လက်ရှိအနေထားက R2P လာဖို့ တံခါးဖွင့်နေသလို

R2P လာဖို့ တံခါးဖွင့်နေတဲ့ အာဏာသိမ်းအစိုးရ

ဒီရက်ပိုင်း အသံတွေညံ့နေတဲ့ နိုင်ငံတကာက ဝင်မလာသေးဘူးလား၊ စာတွေပဲဘာလို့ထုတ်နေတာလဲ ဆိုတဲ့အသံတွေ ညံ့နေပါတယ်။

2005 ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အဖွဲ့ဝင်တိုင်းပြည်တွေမှာ Genocide၊ war crime၊ ethnic cleansing နဲ့ crime against humanity တွေဖြစ်လာခဲ့ရင် နိုင်ငံတကာက တရားဝင် ဝင်ရောက်ကာကွယ်နိုင်ဖို့ R2P (Responsibility to Protect) ခေါ်ခွင့်ပြုချက်ကို Article 138, 139 အချက်နှစ်ချက်နဲ့ပြဌာန်းခဲ့ပါတယ်။

2009 မှာတော့ R2P ကို အကောင်အထည်ဖော်ဆောင်မယ့် လမ်းညွှန်ချက်ကို ပြဌာန်းခဲ့ပြီး 3 pillars ခေါ် မဏ္ဍိုင် ၃ ခုနဲ့ အကောင်အထည်ဖော်ဖို့ စီမံခဲ့ပါတယ်။

၁။ နိုင်ငံတိုင်းဟာ မိမိနိုင်ငံသားတိုင်းကို အထက်ဖော်ပြပါ ရာဇဝတ်မှုတွေကနေ ကာကွယ်ရပါမယ်။

၂။ နိုင်ငံတကာအဖွဲ့အစည်းတွေက နိုင်ငံတွေအနေနဲ့ ထိုရာဇဝတ်မှုတွေကနေ ကာကွယ်ဖို့တိုက်တွန်းခြင်း၊ ကူညီခြင်းပြုရပါမယ်။

၃။ အထက်ဖော်ပြပါ အချက် ၂ ချက်ကို လုပ်ဆောင်ပေမယ့်

က။ ဖော်ပြပါနိုင်ငံက သူ့နိုင်ငံသားတွေကို အကာအကွယ်မပေးဘူးဆိုတဲ့အချက်ရယ်၊

ခ။ အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်တွန်းတာ အရေးယူတာ မရတော့ဘူးအချက်ရယ်

ဒီ၂ ချက်ပြည့်စုံနေပြီဆိုရင် အချိန်မီ၊ ထိရောက်တဲ့ကာကွယ်မှုတွေပေးဖို့ UN Security Council သို့မဟုတ် Human Right Council ကနေ R2P လုပ်ဆောင်ဖို့ခွင့်ပြုလို့ရပါပြီ။

အခု နိုင်ငံတကာက စာတွေထုတ်၊ Sanction တွေနဲ့ ပိတ်နေတာဟာ အပျင်းပြေလုပ်နေတာမဟုတ်ပဲ R2P ရဲ့ Pillar 2 ကို အကောင်အထည်ဖော်နေတာပါ။

UN Human Right Council က ဆုံးဖြတ်ချက်ထွက်ဖို့ အချိန်ပေးထားတဲ့ကာလအတွင်းမှာ လက်ရှိစစ်တပ်က (နိုင်ငံသားတွေကို ဘာသာရေးမှိုင်းတိုက်ပြီး) Genocide ကို ခြေလွန်လက်လွန် ကျူးလွန်ခဲ့သလို၊ အများတားတဲ့ကြားက Crime against humanity ကို ပေါ်တင်ကျူးလွန်နေပြီး နိုင်ငံရဲ့ ရဲတပ်ဖွဲ့နဲ့စစ်တပ်က အကာအကွယ်မပေးခဲ့တဲ့ သက်သေတွေ တောင်ပုံရာပုံမို့လို့ Pillar 3 အဆင့်နဲ့ အရမ်းနီးနေပါပြီ။

ဒါကြောင့် လက်ရှိလုပ်ရမယ့် လမ်းကြောင်းအတိုင်း CDM လုပ်၊ အကြမ်းမဖက်နဲ့ သက်သေတွေစု CRPH လို နိုင်ငံကိုယ်စားပြုအဖွဲ့က ဆက်လက်တရားစွဲဆိုမှုတွေ ပြုလုပ်ပါလိမ့်မယ်။

နိုင်ငံတကာ R2P website မှာလည်း ဆူးလေဆန္ဒပြပွဲပုံတင်ထားသလို၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာ ICC တင်ပြီးတရားစွဲဖို့ကို ထိပ်ဆုံးကရေးထားတာကြောင့် ပွဲတော့လှနေပါပြီ။

Human Right Council က R2P ကို အကြိမ် ၅၀ အထိ ခွင့်ပြုပေးတဲ့ရာဇဝင်ရှိပါတယ်။

UNSC – အကြိမ် ၈၀

General Assembly – ၁၃ ကြိမ်

Human Right Council နဲ့ General Assembly – ဗီတိုမရှိပါ။ တရုတ်၊ ရုရှားကာလို့မရပါ။

c r d