UN အထူးကိုယ်စားလှယ် ဖြစ်တဲ့ Christine Schraner Burgener မနေ့ည ၁၁ နာရီသတင်းစာရှင်းပွဲမှာ ပြောကြားချက်များ

မတ်လ(၃)ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ခွဲမှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲမှ မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ် ဖြစ်တဲ့ Christine Schraner Burgener ရဲ့ အမှာစကား

“စစ်တပ်က အာဏာသိမ်းပြီးထဲက ကျမတို့ မြန်မာမှာ အံ့အားသင့်စရာနဲ့ စိတ်ပျက်စရာသတင်းတွေပဲ​ တောက်လျှောက်တွေ့နေရပါတယ်။

ဒီနေ့ဆို သွေးအစွန်းဆုံးနေ့တစ်နေ့ပါပဲ။ ဒီနေ့တစ်ရက်ထဲနဲ့ (၃၈)ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ အာဏာစသိမ်းကထဲက ဒီနေ့ထိဆို လူ(၅၀)မက သေဆုံးနေပြီဖြစ်တဲ့အတွက် ကျမတို့ အရမ်းကို စိုးရိမ်ရပါတယ်။

မြန်မာကလူတွေ ပို့တဲ့ စာတွေ တစ်နေ့ကို အစောင် (၂၀၀၀)လောက် လက်ခံနေရပါတယ်။ နိုင်ငံတကာကနေ အကူအညီတွေကို အရမ်းလိုချင်နေကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကိုလဲ အဖြေပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။

ဒီနေ့ ကျမတို့ အရမ်းကို ဆိုးရွားတဲ့ ဗီဒီယိုတွေ မြင်ခဲ့ရတဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ လက်နက်မဲ့တဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကို ရိုက်နှက်နေတဲ့ ဗီဒီယိုလဲ မြင်ရတယ်။ ဖမ်းပြီးမှ ဘာမှ ရုန်းမထွက် မခုခံနေတဲ့သူကို ပစ်သတ်လိုက်တဲ့ ဗီဒီယိုကိုလဲ မြင်ခဲ့ရတယ်။ စက်သေနတ်နဲ့ ပစ်သတ်တဲ့ ဗီဒီယိုကိုလဲ မြင်ရတယ်။

စကထဲက အခုထိဆိုရင် လူပေါင်း ၁၂၀၀ ကျော်လောက် ဖမ်းဆီးခံထားရတယ်။ သူတို့ရဲ့ မိသားစုတွေကလဲ အဲ့ဖမ်းခံထားရတဲ့လူတွေ ဘယ်မှာ​ရှိသလဲတောင် မသိရပါဘူး။

ဒီလို အဖြစ်အပျက်တွေကို ဘယ်လိုမျိုး ဆက်လက် ကြည့်ရပါ့မလဲ? ကျမ CRPH နဲ့လဲ အမြဲဆက်သွယ်နေတယ်။ အာဆီယံကနိုင်ငံတွေနဲ့ရော ဒေသတစ်ခုလုံးမှာရှိတဲ့ နိုင်ငံတွေနဲ့ရော ကျမအမြဲ မြန်မာပြသာနာအတွက် ဆက်သွယ်နေတယ်။

ပြီးတော့ ကျမ Video Meetings တွေ လုပ်နေတယ်။ မြန်မာနိုင်ငံအနှံ့က လူ(၂၀၀)ကျော်နဲ့ ဗီဒီယိုမီတင်တွေ လုပ်ခဲ့တယ်။ အရင်က ရခိုင်ကိစ္စနဲ့လဲ မြန်မာကလူတွေအများကြီးနဲ့ ဆက်ဆံခဲ့တဲ့အတွက် မြန်မာက လူတွေနဲ့ ကျမ ကောင်းကောင်းသိတယ်။

UN Secretary General ကလဲ အကြမ်းဖက်မှုတွေကို လုံးဝရပ်ပစ်ရမယ်လို့ သေချာ ပြောထားတယ်။ နိုင်ငံတကာကလဲ အခုမြန်မာပြသာနာကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းကြဖို့လိုတယ်။ ကျမတို့ အရေးပေါ်အစည်းအဝေးနောက်တစ်ခု ထပ်လုပ်မယ်။

ကျမ မြန်မာနိုင်ငံကို လာဖို့လဲ ကြိုးစားနေတယ်။ ကျမမှာ တိကျတဲ့ အဖြေတစ်ခု မြန်မာအတွက် မရှိသေးပေမယ့် ကျမမှာ တစ်ချို့ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေရှိပါတယ်။ ကျမ မြန်မာနိုင်ငံကိုလာပြီး စစ်တပ်နဲ့ရော၊ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးနဲ့ရော၊ CRPH နဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ရော တခြားသူတွေနဲ့ရော တွေ့ပြီး သေချာလေး ဆွေးနွေးပါမယ်။

ဘာပဲဖြစ်ဖြစ် ကျမဆက်ပြီး မြန်မာနိုင်ငံအတွက် ကြိုးစားသွားပါမယ်။ ကျမ လုံးဝ အရှုံးမပေးပါဘူး။”

Christine Schraner Burgener

Tags: