လွမ်းလှပြီ အမေရယ် … အမေပြန်လာရင် ပြောပြစရာတွေ ရေးချထားတယ်(ပထမပိုင်း)

အမေစုရယ် ပြန်လာပါတော့ လွမ်းလှပြီ … အမေပြန်လာရင် ပြောပြစရာတွေ ရေးချထားတယ် …( 1 )

ကိုယ်ဟာ လူတွေကြားထဲ ဆန္ဒပြရင်း လျှောက်သွားရင်း ပျောက်ဆုံးနေတဲ့ မြန့်မာဓလေ့လေးတခုသွားတွေ့တယ်။

အရင်တုန်းက ခိုးဆိုးလုနိုက် နာမည်ကြီးခဲ့တဲ့ရန်ကုန်၊

အခုတော့ နားလည်မူ့ ကိုယ်ချင်းစာမူ့ ကူညီရိုင်းပင်းမှု မျှဝေမှုရှိတဲ့ မြန်မာ့စိတ်ဓာက်ကို အထင်းသားမြင်တွေ့ရပြီ

လမ်းပေါ်မှာ ရှိတဲ့ လူတွေအားလုံးဟာ အချင်းချင်း ပြုံးပြနေကြတယ် ။

ကိုယ့်မှာရှိတဲ့ စားစရာကို ဘေးနားကလူ သိသိ မသိသိ စားပါဦး မျှဝေကျွေးတယ်။

ကိုယ်ပစ္စည်းကျန်ခဲ့ရင်တောင် အမ ပစ္စည်းကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ်။

နေပူထဲရပ်နေရင်တောင်ဒီဘက်တိုး အမ ဒီနေရာက အရိပ်ရတယ်တဲ့ ။

ဖိနပ်ခုထိုင်ရင်တောင် ဘေးနားက ညီမလေးက ခင်းစရာ အခင်းလေးပေးပြီး ဒါလေးနဲ့ထိုင်နော်တဲ့ ။

မုန့်စားနေပြီဆို ရေဗူးလေး ကဒ်လိုက် လာချပေးထားတယ်။

အမှိုက်သိမ်းတဲ့အုပ်စုကလည်း ငါးမိနစ်တခါလောက် ကိုယ့်ရှေ့က ဖြတ်ပြီး အမှိုက်ရှိသေးလားတဲ့

နောက်နားက ညီမလေးတယောက်က free ride လေးဘယ်မှာရှိလည်းဆို မသိပေမဲ့ ကြားတဲ့တယောက်က ကျွန်တော် ဖုန်းဆက်ပေးမယ်တဲ့ ။

ရှားပါးနေတဲ့အချိန်မှာတောင် စားနိုင်သလောက်လေးပဲယူတယ် ။ယူတာတောင် လက်လှမ်းမမီတဲ့ အနောက်က လူတွေအတွက် အရှေ့က လူတွေက ဦးစားပေးတယ်။ လေးစားစရာ စိတ်ဓာတ်လေး။

ရန်ဖြစ်တာမရှိဘူး။

ခိုးတာမရှိဘူး။

စတာနောက်တာမရှိဘူး။

ယုံကြည်ချက်တွေနဲ့ တမြေထဲနေသွေးသားတွေ ဆိုတဲ့စိတ်ပဲရှိကြတယ် ။

မြစ်ကြီးနားမှာဖြစ်ပြီဆို ရန်ကုန် ကစိတ်ပူတယ်။ နေပြည်တော်မှာ တခုခုဆို အားလုံးက ရင်တမမနဲ့။ မန္တလေးမှာ ပစ်ပြီဆို ကျန်မြို့အားလုံး မျက်ရည်ကျရတယ်။

ပညာရေးဝန်ထမ်းတွေက ငါ့တို့လူတွေ၊ ကျန်းမာရေးက ငါတို့ဆရာဝန်တွေ၊ မီးရထား က ငါတို့သွေးသားတွေ၊ ဒဏ်ရာရ သေဆုံးသူတွေက ငါတို့ဆွေမျိုးတွေ၊ အချင်းချင်းဖေးမ စောင့်ရှောက်တယ်။

အမေစုရေ ~ အာဏာရှင်ဆိုတာ မလိုတော့လောက်အောင် ရဲဆိုတာ မလိုအပ်တော့လောက်အောင် ပြည်သူတွေအားလုံးစည်းလုံးခဲ့ပြီ။

“သွေးချင်း ညီအကိုများ စည်းလုံးခြင်းသည် အင်အား” ဆိုတဲ့သီချင်းလေးအတိုင်းပဲ ။

ပြည်သူအားလုံးဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတဲ့ သမိုင်း သက်သေထူခဲ့ပြီ ။

တနေ့ကျရင် မေမေတို့ မြန်မာလူမျိုးတွေဟာ ဆိုပြီး သမိုင်းတွင်မဲ့ ဂုဏ်ယူစရာ ကိုယ်တွေ့ဖြစ်ရပ်လေး သမီးလေးကို လက်ဆင့်ကမ်း ပြောပြရဦးမယ်တဲ့ ။ c r d