ယခုရက်ပိုင်း ကောင်းကင်တွင် ပေါ်နေသော လ ပတ်လက် အနေထားနှင့် တိုင်းပြည် ကံကြမ္မာ အခြေနေ

ယခုရက်ပိုင်း ကောင်းကင်တွင် ပေါ်နေသော လ ပတ်လက် အနေထားနှင့် တိုင်းပြည် ကံကြမ္မာ အခြေနေ

စာဖတ်သူအပေါင်းတို့ ခင်ဗျာ … အခုတလော ညဘက် လထွက်ချိန်မှာ လ ဟာ ပတ်လက် အနေထားဖြစ်နေတာ တချို့ သတိထားမိကြမယ် ထင်ပါတယ် …

ဒီလို လ ပတ်လက် ဖြစ်နေတဲ့ အနေထားမှာ ဗေဒင် ကိန်းခန်းအရ ရှေးပညာရှိကြီးတွေ ပြောခဲ့တာကို ပြန်လည်ဖောက်သည်ချ ချင်ပါတယ်… အခုလို လပတ်လက် အနေထားမျိုးဟာ မြန်မာ ရာဇဝင်မှာ ဒီလို ရှိခဲ့ဖူးတယ် …

အချိန်ကတော့ မွန်ဘုရင်မကြီး ရှင်စောပု နန်းမတက်မှီ မတ်တော် ဘုရင်ဖြစ်နေတုန်းက ယခုကဲ့သို့ လပက်လက်ပေါ်တာ လထီးဆောင်းတာ လဗိုင်းငင်တာ စတဲ့ အတိတ်နမိတ်တွေ ခဏခဏဖြစ်ခဲ့လို့ ပညာရှိ ပုဏ္ဏားတွေ တွက်ချက်တဲ့အခါမှာ ပြည်သူကို မိခင်ရင်းကဲ့သို့ နွေးထွေးနှစ်သိမ့်ပေးနိုင်မယ့် သာသနပြု မင်းကောင်းမင်းမြတ် ပေါ်မယ်

တိုင်းပြည်သာယာ ဝဖြိုးမယ် အေးချမ်းမယ်လို့ နမိတ်ဖတ်ခဲ့ကြပါတယ်။ များမကြာမီမှာပဲ မင်း ဆက်သက်ဆိုးမရှည်တဲ့ ဟံသာဝတီထီးနန်းမှာ မတ်တော်ဘုရင် ကံတော်ကုန်ပြီး ဘုရင်မကြီး ရှင်စောပု တက်လာပါတယ်။ ဘုရင်မ ကြီးနန်းတက်ပြီး နောက်မှာ မင်းဆက်မမြဲတဲ့ ဟံသာဝတီ နိုင်ငံတော်ဟာ စစ်မက်ရေးရာမှ ကင်းဝေးပြီး အေးချမ်း သာယာခဲ့ပါတယ်။

ဘုရင်မကြီးဟာလည်း ကံတော်ကုန်တဲ့အထိ ထီးနန်းကို ကြာရှည်စွာ အုပ်စိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လပက်လက်ပေါ်ရင် လဗိုင်းငင်ရင် အမျိုးသမီး နိုင်ငံ့အကြီးအကဲ ဖြစ်လိမ့်မယ်လို့ ပြောစမှတ် ပြုကြပါတယ်။ c r d