ရုရှားမှာ တစ်ရက်အတွင်း ကိုဗစ်လူနာ ၁ သောင်းနီးပါ စံချိန်တင်တွေ့ရှိပြီး ၅၇ ဦးသေဆုံး

ရုရှားမှာ တစ်ရက်အတွင်း ကိုဗစ်လူနာ ၁ သောင်းနီးပါ စံချိန်တင်တွေ့ရှိပြီး ၅၇ ဦးသေဆုံး

ရုရှားနိုင်ငံမှာ မေလ ၂ ရက် စနေနေ့ တစ်နေ့တည်းကို ကိုဗစ်-၁၉ အတည်ပြုလူနာ ၉,၆၂၃ ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး ဒီကူးစက်မှုပမာဏဟာ ကပ်ရောဂါအဖြစ် စတင်ကူးစက်ပြန့်ပွားတဲ့ ကာလအတွင်း အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ ကူးစက်အတည်ပြုလူနာအများစုဟာ မြို့တော် မော်စကိုက ဖြစ်တာကြောင့် မြို့တော်ဝန်က ခရီးသွားလာခွင့်နဲ့ ပတ်သက်တဲ့

အထူးခွင့်ပြုမိန့်တွေကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ယနေ့အထိ ရုရှားတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကူးစက်အတည်ပြုလူနာ ၁၂၄,၀၅၄ ဦး တွေ့ရှိထားပြီး ၁,၂၂၂ ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ကူးစက်မှုများလာတာနဲ့အတူ သေဆုံးမှုနှုန်းဟာလည်း မြင်တက်လာခဲ့သလို တစ်နေ့တည်း သေဆုံးသူ ၅၇ ဦးထိရှိခဲ့ကြောင်း ရုရှား ကိုရိုနာဗိုင်းရပ်စ်

တုန့်ပြန်တားဆီးရေးစင်တာက သတင်းထုတ်ပြန်ထားပါတယ်။ ရုရှားနိုင်ငံမှာ မတ်လကုန်ပိုင်းကတည်းက အပြင်ထွက်သွားလာခွင့်တွေကို တစ်စိတ်တစ်ပိုင်း ပိတ်ထားခဲ့တာဖြစ်ပြီး မြို့တော် မော်စကိုမှာ ခရီးသွားဖို့အတွက် အထူးခွင့်ပြုမိန့်လျှောက်ထားဖို့ လိုအပ်တဲ့အပြင် အစားအသောက်ဝယ်ယူဖို့၊ ခွေးကျောင်းဖို့နဲ့ အမှိုက်ပစ်ဖို့အတွက်ကလွဲရင်

အိမ်အပြင်ထွက်ခွင့်မပြုကြောင်း အစိုးရက ကြေညာထားပြီးဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပိုမိုတင်းကြပ်ဖို့ အမိန့်ပေးခဲ့ကြောင်းနဲ့ အလုပ်ရုံတွေကိုလည်း မေလ ၁၁ ရက်နေ့အထိ ပိတ်ထားတာဖြစ်ပေမယ့် အလုပ်သမားနေ့နဲ့ အောင်ပွဲနေ့တွေကိုတော့ စည်စည်ကားကားကျင်းပပြုလုပ်ခွင့် ပေးခဲ့ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ ကူးစက်မှုအရေအတွက်ဟာ အမေရိကန်၊ အီတလီနဲ့ စပိန်တို့နဲ့ နှိုင်းယှဉ်ရင် အများကြီးနည်းနေသေးပေမယ့် လက်ရှိ ကူးစက်သူ ကိန်းဂဏန်းနဲ့ သေဆုံးသူအရေအတွက်ဟာ အဲ့ဒီနိုင်ငံတွေထက် ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။ မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြည်သူတွေအနေနဲ့ မလိုအပ်ရင် လုံးဝအပြင်မထွက်ဖို့

တိုက်တွန်းထားပြီး ကူးစက်သူတွေထဲမှာ အရေးပေါ်အခြေရှိနေတဲ့ လူနာအများကြီးရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ဆီမှာ ကူးစက်ရောဂါက အများကြီး ခြိမ်းခြောက်နေပါပြီ” လို့ ၎င်းရဲ့ ဘလော့ဂ်မှာ ‌ရေးသားခဲ့တယ်လို့ သိရပါတယ်။Rossiya-1 ရုပ်သံသတင်းဌာနကတော့ မော်စကိုအာဏာပိုင်တွေဟာ

အွန်လိုင်းက ယူရတဲ့ မြိုတော်အတွင်း သွားလာခွင့်လက်မှတ်တွေကို ရာခိုင်နှုန်းအများကြီး လျှော့ချဖို့ရှိနေပြီး အိမ်အပြင်ကို လုံးဝမထွက်မဖြစ် ထွက်ရမယ့်သူတွေကိုသာ ထုတ်ပေးဖို့ စဉ်းစားနေတယ်လို့ ကြေညာသွားခဲ့ပါတယ်။