ကိုဗစ်နှင့် ရွာဦးကျောင်းဆရာတော်၏ မိန့်မှာချက်…ဟာသကြိုက်သူများအတွက်…ဘဝအမောတွေပြေကြပါစေ

“ရွာဦးကျောင်းက ဒေသန္တရအမိန့်”

“အင်း .. ခေတ်ကာလကြီးမလဲ မကောင်းလှချေ တကား” မြောင်းမြမြို့နယ် ကဝက်အုပ်စုထဲမှာ … မြေနီကုန်းရွာ ကျောင်းထိုင်ဆရာတော်သည်ကား … ကျောင်းဝရံတာ၌ ပုတီးစိပ်ရင်း … မြင်နေရတဲ့ မြင်ကွင်းများကြောင့် … စိတ်နှလုံးများစွာ မချမ်းမမြေ့ ဖြစ်နေရခြေ၏ … “ဖုန်းသုံးပါ ဖုန်းသုံးပါ ပြောတော့” လိုင်းပေါ်တက် သဉ္စာဝင့်ကျော်လောက်သာ ကြည့်တတ်ရှာပြီး …

ကျန်းမာရေး ဗဟုသုတ ဘာတစ်ခုမျှ မရှိ … “ကိုဗစ်”ကို … ” စားစရာမုန့် ထင်နေကြသည့် အမျိုး” ခုလဲကြည့် … ဟိုနေရာစုစု ဒီနေရာစုစု … “သုံးပေအကွာ”ဆွာလဲ နားမလည် … အင်း …ရွာသူရွာသားများအတွက် … ရင်လေးမယ်ဆိုလဲ ရင်လေးစရာ … ဒီလိုနဲ့ … ရှေ့ရေးနောက်ရေး … အမျိုးမျိုး စဉ်းစားရင်း …

“ဟဲ့ … ကိုရင်သာမောင်” “ဘုရား” “ဟယ် ဘုရားနောက်ထား … လူအရင်လာခဲ့” “မှန်ပါ့” “သွား … အသံချဲ့စက်ဆင် … မိုက်ယူလာခဲ့” “ရပါပြီ ဘုရား” “ဟလို … ဟေ့ ရွာသူရွာသားတွေ … သေချာ နားထောင်ကြစမ်း … ကူးစက်ရောဂါ ဒီလောက်ဖြစ်နေတာကို … ပေါ့ပေါ့သဘောထားနေကြတာလား … အေး ငါပွောမယ် နားထောင် …

ခုအချိန်ကစ အိမ်အပြင် ထွက်ရဲထွက်ကြည့် ကြိုက်တဲ့ကြိမ်လုံး တစ်ခါထဲရွေး … ငါကိုယ်တိုင် ရွာထဲ … ဆင်းမယ် ဒါပဲ” လော်စပီကာ ထဲက … ဆရာတော်အသံ ဆုံးသွားတာနဲ့ … ကလေး ငိုသံတောင် မကြားရတော့ဘူးဆိုပဲ … နှုတ်တော်ထွက် ဒေသန္တရ အမိန့်ကား ပြင်းထန်လေစွ … ထိုနေ့ည … သင်္ကန်းခါးပတ် … mask ကြီးတပ် …

ထားဝယ်ကြိမ်လုံး ကိုင်ကာ … ရွာထဲ နှစ်ပတ်သုံးပတ် ပတ်ကြည့်တော်မူလေရာ … ဆိုလာမီးလဲ မမြင် … TV.သံလဲ မကွား … တစ်ရွာလုံး … မီးခိုးတိတ် အစောကြီးအိပ်ကြသတဲ့ ဆာတော်လဲ မိန့်မိန့်ကြီး ပြုံးတော်မူရင်း … “ငါ့ရွာသား တွေ တယ်လိမ်မာကြပါလား”ဆိုပြီး ရွှေဘောတော် ကျရှာသတဲ့ … နောက်တစ်နေ့ …

အာရုံဆွမ်းကို … ကိုရင်ကြီး ချက်ကပ်တဲ့ … ပဲပြုတ်ဆီဆမ်းလေးနဲ့ ဘုဉ်းတော်မူပြီး … ရွာထဲ အကဲခတ်ကြည့်တော်မူရာ … လူသွားလူလာ မမြင် … လူသံလဲ မကြား … ဆာတော်ဘုရားကား သဘောအကျကြီးကျလို့ … ခက်တာက … “ဟဲ ငသာမောင်” “ဘုရား” “(10:30) ကျော်နေပီ အလှည့်ဆွမ်းတွေ ရောက်ပီလား”

“မရောက်သေးပါ ဘုရား” “သွား … ကျောင်းဝကနေ အကဲခတ်ကြည့်စမ်း” “မှန်ပါ့” “အခြေအနေ ဘယ်လိုလဲ” “လူနဲ့တူတာဆိုလို့ … အရိပ်တောင်မတွေ့ပါဖျား” “တယ်ခက်သကိုး … သွား မိုက်ပေးစမ်း” “အဟမ်း … ဟေ့ ရွာသူရွာသားတွေ … မထွက်နဲ့ … ဆိုပေမယ့် … ဆွမ်းလေးတော့ ပို့ကြအုံးမှပေါ့”ဟူသတည်း။ via Moe Moe Moe

Tags: