ကိုဗစ်ကြောင့် ပြည့်သူတွေဒုက္ခရောက်ချိန် နေ့စဉ်လူ ၇၀၀ နီးပါးခန့်ကို မနက်စာ ညစာများ ကိုယ်တိုင်ချက်လှုနေသူ ကိုအောင်ကြီး

Stay Home ကာလအတွင်းမှာ နေ့စဉ်လူ(၇၀၀)နီးပါး ခန့်အား မနက်စာ ညစာ များ ကိုယ်တိုင်ချက်ပြုတ်၍ ကျွေးမွေးလှူဒါန်းခဲ့တဲ့အလှူရှင် ကိုအောင်ကြီး

လေးစားပါတယ် ကိုအောင်ကြီး စတေးဟုမ်းကာလ အတွင်းမှာ နေ့စဉ်လူ(၇၀၀)နီးပါး ခန့်အား မနက်စာ ညစာ များ ကိုယ်တိုင်ချက်ပြုတ်၍ ကျွေးမွေးလှူဒါန်းခဲ့တဲ့ ရွှေပြည်သာမြို့မှ ကို‌အောင်ကြီး ကိုအောင်ကြီးသည် ရြွေပည်သာမြို့နယ် အမှတ်(၁၁) ရပ်ကွက်အတွင်း နေထိုင်သူ သာမန် ပြည်သူတစ်ဦးသာ ဖြစ်ပါသည်။

ပရဟိတစိတ်ဓါတ်ထက်သန်ပြီး ရပ်ကွက် အတွင်း သာရေး/နာရေး ကိစ္စရပ်များတွင်လည်း တက်ကြွ စွာကူညီဆောင်ရွက်တတ်သူ တစ်ဦးလည်းဖြစ်၍ရပ်ကွက် တွင်းနေသူများ၏ လေးစားချစ်ခင်ခြင်းကိုခံရသူ တစ်ဦး လည်းဖြစ်ပါသည် ။ ယခုကာလ ကိုဗစ်ကူးစက်ရောဂါ ကာကွယ်နိုင်ရေး အတွက် နိုင်ငံတော်မှထုတ်ပြန်ခဲ့သော

“ပြည်သူများအား မိမိတို့၏ နေအိမ်အတွင်း၌သာ နေထိုင်ကြရန် ( Stay at Home )ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ရာ ရပ်ကွက် တွင်းနေ ပြည်သူအချို့ စားသောက်ရေး ခက်ခဲမည်ကိုကြိုတင်တွေးမိပြီး စာနာနားလည်စိတ်ရှိသူ ကိုအောင်ကြီး သည် ထိုသူတို့၏ အခက်အခဲကို ကူညီသည့်အနေဖြင့် လူတစ်ဦးစာ ထမင်းနှင့်ဟင်း တစ်နပ်စာကို

နှစ်ရာ (၂၀၀)ကျပ်နှုံးဖြင့် အရှုံးခံ၍ရောင်းချပေးပြီး ထိုအရှုံး‌ငွေကို မိမိမှ စိုက်ထုတ်ကျခံမည် ရပ်ကွက်တွင်းနေ လူငယ်များ အား ထမင်းချက်ပြုတ်ရောင်းချရေးတွင် ပူးပေါင်းပါဝင် လုပ်အားပေးကူညီကြရန် စည်းရုံးပြီး လက်တွေ့ ပင် အကောငအထည်‌ဖော် လုပ်ဆောင်ပါတော့သည်။ထိုကဲ့သို့ ကိုအောင်ကြီးနှင့်လူငယ်များမှ

လူတစ်ဦးစာ ထမင်းနှင့် ဟင်းနှစ်မျိုးပေါင်းကို (၂၀၀ ) ကျပ်ဖြင့် စတင် ရောင်းချခဲ့သည့် ပထမဦးဆုံသော(၁၂.၄.၂၀၂၀) နေ့မှာ ပင် နီးစပ်ရာပြည်သူများမှ နှစ်သက်သဘောကျခဲ့ကြပြီး တတ်နိုင်သူများမှ မိမိတို့တပ်အားသရွေ့ထည့်ဝင်လှူဒါန်း ခဲ့ကြရာ ဒုတိယနေ့မှစ၍ နှစ်ရာကျပ်ဖြင့် ရောင်းချခြင်းမပြု တော့ဘဲ ငွေကြေးတပြားတချပ်မှ မယူတော့ဘဲ

(အခမဲ့) ပေးဝေနိုင်ခဲ့သည်အထိ အောင်မြင်ခဲ့ပါသည် ။ နေ့စ‌ဉ်လူ (၇၀၀)နီးပါးကို မနက်စာ/ညစာ ကို အသား/ ငါး /ပဲ အကြော်/အနှပ် တို့ကို တနေ့တမျိုး ဟင်းမထပ်ရအောင် အရသာရှိစွာ စီမံချက်ပြုတ်ပြီး( ၁၉ ) ရက်တိုင်တိုင် အိမ်တိုင်ရာ‌ရောက်အခမဲ့ ကျွေးမွေး လှူဒါန်းနိုင်ခဲ့ပါသည် ။ထိုကဲ့သို့ မိမိပတ်ဝန်းကျင်မှ လူများအခက်ကြုံနေချိန် တွင်

မျက်နှာမလွဲဘဲ စာနာနားလည်သည့်စိတ်ဓါတ်ဖြင့် မိမိတတ်နိုင့်သည့် ဖက်မှ လူအင်အား ငွေအင်အားဖြင့် ဘာသာမခြား ၊ လူမျိုးမခွဲ ဘဲ ပါတီ/ အဖွဲ့အစည်းများ၏ ပံပိုးကူညီမူ တစ်စုံတစ်ရာ မပါဘဲ မိမိတိုရှိသည့်အားဖြင့် ပြည်သူအချင်းချင်း ဖေးမကူညီခဲ့ကြသူ ကိုအောင်ကြီးနှင့် သူ၏ အပေါင်းအဖော် ရဲဘော်ရဲဘက်( ၄၆ ) ဦးတို့(၁၉ ) ရက်တိုင်တိုင်

ကျွေးမွေးလှူဒါန်းခဲ့သည့် မွန်မြတ်သော ကာလဒါနအလှူ နှင့် မွန်မြတ်လှသော ပရဟိတစိတ်ဓါတ် တို့ကို ဤစာမျက်နှာမှလှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရင်း လေးစားစွာ မှတ်တမ်းတင် လိုက်ရပါတယ် ခင်ဗျာ လေးစားစွာဖြင့် ခရစ်ဒက် -ဇာမဏီ