ဘစိုင်းကိုထားခဲ့ပြီး ငြိမ်းမြတ်သူကို ဝန်းရံရမယ်လို့ တခါမှ မတွေးဖူးဘူး … ဘာလို့လဲဆိုတာ ဖတ်သာကြည်လိုက်

စာဖတ်သူအပေါင်း သူတော်ကောင်းတို့ ခင်ဗျာ … ကျွန်တော်တို့ မြန်မာ စကားပုံမှာ လူအကြောင်း ပေါင်းမှသိ ဆိုတဲ့ စကားပုံလေးကို အားလုံးကြားဖူးကြမှာပါ

မိတ်ဆွေစစ် မိတ်ဆွေမှန် ဆိုတာကို ဒုက္ခဖြစ်ချိန်မှ သိရတယ်လို့လဲ ပြောကြသေးတယ်မို့လား ခင်ဗျာ …

ဒါတွေကို ဘာလို့ ပြောနေတာလဲ ဆိုတော့

ကျွန်တော်တို့ တိုင်းပြည်ကြီး အမှောက်ဖုံးချိန်မှာ ပြည်သူတွေ့ရဲ့ အလင်းတိုင်လို့ သတ်မှတ်ထားကြတဲ့ အနုပညာရှင်တိချို့က

ကြောက်တက်တာလား … သူတို့ပိုင်တဲ့ စည်းစိမ် ဥစ္စာလျော့မှာ ကြောက်လို့လားမသိ

ဝတ်ကျေ တန်းကျေသာ လှုပ်ရှားနေတာ တွေ့ရပါတယ်

ဒီလို ဝတ်ကျေတန်းကျေ လုပ်နေတဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့ ဘစိုင်းကို မန်းလေးသား တယောက်က ”

စိုင်းစိုင်းခမ်းလှိုင်ဆိုတာ

မြန်မာနိုင်ငံမှာ Fan အင်အားအတောင့်ဆုံး

ဆယ်စုနှစ်မက အားပေးတဲ့ ပရိတ်သတ်တွေမရေတွက်နိုင်ဘူး

/ Cosmetics ထုတ်တယ် အကုန်အလုယက် အားပေးခဲ့ကြတယ်

မန္တလေးဆိုတာလဲ သူ့အတွက်လုပ်ခဲ့တဲ့ ပွဲမှန်သမျှ

ဘယ်တုန်းကမှမျက်နှာမငယ်ခဲ့ရအောင်

မန္တလေးကလူတွေ တာဝန်ကျေခဲ့တယ်

မန္တလေးမှာ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ် ခံရတာကို

စတေးတပ်လေး နှစ်ကြောင်းလောက်နဲ့ နှစ်သိမ့်ပီး

” စစ်အာဏာရှင်”ဆိုတဲ့ အသုံးနှုန်းမျိုး မရေးရဲတာ အံ့ဩမိတယ်

သူ့မှာ ငဲ့စရာတွေရှိနေလို့ပါတဲ့

အေး မင်းမှာပဲ အသက်ရှိတယ် / မင်းမှာပဲ မိသားစုရှိတယ် /

မင်းမှာပဲ ဥစ္စာရှိတယ်

မင်းကိုအားပေးနေတဲ့ လူတွေက အခြေနေမဲ့တွေ ဟုတ်ပီလား

***** မိန်းမသားတန်မဲ့ ဖမ်းဝရမ်းထုတ်ခံရတာတောင်

ပြည်သူဘက်က မားမားရပ်တည်ပေးတဲ့ ဖွေးဖွေးရဲ့ ချီးစားလိုက် ” ဆိုပြီး အားမလို အားမရ ရေးထားတာ တွေ့ရပါတယ်

တချိန်ထဲမှာ ကျွန်တော်တို့ မျက်မုန်းကျိုးခဲ့တဲ့ ငြိမ်းမြတ်သူက

အခုချိန်မှာ မိန်းကလေးတန်မဲ့ သတ္တိရှိရှိ နေ့စဉ် တိုင်းပြည်ချစ်စိတ်နဲ့ ပြည်သူတွေနဲ့အတူ လှုပ်ရှားနေတာ မြင်တော့

တချိန်က အမြင်ကတ်ပြီး ဆဲခဲ့ ပြောခဲ့တာတွေအတွက် အားနာမိတယ်…

အခုလို တိုင်းပြည်အတွက် လိုအပ်လာချိန်မှာ ငြိမ်းမြတ်သူဟာ မရှိမဲ့ ရှိမယ့် follower လေးနဲ့ နှိုးစော်နေတယ် စည်းရုံးနေတယ် …

အရမ်းကိုကျေးဇူးတင်ပါတယ် ညီမလေး ငြိမ်းမြတ်သူရေ …

အကိုတို့ တချိန်က ညီမအပေါ် ပြောခဲ့ ရေးခဲ့ မိတာတွေအတွက်လဲ တောင်းပန်ပါတယ် ညီမရယ် …

လူအကြောင်းကို အခုလို အရေးကြီးချိန် တိုင်းပြည် ဒုက္ခရောက်ချိန်မှာ ဘယ်သူက ဘာလဲဆိုတာ သိခဲ့ရပါပြီ …

ဒါနဲ့ စကားမစပ်ညီမလေး ငြိမ်းမြတ်သူရေ တကယ်လို့များ ဒီစာကို ညီမ ဖတ်မိတယ်ဆိုရင် …

တခုတော့ အကူညီတောင်းပါရစေ …

အကူညီက ဘာလဲဆိုတော့ ဘစိုင်းကို တွေ့ရင် ” ဘဘစိုင်း အကြောက်ပြေသွားအောင် ” အားပေးစကားလေးပြောခဲ့ပါလို့ ပြောပါရစေ ညီမရေ

စာကို အဆုံးထိ ဖတ်ပေးကြတဲ့ စာဖတ်သူအပေါင်း ဘေးဘယာဝေးကွာပြီး အလိုရှိရာပန်းတိုင်ကို အမြန်ရောက်ကြပါစေ