အာဏာရှင်ဆန့်ကျင်ရေးမှာ ထိုင်ဝမ်သတင်းစာမျက်နှာထိ ပေါက်မြောက်ခဲ့သော အနုပညာရှင်များ

လေးစားအပ်ပါသော စာဖတ်သူအပေါင်းတို့ခင်ဗျာ …

ကျနော်တို့ မြန်မာနိုင်ငံကြီးကို စစ်တပ်က အာဏာ ရယူခဲ့တဲ့ ဖေဖဝါရီ ၂ ရက်နေ့ကစပြီး ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ပြည်သူတွေနဲ့ တထပ်ထဲ လှုပ်ရှားနေကြတဲ့ အနုပညာရှင်တွေ များစွားရှိပါတယ်

ထိုထဲကမှ နိုင်ငံတကာထိ လူသိများတဲ့ ဝတ်မှုံရွှေရည် … ပိုင်တံခွန် … စိုင်းစိုင်းခမ်းလှိုင် နှင့် သူဇာဝင့်လွင် တို့ရဲ့ လှုပ်ရှားမှု့တွေကို ထိုင်ဝမ် သတင်းစာမျက်နှာမှာ အလေးပေး ဖော်ပြခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်

ဟောင်ကောင်ရဲ့ Media Website တစ်ခုဖြစ်တဲ့ Smartposthk ကနေ မြန်မာ စစ်အာဏာရှင်
ဆန့်ကျင်ရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ရပ်တည်ပေးနေတဲ့ မင်းသမီးတစ်လက်ဆိုပြီး  ဝတ်မှုံရွှေရည်ကို ဖော်ပြခြင်းခံလိုက်ရပါတယ် ဒါအပြင် မနှစ်က ကစ်ဟာ Forbes Asia’s Inaugural 100 Digitals Stars မှာ စာရင်းဝင်ခဲ့အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်…

ကစ်နှင့်အတူ MUM 2020 အလှမယ် Thuzar Wint Lwin … Paing Takhon … Sai Sai Kham Leng တို့လည်းဖော်ပြခြင်းခံရပါတယ်… ဒီလို ပြည်ပမီဒီယာတွေရဲ့ ဖော်ပြမှု့ခံရလောက်အောင်ထိ စွမ်းဆောင်ပေးခဲ့တဲ့ ဝတ်မှုံရွှေရည် … ပိုင်တံခွန် … စိုင်းစိုင်းခမ်းလှိုင် နှင့် သူဇာဝင့်လွင် အား အထူးပဲ ကျေးဇူးတင်ပါဆိုတာ ပြောပါရစေခင်ဗျာ

ဆက်လက်ပြီးလဲ ပြည်တွင်းရဲ့ မတရာမှု့တွေကို နိုင်ငံတကာ သိအောင် တင်ပြပေးကြပါအုံးလို့ အနုညွတ်တောင်းဆိုပါရစေ … ပြည်သူကိုချစ်သော ပြည်သူကချစ်သော အနုပညာရှင်များ ယခုထက် ပိုမိုအောင်မြင်ပြီး ဘေးဘယာအပေါင်းမှ ဝေးကွာပါစေလို့ ကျနော်များမှ ဆုးတောင်းလိုက်ပါတယ် ခင်ဗျာ

စာကို အဆုံးထိ ဖတ်ပေးကြသော စာဖတ်သူအပေါင်းကိုလဲ အထူးကျေးဇူးတင်ပါတယ် … အားလုံး ဘေးဘယာ ဝေကွာပြီး အလိုရှိရာ ပန်းတိုင်ကို အလျှင်မြန် ရောက်ပါစေ ခင်ဗျာ

news-uptodate