အရေးတော်ပုံမှာ ပါဝင်ဆင်နွှဲခဲ့လို့ အသက်မသေသော်လဲ ဘဝသေရမည့်အရေးကြုံနေရတဲ့ သူရဲကောင်းတစ်ဦး

အရေးတော်ပုံမှာ ပါဝင်ဆင်နွှဲခဲ့လို့ အသက်မသေသော်လဲ ဘဝသေရမည့်အရေးကြုံနေရတဲ့ သူရဲကောင်းတစ်ဦး

စာဖတ်သူအပေါင်းတို့ မင်္ဂလာပါလို့လဲ နှုတ်မဆက်ချင်လောက်အောင်ကို ကျနော်တို့ မင်္ဂလာမဲ့နေခဲ့တာ Feb 1 ရက်နေ့ထဲကပါ

လူသားမဆန်တဲ့ လူ့ငနွားတွေကြောင့် တတိုင်းပြည်လုံး လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်နေခဲ့တာ ဒီနေ့ဆိုရင် တစ်လနဲ့ ၇ ရက်ရှိပါပြီ

ဒီ တလနဲ့ ၇ ရက်အတွင်းမှာ လူ့ငနွားတွေရဲ့ လုပ်ရပ်ကြောင့် တချို့ မိသားစု ထမင်းဝိုင်းတွေမှာ လူမစုံတော့ပါဘူး …

မိသားစု ထမင်းဝိုင်းနဲ့ ထာဝရခွဲခွာရသူတွေ ၅၀ ကျော် ရှိသလို လူ့ငနွားတွေ ဖမ်းခေါ်သွားလို့ မိသားစု ထမင်းဝိုင်းနဲ့ ခွဲခွာရသူလဲ ထောင်ဂဏန်းရှိနေပါပြီ

အခုတင်ပြချင်တဲ့ သူရဲကောင်း တစ်ယောက်ကတော့ မြောက်ဥက္ကလာမှာ ဆန္ဒပြရင်း မျက်လုံး ထိသွားတဲ့ ကိုမင်းသူရ (မြောက်ဒဂုံ) ရဲ့ အဖြစ်ပါ

သူရဲကောင်း ကိုမင်းသူရဟာ မျက်လုံး ၂ဖက်မှာ တဖက်က အပီးထုတ်လိုက်ရပီး ကျန်တဖက်ကလဲ ​ပြူးထွက်နေပါတယ်။

အမြင်ရဖို့က သိပ်မသေချာတော့ပါဘူး ။ နှာခေါင်းကလဲ သွေးတွေ အမြဲယိုနေတယ်။

ရှင်ရက်နဲ့ ဘဝ သေသွားခဲ့ရပါပြီ … ရှင်ရက်နဲ့ ဘဝ သေသွးတာက ပိုရင်နာ၊ ပိုသနားဖို့ ကောင်းတယ်ဗျား။

ဝိုင်းဝန်း အလှူဒါန ပြုချင်သူများ အောက်ပါ လိပ်စာသို့ ဆက်သွယ်နိုင်ပါတယ်။

ဖုန်း – 09457664205

လိပ်စာ – မြောက်ဒဂုံ၊ ရှင်တရာလမ်း

ကိုမင်းသူရ ရေ လွတ်လပ်ရေး တိုက်ပွဲမှာ ပေးဆပ်ခဲ့ရတဲ့အတွက် ဝမ်းနည်းစွာနဲ့ ဂုဏ်ယူပါတယ်ခင်ဗျာ … အကိုအပါအဝင် တခြားသူရဲကောင်းတွေရဲ့ စွန့်လွှတ် စွန့်စားခဲ့တာတွေ အချီးနှီး မဖြစ်စေရပါဘူး …

ကျနော်တို့ နိုင်ကို နိုင်စေရပါမယ် … အရေးတော်ပုံ အောင်ရမည်