ချစ်သူရဲ့မျက်နှာကို အသဲလွှာမှာတက်တူးထိုးပြီး သစ္စာကိုသက်သေတည်ခဲ့တဲ့ မြတ်သွဲ့သွဲ့ခိုင်၏ ချစ်သူ

ပြီးခဲ့ ဖေဖဝါရီလ ၉ ရက်… တပြည်လုံး မျက်ရည်စို့ခဲ့ရတဲ့ နေ့စွဲတစ်ခုပေါ့ … နေပြည်တော် ဆန္ဒပြပွဲ အရှိန်မြင့်နေခိုက် လူယုတ်မာတစ်စုက ရေပိုက်တွေနဲ့ သဲကြီးမဲကြီး ထိုးတာကို ပြည်သူတွေက ပါပါးပါးနပ်နပ် ရှောင်ကွင်းလို့ ပန်းတိုင်ရောက်ဖို့ ခရီးဆက်နေခဲ့တယ် …

အဲ့အချိန်မှာ ကိုကိုလွင်ဆိုတဲ့ စာနာစိတ် ကင်းမဲ့တဲ့ လူတယောက်က သေနတ်ကိုဆွဲ တိုက်ပွဲမှာ ရန်သူကို ပစ်သလို မျက်လုံးလေးတဖတ်ကိုပိတ် အသက်ကိုအောင့် ပစ်မှတ်ကို သေချာချိန်ပြီး ကျည်တတောင့် လွှတ်လိုက်တယ် … အဲ့ကျည်တတောင်ဟာ မြသွဲ့သွဲ့ခိုင်ဆိုတဲ့ ညီမလေးခေါင်ကို ထိမှန်ပြီး သွေးစက်တွေက ပြည်သူတွေရဲ့ ရင်ကို စင်စေခဲ့တယ်လေ …

အကိုတို့ ပြည်သူတွေရင်ကို လာစင်ခဲ့တဲ့ သွေးစက်တွေကြောင့် အကိုတို့ တွန်းလှန်နေတဲ့ အာဏာရှင်တော် လှန်ရေးကို ပိုပြီးခိုင်မာစေခဲ့တယ် … ဒါပေမယ့် မျက်လုံးမှာတော့ မျက်ရည်တွေနဲ့ပေါ့ … အကိုတို့ သွေးမတော် သားမစပ်တဲ့ ပြည်သူတွေတောင် မျက်ရည် ဖြိုင်ဖြိုင်ကျနေရတာကို ကိုးတန်းနှစ်ကတည်းက မြသွဲ့သွဲ့ခိုင်နဲ့ ငါးနှစ်ကျော်တွဲလာတဲ့ ညီလေး ဟိန်းရာဇာရေ… မင်းကို မငိုပါနဲ့လို့ မပြောရက်ပါဘူးကွာ

ဒီလိုနဲ့ ညီမလေး မြသွဲ့သွဲ့ခိုင်တယောက် ဆေးရုံမှာ သေမင်းဆီကနေ ပြန်များရမလားဆိုပြီး အကိုတို့တွေ ဆုတောင်းနေချိန်မှာ ငါ့ညီလေး ဘယ်လောက် သောက ပင်လယ်ဝေနေမယ်ဆိုတာ ခံစားမိပါတယ် … နောက်ဆုံးမှာ အကိုတို့ ဆုတောင်းမပြည့်ပဲ ညီမလေး မြသွဲ့သွဲ့ခိုင်ကို လက်လွှတ်ခဲ့ရတယ်လေ

၂၁ရက် ဖေဖော်ဝါရီလ ၂၀၂၁ရက်နေ့ ညီမလေးမြသွဲ့သွဲ့ခိုင် (မင်းရဲ့ချစ်သူ) ဈာပနကိုလည်း မင်းရောက်လာခဲ့တယ်။တွဲလာခဲ့တာ ကြာပြီမို့ ရည်းစားအဖြစ်က ပြတ်စဲတယ်ဆိုတဲ့ ဖြတ်စာကိုလည်း မျက်ရည်ရွှဲလဲနဲ့ မင်းကိုယ်တိုင် အခေါင်းထဲထိ လာထည့်ခဲ့ရသေးတယ်။ မင်း ဘယ်လောက်တောင် နာကျင်ရမလဲကွာ

အခုလည်း မင်းက မင်းရဲ့ သစ္စာကို ပြတဲ့အနေနဲ့ ချစ်သူ့မျက်နှာကို မင်းနှလုံးသားပေါ် တင်သွားပြန်ပြီလား။ တက်တူးထိုးနေချိန် ဖွင့်ထားတဲ့သီချင်းက နှင်းဝေတဲ့ဆောင်းဆိုပဲ။ မင်းမျက်နှာ ဘာဖြစ်နေလဲ ငါကြည့်မိတယ်။ မင်းရင်ထဲ ဘယ်လိုခံစားရမလဲ ငါသိပါတယ်ကွာ။ ခေတ်မီကိရိယာတွေနဲ့ တိုင်းရင်လည်း အတိအကျ ထွက်ချင်မှထွက်မယ်။ ငါ့ခံစားမှုက ဘာနဲ့တိုင်းတိုင်း ဘယ်သူမှမသိနိုင်ဘူး။

အခုတော့ ဒီလောက်ပဲ ရေးနိုင်လို့ နောက်မှအကျယ်ရေးပါ့မယ်ကွာ။ အခကြေးငွေမယူဘဲ မေတ္တာနဲ့ထိုးပေးတဲ့ အစ်ကိုကြီးဘစီရဲ့ စေတနာကိုလည်း ငါ့မှာ လေးစားဦးညွတ်လျက်ပါကွာ ….. လူသစ် ၂၄. ဖေဖော်ဝါရီ ၂၀၂၁ … ရေးသားသည်ကို ထပ်မံ ချယ်သထားသည် Myanmar Uptodate . Club