ဒါရိုက်တာ ကိုပေါက်ရဲ့ သားတွေကိုဆုံးမတဲ့ ဆုံးမစကားအပြည့်စုံ… လေးစားရပါတယ် ကိုပေါက်ရေ

လေးစားအပ်ပါသော စာဖတ်သူအပေါင်းတို့ ခင်ဗျာ … အနုပညာ လောကမှာ ဒါရိုက်တာ ကိုပေါက် – သရုပ်ဆောင် ကိုပေါက်ဆို မသိသူမရှိပါဘူးနော် … ကိုပေါက်ဟာ အနုပညာ အလုပ်တွေ လုပ်နေရင်းနဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်းထားသူ တစ်ယောက်လဲ ဖြစ်ပါတယ် …

ဒါရိုက်တာ ကိုပေါက်ရဲ့ သားလေးတွေဟာလဲ အဖေတူ သားလေးတွေလို့ ပြောရမှာပါ … ဘာလို့လဲဆို ကိုဗစ်ကာလ အနုပညာ အလုပ်တွေ အပြင်မှာ ထွက်ပြီး အလုပ်ရချိန်က ကိုပေါက်ဟာ ဟာသလေးတွေ ရိုက်ပြီး ပရိတ်သတ်တွေကို ဖျော်ဖြေပေးခဲ့ပါတယ် … ဒီလို ဖျော်ဖြေပေးချိန်မှာ တခါတရံ သူ့ရဲ့သားလေးတွေလဲ ပါဝင်သရုပ်ဆောင်တက်ပါတယ်

ကိုပေါက်တို့ မိသားစုလေးဟာ ခရီးသွားတဲ့ပုံလေးတွေ မိသားစု ပျော်ရွှင်နေတဲ့ ပုံလေးတွေကို ကိုပေါက်ရဲ့ လူမှု့ကွန်ယက်အကောင့်မှာ တင်ပေးတက်ပါသေးတယ် … ဒီလို သာယာပျော်ရွှင်ခဲ့ရတဲ့ မိသားစုလေးဟာ အခုချိန်မှာတော့ လမင်းကို တိမ်ဖုံး သလို အခိုက်အတန့်နဲ့ ကြုံတွေ့နေရတာ

လူတစ်စုရဲ့ တကိုယ်ကောင်းဆန်မှု့ကြောင့် တိုင်ပြည်ကြီး အညွန့်ကျိုး ရမယ့် အဖြစ်ကြုံရချိန်မှာ ကိုပေါက်ဟာ တိုင်ပြည်အတွက် ပရိတ်သတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပါတယ် … ဒီလို တိုက်ပွဲဝင်မှု့ကြောင့် ကိုပေါက်ဟာ ဖမ်းဝရမ်းထုတ်ခံခဲ့ရပါတယ် … ဖမ်းဝရမ်းကြောင့် မိသားစုနဲ့ ကွဲကွာနေထိုင်နေရတဲ့ ကိုပေါက်ဟာ

သူ့ဟားလေးတွေကို လွမ်းနေတဲ့အကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ခဲ့ပါသေးတယ် … ဒီနေ့မှာတော့ ကိုပေါက်ဟာ သူ့သားနှစ်ယောက်ကို ဆုံးမစကားကို

“သားသို့ပေးစာ”

သားရေ

လောကကြီးက တရားပါတယ်။

မတရားတာက အာဏာရှင်လူတစ်စု။

သားရေ

ဗုဒ္ဓဘာသာက မွန်မြတ်ပါတယ်။

ယုတ်ပတ်နေတာက ဗုဒ္ဓဘာသာအမည်ခံ အာဏာရှင်လူတစ်စု။

သားရေ

အမှန်ကို ရဲရဲဝံ့ဝံ့မပြောရဲရင်နေပါ မှားနေတာကိုထောက်ခံတဲ့သူတော့ မဖြစ်စေနဲ့။

သတ္တိဆိုတာ အကြောက်တရားနဲ့မခံချင်စိတ် တွေဓာတ်ပြုပြီး မွေးဖွားတယ်သား။

အကြောက်တရားတွေကင်းပြီး အမှန်ကိုပြောရဲဖို့အတွက် ဖေဖေမှားနေရင်တောင် ငါ့သားတို့ တော်လှန်ပါ။

ကိုပေါက်(ခေတ္တဝရမ်းပြေး)/ ၂၂.၂.၂၀၂၁ / အရေးတော်ပုံ အောင်ရမည်..👍💪

ဆိုပြီး ရေးသား လာခဲ့ပါတယ် … ကိုပေါက်ရေးတဲ့ စာဟာ သူ့သားလေးတွေအတွက်သာမက ကျွန်တော်တို့ အတွက်ပါ လိုက်နာ ကျင့်သုံးစရာပါ… လေးစားပါတယ် ကိုပေါက်ရေ … ချစ်ရတဲ့ မိသားစုနှင့်အတူ အလျှင်မြန် ပြန်လည်နေထိုင်ခွင့် ရပါစေလို့ ဆုတောင်ပေးပါတယ်ဗျာ …

အဆုံးထိ ဖတ်ပေးတဲ့ စာဖတ်သူတွေကိုလဲ အထူးကျေးဇူးတင်ပါတယ် … စာဖတ်သူတို့လဲ ကိုပေါက် ဆုတောင်းစကားလေးပြောကြားရင်း အားပေးခဲ့ပါအုံးနော် … စာဖတ်သူတို့ ဘေးဘယာအပေါင်းက ကင်းကွာကြပါစေ … အလိုရှိရာ ပန်းတိုင်ကိုလဲ အလျှင်မြန် ရောက်ပါစေဗျာ