၆-တန်းကျောင်းသူတစ်ဦးကို မုဒိန်းကျင့်ရန်ကြံစည်ပြီး အခြား ၆-တန်း ​​ကျောင်းသူတစ်ဦးအား မုဒိန်းကျင့်ခဲ့သည့် ကျောင်းအုပ်အားထောင်ချလိုက်ပြီ

“၆-တန်းကျောင်းသူတစ်ဦးကို မုဒိန်းကျင့်ရန်ကြံစည်ပြီး အခြား ၆-တန်း ​​ကျောင်းသူတစ်ဦးအား မုဒိန်းကျင့်ခဲ့ သည့်မူလတန်းလွန် ​​ကျောင်းအုပ်ကြီး ထောင်ဒဏ်နှစ်(၃၀) ကျသွားပြီ”

ကျောင်းဆရာဆိုသည်မှာပန်းမြိုင်လယ်က ဥယျဉ်မှူးဖြစ်သည်။ ပန်းကလေးများ မွှေးကြိုင်လန်းဆန်းကာ ဖူးတံငုံဝင့်ပွင့်ကြစေရန် ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိသည်။ ဥယျဉ်မှူး ပန်းမခူးရပါ ။ သက်ခိုင်(အသက်-၃၆နှစ်)သည် ကသာခရိုင်၊ ပင်လည်ဘူး မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ မူလတန်းလွန်ကျောင်းအုပ် ဆရာကြီးအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်ကာ အိမ်ထောင်ရှိသူ တစ်ဦးဖြစ်သည်။

သက်ခိုင်သည် ၂၀၁၉-ခု၊ ဖေဖော်ဝါရီလ အတန်းတင်စာမေးပွဲနီးချိန်၌ (၄)တန်းနှင့်(၆)တန်းကျောင်းသူ ​​ကျောင်းသားများ ကျောင်းသို့ညအိပ်ခေါ်ယူပြီးစာသင် စါကျက်စေခဲ့သည် ။(၉-၂-၂၀၁၉)ည (၁၁)နာရီခန့်တွင် သက်ခိုင်သည်အသက်(၁၃)နှစ်အရွယ်(၆)တန်းကျောင်းသူ တစ်ဦးအိပ်နေသည့် ခြင်ထောင်အတွင်းဝင်ရောက်၍ သားမယား အဖြစ်ပြုကျင့်ရန်ကြိုးစားခဲ့သည်။

ကျောင်းသူက ငိုယိုငြင်းဆန်၍ ခြင်ထောင်အတွင်းမှ ပြန်ထွက်ခဲ့သည်။ နောက်တစ်ရက်ညတွင် အခြား(၆)တန်းကျောင်းသူတစ်ဦး၏ ခြင်ထောင်အတွင်းသို့ ဝင်ရောက်ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့သည်။ ကျောင်းသူ နှစ်ဦးကတရားလိုပြုလုပ်ပြီး ပင်လည်ဘူးမြို့မရဲစခန်းသို့အမှုဖွင့် တိုင်ကြားခဲ့ရာ အမှုနှစ်မှုဖွင့်လှစ် စစ်ဆေးပြီးနောက်ကသာခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

မုဒိန်းကျင့်ရန်ကြံစည်သည့် အမှုနှင့်ပတ်သက်၍ပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန်၊ မုဒိန်းကျင့်သည့်အမှုနှင့်ပတ်သက်၍ ပုဒ်မ ၃၇၆အရ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်ကျခံစေရန် (၂၂-၄- ၂၀၂၀)နေ့က အမိန့်ချခဲ့ကြောင်းသိရသည်။ မိမိပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရမည့် တပည့်ကျောင်းသူများအပေါ် ကာမအမှောင်ဖုံးလွှမ်းပြီး မကြံကောင်းမစည်ရာ

ကျူးလွန်ခဲ့သည့် တရားခံသက်ခိုင်သည် အုတ်ရိုးနောက်ဝယ် နှစ်ပေါင်းများစွာ ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်ရပေတေါ့မည် ။ နောက်မှရသည့်နှောင်း နောင်တသည် သက်ခိုင်အတွက် လက်နှီးစုတ်လောက်ပင် အသုံးမဝင်တော့ပေ။ အမျိုးသမီးများအပေါ်အကြမ်းဖက်သည့်ပြစ်မှု ကျူးလွန်သူများအား ထိရောက်ဟန့်တား ပြစ်ဒဏ်ချမှတ်ခြင်းသည်

အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် ကာကွယ်ပေးမှု တစ်ခုဖြစ်ပါသည်။ ပုရိသယောက်ျားများ အသိတရားဖြင့် သတိထားနိုင်ကြစေရန် တင်ပြလိုက်ရပါကြောင်း။