ပြည်သူတွေ တက်ကြွမှု့အတွက် ဝမ်းသာအားရ ပြောလာတဲ့ အောင်လရဲ့ ရင်ဖွင့်စကား

ဖိုက်တာကြီး အောင်လရဲ့ ယနေ့ ၂၂၂၂၂ သပိတ်မှာ ပြည်သူတွေရဲ့ တက်ကြွမှု့အတွက် ပြောလာတဲ့ရင်ဖွင့်စကား

ဖိုက်တာကြီးဟာ မြန်မာပြည်သူ ပြည်သားတွေရဲ့ ၂၂၂၂၂ သပိတ် အပေါ်မှာ တက်ကြွစွာ လှုပ်ရှားခဲ့မှု့ကို အလွန်ပဲ ကျေနပ်အားရမေပါတယ် … ဒါနဲ့တဆက်တည် စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့ လုပ်ရုပ်တွေကိုလဲ အခုလို

” ဒီနေ့ မြန်မာနိုင်ငံက ပြည်သူတွေအားလုံး မိမိတို့ လိုချင်တဲ့ အရာအတွက်၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို မြင်တွေ့ရတာ အရမ်းကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။

မနေ့ညတုန်းကလည်း စစ်တပ်ကနေပြီးတော့ ညအချိန်မှာ စစ်ကားတွေနဲ့ မြို့တွင်းမှာ လက်နက်အပြည့်အစုံနဲ့ လှည့်လည်နေတဲ့ဗီဒီယိုဖိုင်တွေကိုလည်း ကြည့်လိုက်ရပါတယ်။

ဒါတွေတင်မကပဲ အပြစ်မဲ့ မြန်မာပြည်သူတွေကို ညဖက်အချိန်တွေမှာဥပဒေမဲ့ ပစ်ခတ်တာတွေ၊ အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း တွေ့မြင်ရတဲ့အတွက်၊ အရမ်းဝမ်းနည်းမိပြီး ဒီလိုလုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။

ဒီအဖြစ်အပျက်တွေကို တွေ့မြင်ရလို့၊ နောက်ထပ်ဆက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ၊ အထူးသဖြင့် ဒီနေ့အတွက် စိုးရိမ်စိတ်ဖြစ်မိပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ လုပ်ဆောင်သွားတဲ့ အရာတွေက အရမ်းကောင်းမွန်ပါတယ်။ ကျွန်တော်လည်း အပြည့်အဝ ထောက်ခံပြီး၊ ပြည်သူတွေနဲ့ တသားထဲ ရပ်တည်ပါတယ်။

အားလုံးပဲ ကျွန်တော်တို့ ယုံကြည်တဲ့အရာအတွက် စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဆက်လက် လုပ်ဆောင်နိုင်ဖို့ အမြဲတမ်း ဆုတောင်းပေးနေပါတယ်။

ကျွန်တော်တို့အားလုံး၊ အဓိက ရည်ရွယ်ချက်ကို အပြည့်အဝ အာရုံစိုက်ပြီးတော့၊ ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ စိတ်ခံစားမှုတွေ၊ ဒေါသတွေကို အကောင်းဆုံးထိန်းချုပ်ပြီး ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်ဖို့အတွက် တစ်ဦးတစ်ယောက်ဆီတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာပြည်သူတွေအားလုံးအတွက်၊ ကျွန်တော်အမြဲတမ်းဆုတောင်းပေးနေပါတယ်။

အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။

It brings me great joy to see my people protest peacefully today. I have seen many other videos and pictures of the military mobilising their forces into the cities last night.

Furthermore I have also been seeing footage of unlawful shootings and the abductions of many innocent civilians late at night which I fully condemn. This made me worry what will happen next especially today.

I am inspired by what the Myanmar people are doing and support your cause. I continue to pray that you all stay strong and continue to fight for what you believe.

Please continue to remain focused, responsible and don’t let anger take over your emotions. I will always be keeping you in my prayers!

God Bless – SaveMyammar ” ဆိုပြီး မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် သူ့ရဲ့ လူမှု့ကွန်ယက်အကောင့်မှာ ရေးထားပါတယ်

စာဖတ်သူအပေါင်း ဘေးဘယာ ဝေးကွာကြပါစေ … အလိုရှိအပ်သော ပန်းတိုင်ကိုလဲ အမြန်ရောက်နိုင်ပါစေ