ဆရာတစ်ဦး ပြောပြသော ကြက်သွန်နီကျိန်စာ

ကြက်သွန်နီကျိန်စာ

Onion Curse

မိမိ မနှစ်သက်တဲ့သူ မိမိဆီက အဝေးကို ထွက်သွားဖို့ မိမိကိုစိုးမိုးချယ်လှယ်မှုကနေ လွတ်ကင်းသွားစေဖို့ အဆိုပါသူကို နှင်ထုတ်တဲ့ကျိန်စာပါ။

အိမ်မှာရှိတဲ့အရာတွေနဲ့ပဲ ကျိန်စာကို စနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေက

၁။ ကြက်သွန်နီ တလုံး

၂။ ဆား အနည်းငယ်

၃။ မိမိနှင်ထုတ်ချင်သူ အမည်ပါသော စာရွက် သို့မဟုတ် ဓာတ်ပုံ

၎။ ဓားတလက်

၅။ ပလက်စတစ်အိတ်တခု

၆။ အနံ့ပြင်းတဲ့ မွှန်တဲ့ ငရုတ်သီးမှုန့် သို့မဟုတ် တခုခု

ဦးစွာ မိမိစိတ်ထဲ တခြားဘာမှ မတွေးဘဲနေပါ။

ကြက်သွန်နီကို ပုံပါအတိုင်း ခါးလယ်မှ ပြတ်လုနီးနီး လှီးပါ။ လုံးဝတခြမ်းလုံး မလှီးရပါ။

မိမိနှင်ထုတ်လိုသောသူရဲ့ ဓာတ်ပုံရှိရင် ဓာတ်ပုံသုံးပါ။ မရှိလဲ သူ့နာမယ်အပြည့်အစုံရေးထားသော စာရွက်အပိုင်းအစတခုကိုယူပါ။ ထို့နောက် စာရွက်သို့မဟုတ် ဓာတ်ပုံကို အပြည့်နီးနီးလှီးထားသော ကြက်သွန်နီဥထဲသို့ထည့်ပါ။

စိတ်ထဲမှ ထိုသူအား ကြက်သွန်နီရဲ့ အမွှန်ဓာတ် အခိုးဓာတ် အစွမ်းတွေနဲ့ ဖုံးအုပ်လိုက်ပြီဟု မှတ်ယူပါ။ ထိုကြက်သွန်နီပါးစပ်ပုံစံအဟနေရာမှာ စာရွက် သို့မဟုတ် ဓာတ်ပုံကို ထည့်ပြီးသကာလ ဆားနဲ့ အမွှန်ဓာတ် အခိုးဓာတ် အစပ်ဓာတ် အပူဓာတ်များသော ငရုတ်သီးမှုန့် စတာ တခုခုထည့်ပါ။

စိတ်ထဲမှရော ပါးစပ်မှရော သင်ဟာ ငါတို့တိုင်းပြည်မှ မနေနိုင်တော့အောင် ပူလောင်ပြီး ထူပူနေပြီဖြစ်တယ်။ ငါတို့အား ထပ်မံနှောင့်ယှက်ခြင်း လုံးဝမပြုလုပ်နိုင်တော့ပေ။

သင့်အား ငါတို့အားလုံးရဲ့ စိတ်ရောကိုယ်ပါ စွမ်းအင်အားလုံးဖြင့် နှင်ထုတ်ပြီး ဖြစ်တယ်။ သင်သည် ငါတို့နေထိုင်သော တိုင်းပြည်မှာ ရှင်သန်နေထိုင်ဖို့ လုံးဝ လုံးဝမဖြစ်နိုင်တော့ချေ။

မိမိဥာဏ်စွမ်းရှိသရွေ့ စိတ်စွမ်းအားညွှတ်ပြီး မိမိနှစ်သက်ရာဘာသာစကားဖြင့် ပြောဆိုမန်းမှုတ်ပါ။ ထိုသို့ပြုလုပ်နေစဉ်မှာ ကြက်သွန်ဥကို လက်ဖြင့် ကျပ်ညှပ်နေအောင် ဖိထားပြီး ပြောဆိုရွတ်ဆိုပါ။

မိမိစိတ်ရှိသရွေ့ရွတ်ဆိုပြီးနောက် ကျွတ်ကျွတ်အိတ်ဖြစ်ဖြစ် ပလက်စတစ်အိတ်ဖြစ်ဖြစ် တလုံးထဲ အဆိုပါ ကြက်သွန်နီတခုလုံးကို သေချာထည့်ပြီး လေဟာနယ် မရှိစေရန် ကျွတ်ကျွတ်အိတ်ကို သေချာချည်ထုံးပါ။

၎င်းနောက် သင့်အိမ်မှ ဝေးရာ အမှိုက်ပုံဖြစ်ဖြစ် မြစ်ချောင်းဘေးဖြစ်ဖြစ် လွှတ်ပစ်နိုင်ပါတယ်။ ထိုသို့ လွှတ်ပစ်စဉ် ပါးစပ်မှရော စိတ်မှပါ အဆိုပါသူကို နောက်ဘယ်သောအခါမှ ပြန်မတွေ့စေလိုသော စိတ်ဆန္ဒအဟုန်ဖြင့် မိမိတို့ နေထိုင်ရှင်သန်မှုကို မလွှမ်းမိုး မချယ်လှယ်နိုင်တော့။

ငါတို့အားလုံးလွတ်မြောက်သွားပြီ ငါတို့အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် ဘဝရှင်သန်မှုကိုယ်စီပိုင်ဆိုင် ရရှိပြီဟု အပြီးသတ်မှတ်ယူယုံကြည်ပါ။

သင်တို့ရဲ့ စိတ်စွမ်းအင်ဟာ အင်မတန်မှ တန်ခိုးကြီးလှပါတယ်။ ဒါကို ကောင်းကောင်းအသုံးချကြပါ။ ရေခဲတုံးရေပေါ်မှာပေါ်နေတဲ့အပိုင်းလောက်သာ သင်တို့အသုံးချနေကြတာဖြစ်ပြီး အောက်ကမြှုပ်နေတဲ့ အပိုင်းက သင်တို့ပိုင်ဆိုင်တဲ့ သင်တို့ရဲ့ မသိစိတ်စွမ်းအားတွေပါပဲ။ မသိစိတ်ရဲ့စွမ်းအားကို ကောင်းကောင်းအသုံးချဖို့ အချိန်တန်ပါပြီ။

ကြက်သွန်နီ၊ ဆား၊ ငရုတ်တို့ဟာ မှော်အစွမ်းတွေ ရှိကြပါတယ်။ သရဲတစ္ဆေတွေကို နိုင်တဲ့အစွမ်းရှိကြပါတယ်။ သူတို့ရဲ့ ပင်ကိုယ်ဓာတ်ကိုက အမွှန်ဓာတ် အပူဓာတ် ရှိတာကြောင့် ယုံယုံကြည်ကြည်နဲ့သာ ပြုလုပ်ပါ။

မုချအောင်မြင်ပါလိမ့်မယ်။

လုပ်ရမယ့် အချိန်က ကန့်သတ်ချက်မရှိပါဘူး။ သင်တို့ရဲ့ စိတ်စွမ်းအား အပြင်းဆုံးအချိန်တွေမှာ ပြုလုပ်သင့်ပါတယ်။ နေ့တိုင်းသံပုံးတီးချိန်ပြီးတဲ့အချိန် လုပ်လဲရပါတယ်။

သင့်မှဝေးရာ ထိုသူရဲ့ အာဏာစက်မှ လွတ်ဖို့အတွက်သာ ရည်စူးလုပ်တာပါ။ အကုသိုလ်မဖြစ်ပါ။

မြန်မာတပြည်လုံး စိတ်စွမ်းအားတွေ အပေါင်းနဲ့ မိမိရဲ့ရန်သူကို အမိမြေမှ အပြီးတိုင်ချေမှုန်းနိုင်ကြပါစေ။

c r d ခင်မင်တဲ့ ကိုဝေအောင် / ၁၈ ဖေဖော်ဝါရီ ၂၀၂၁