မှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် အိမ်ခြေ ၃၂၀ ခန့်နဲ့ ဘုန်းကြီးကျောင်း(ခု)ကျောင်းခန့် ပျက်စီးခဲ့ရပုံ ပုံရိပ်များ စုစည်းမှု့

နမ့်စန်မှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် အိမ်ခြေ ၃၂၀ ခန့်နဲ့ ဘုန်းကြီးကျောင်း(ခု)ကျောင်းခန့် ပျက်စီးခဲ့ရ

တောင်ကြီး၊ မေ ၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ၂ရက်၊ ညနေပိုင်းအချိန်က မိုးသက်လေပြင်း ကျရောက်မှုကြောင့် အိမ်ခြေ ၃၂၀ ခန့်ပျက်စီးခဲ့ရကြောင်း ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရပါတယ်။ နမ့်စန်မြို့နယ်မှာ ပြီးခဲ့တဲ့မေလ ၂ရက်နေ့၊ ညနေပိုင်းအချိန်က လေပြင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး

လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ မှ ၅၅ မိုင်ခန့်၊ မိုးသီးအရွယ်အစား ၂ စင်တီမီတာခန့်၊ မိုးရေချိန် ၂.၃၂ လက်မခန့် ရွာသွန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ “အိမ်ခြေ ၃၂၀လောက် ပျက်စီးခဲ့တယ်။ ပြိုသွားတာက ၁၃လုံးပါ။ ဘုန်းကြီးကျောင်းက ၆ကျောင်းလောက် ရှိပါတယ်။ အဲဒီစာရင်းက မနေ့ညနေခင်းက ကောက်ထားတဲ့ဟာပါ။

ဒီနေ့ပြန်ကောက်တဲ့ စာရင်းတွေအရ အတိုးအလျှော့တော့ ရှိနိုင်တယ်။ ဝန်ကြီးတွေအပါအဝင် အဖွဲ့စုံနဲ့ကွင်းဆင်းစစ်ဆေးနေပါတယ်”လို့ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။ အဲဒီလို မိုးသက်လေပြင်းကျရောက်မှုကြောင့်

သစ်ပင်ကြီးတွေပြိုလဲခြင်း၊ မြို့ပေါ်ရပ်ကွက် အချို့နဲ့ အမှတ်(၅)ကျေးရွာအုပ်စု၊ မက်မုန်မွန်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာအချို့မှ အိမ်ခြေတွေ၊ စာသင်ကျောင်းတွေ၊ ပလောင်လူငယ် ပရဟိတကျောင်းဆောင်တွေ၊ ဘုန်းကြီးကျောင်းအချို့ အမိုးတွေပြုတ်ထွက်ခြင်း၊ ပြိုကျခြင်း၊ သွပ်မိုးတွေလွင့်စင်ခြင်းစတဲ့ ပျက်စီးဆုံးရှုံးမှုတွေ

ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေကို နမ့်စန်မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ နယ်မြေခံတပ်ဖွဲ့တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊

ပြည်သူ့စစ်ဌာနေတွေ၊ ရပ်မိရပ်ဖတွေ၊ ပရဟိတအသင်းတွေမှ လူငယ်တွေပူးပေါင်းပြီး ကယ်ဆယ်ရေး၊ ရှင်းလင်းရေး၊ ပျက်စီးဆုံးရှုံးမှုတွေပြုလုပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံးတင်ပြနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ Crd… သတင်း-နန်းမေရာစု(ရွှေတြိဂံ) ရွှေတြိဂံဒေသ သတင်းလွှာ

Add a Comment

Your email address will not be published. Required fields are marked *