တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်

ဆိုးလ်၊ မေ-၃-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်မှာ နှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်မှုတွေ ဒီကနေ့ မေလ(၃) ရက်မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကနေ နံနက် (၇)နာရီ (၄၁) မိနစ်မှာ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး နယ်စပ်မြို့ ၊

ချွှန်းဝန်ရှိ တောင်ကိုရီးယားနယ်စပ်ကင်းစခန်းကို ထိမှန်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားဘက်မှာ ထိခိုက်သေဆုံးမှုမရှိပါဘူး။ မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုကိုတုန့်ပြန်မှုအဖြစ် တောင်ကိုရီးယားဘက်ကလည်း နှစ်ကြိမ်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်ရဲ့

ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပစ်ခတ်မှုဟာ ဘာကြောင့်စတင်ဖြစ်ပွားရတယ်ဆိုတာကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ နှစ်နိုင်ငံအကြား စစ်ဘက်အရေးပါ် ဆက်သွယ်ရေး လိုင်းမှတစ်ဆင့် မြောက်ကိုရီးယားဘက်ကို ဆက်သွယ်ရန်ကြိုးစားနေကြောင်း

တောင်ကိုရီးယားပူးတွဲ စစ်ဦးချုပ်များအဖွဲ့ကပြောပါတယ်။ ဒီပစ်ခတ်မှုဟာ ငါးနှစ်အတွင်း တောင်ကိုရီးယားဘက်ကို မြောက်ကိုရီးယားက ပထမဆုံး တိုက်ရိုက်ပစ်ခတ် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်ကိုရီးယားစစ်ပွဲပြီးနောက် နှစ်နိုင်ငံအကြား ကြားခံနယ်မြေတစ်ခု တည်ဆောက်ဖို့ အတွက် စစ်မဲ့ဇုန်ကို နှစ်နိုင်ငံပိုင်းခြားသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ Ref : BBC Photo:AP

Add a Comment

Your email address will not be published. Required fields are marked *