မန္တလေးတွင် ရဲနှင့်ပွဲစားပေါင်းပြီး အဖမ်းခံရသူများကို ငွေညစ်ပြီးပြန်လွှတ်ပေးနေ

ဦးပြည့်ဖြိုးမောင်မောင် (တရားလွှတ်တော်ရှေ့နေ) ရေးတဲ့စာ

ဒီကနေ့ တော်တော်စိတ်ဓာတ်ကျပါတယ်

ပိုက်ဆံပေးရွေး အဆိပ်ပင်ရေလောင်းပြီး ပြန်ထွက်လာကြမယ်ဆို အစတည်းက လမ်းပေါ်ကိုမထွက်ကြပါနဲ့

ဒီမနက်က မန်းလေး ၃၅ × ၆၆ လမ်းထောင့်မှာ ဖမ်းခံရသူတွေထဲက တော်တော်များများဟာ

ရဲကို ၂ သိန်း ညှိပေးတဲ့ပွဲစားကို ၅ သောင်းနဲ့

ဆိုင်ကယ်ပါဖမ်းခံရသူတွေဟာ ထပ်ပေါင်း ၁ သိန်း

စုစုပေါင်း ၃ သိန်းခွဲပေးပြီး ထွက်လာကြပြီဖြစ်ပါတယ်

အဆိပ်ပင်ရေမလောင်းနဲ့ပြောတော့ ကိုယ်ကပဲ အထဲနေစေချင်တာလိုလိုထင်ကြပြောကြတယ်

အဲ့လောက်အများကြီးဖမ်းထားတာမှာ ခေါင်းဆောင်ပိုင်းလောက်ကိုသာ ပစ်မှတ်ထားတရားစွဲနိုင်ကြမှာပါ

လူ ၃၀၀ ဖမ်းရင် လူ ၃၀၀ လုံးကို အမှုဖွင့်ဖို့မလွယ်တဲ့အတွက် အများစုကို ပြန်လွှတ်ကိုလွှတ်ပေးရမယ့် အခြေအနေမှာ ချော်လဲရောထိုင် ပေါင်းစားကြတာပါ

ဒါကိုသိလို့ ပို့စ်တင်ပြီး အမီတားခဲ့ပေမယ့် မမီလိုက်တော့ဘဲ ဖြစ်ချင်တိုင်းဖြစ်သွားခဲ့ပါပြီ

နောက်ရက်တွေမှာ လူပြန်ပေးတွေ ပိုများများလုပ်ပြီး ငွေရှာကြတဲ့အခါ တရားခံဟာ အဆိပ်ပင်ရေလောင်းခဲ့တဲ့လူကလေးတို့ကိုယ်တိုင်ပဲဆိုတာ မမေ့ပါနဲ့

တစ်ယောက်ချင်းစီရဲ့ Privacy အရ နာမည်တွေထုတ်မပြောဖြစ်ပေမယ့် ဒီကနေ့ဖြစ်တဲ့ ၃၅ × ၆၆ ကိစ္စမှာ အဆိပ်ပင်ရေလောင်းခဲ့ကြသူတွေ အတော်ကိုများပါတယ်

သူဖုန်းစားထမင်းဝရင် ဘာဖြစ်မလဲဆိုတာ ပိတ်ကားမှာသာ စောင့်ကြည့်ကြပါတော့

ကျနော်လည်း အခမဲ့ရှေ့နေလိုက်ပေးချင်တဲ့ စေတနာတွေ တော်တော်ခမ်းသွားပါပြီ

ခင်ဗျားတို့ပေးခဲ့တဲ့ တစ်ယောက်ကို ၂ သိန်းခွဲနဲ့ လူရာနဲ့ချီပေးခဲ့တဲ့ငွေတွေဟာ နောက်ရက်တွေမှာ ပြည်သူတွေကို ထပ်ပြီး အနိုင်ကျင့်ဖို့ အင်အားမွေးပေးလိုက်တာပဲ ဆိုတာလေးသာ သတိရပေးကြပါ

ဦးပြည့်ဖြိုးမောင်မောင် (တရားလွှတ်တော်ရှေ့နေ)

Tags: