ကိုဗစ် -19 အရေးပေါ်ကုသဆေး Remdesivir ၏ မူပိုင်ခွင့်ပိုင်သူဟာ ဘယ်သူလဲ သို့မဟုတ် မူပိုင်ခွင့်အရှုပ်တော်ပုံ

ကိုဗစ် -19 အရေးပေါ်ကုသဆေး မူပိုင်ခွင့်ဘယ်သူပိုင်သလဲ

Gilead ရဲ့ Remdesivir ဆေးကို FDA က အရေးပေါ်ကုသဆေး EUA အနေနဲ့ ခွင့်ပြုလိုက်ပြီဆိုတော့ ကျနော်သိမ်းထားတဲ့ သတင်းတစ်ပုဒ်ကို ထုတ်ပြောပါမယ်။ အခု တကမ္ဘာလုံးက ဝိုင်းအာရုံစိုက်နေတဲ့ Wuhan Institute of Virology ကို အားလုံးသိကြမှာပါ။ အဲ့ဒီက ဓာတ်ခွဲခန်းကပဲ ကိုရိုနာဗိုင်းရပ်စ်တကမ္ဘာလုံးကို စပြန့်စေခဲ့သလိုလို

စွပ်စွဲနေကြသူတွေရှိပါတယ်။ ကျနော်ကတော့ သမ္မတ Trump က ဘာသက်သေတွေပြမလဲ စိတ်ဝင်စားစွာ စောင့်ကြည့်နေတာပါ။ လူတွေသိပ်မသိကြတာက အခု Gilead ရဲ့ Remdesivir ဆေးနဲ့ Wuhan Institute of Virology တို့ ဆက်စပ်မှုပါ။ 2020 ခုနှစ် ဇန်နဝါရီလ 21 ရက်နေ့ တရုတ်ပြည် ဝူဟန့်မှာ lockdown မချခင်

3 ရက်အလိုမှာ Wuhan Institute of Virology က စစ်တပ်တက္ကသိုလ်တစ်ခုနဲ့ပေါင်းပြီး Remdesivir ဆေးကို တရုတ်ပြည်မှာ မူပိုင်ခွင့်တင်ခဲ့ပါတယ်။ အဲ့ဒီ သတင်းကို The Straits Times သတင်းစာမှာ ဖတ်မိလို့ ကျနော်သေသေချာချာ သိမ်းထားပါတယ်။ အဲ့ဒီအချိန်မှာ တရုတ်ပြည်မှာ အကြီးအကျယ် စဖြစ်စပြုပြီး

လူအယောက် 500 ပဲသေဆုံးသေးကာ အမေရိကားမှာ လူနာလုံးဝ မတွေ့သေးတာကို သတိပြုပါ။ အဲ့ဒီမှာ ပီကင်းက AllBright Law Offices က Mr Wang Yanyu ကပြောတာက တရုတ်အစိုးရက မူပိုင်ခွင့်မပေးဖို့များတယ်။ နိုင်ငံတကာမူပိုင်ခွင့်ကို လေးစားဖို့နဲ့ ဝေဖန်မှုကို ခံချင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက

မူပိုင်ခွင့် ပေးခဲ့လားမပေးခဲ့လားဆိုတာ အတိအကျ မသိရပါ။ မူပိုင်ခွင့်ကိုဘယ်သူကတင်ထားတာလဲ ဒီဆေးကိုထုတ်လုပ်တဲ့ အမေရိကန် Califonia ရှိ Gilead က 2016 ကတည်းက တကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့် (Global patent) တင်ထားပြီး တရုတ်ပြည်အတွက်ပါပါတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို Gilead က မူပိုင်ခွင့်တင်ရာမှာ Remdesivir ကို

SARS, MERS တို့လို ကိုရိုနာနဲ့ဆင်တူတဲ့ ရောဂါမျိုးအားလုံးအတွက် မူပိုင်ခွင့်တင်ထားခဲ့တာပါတဲ့။ သို့သော် Gilead ကပဲ Dr Merdad Parsey ကတော့ Gilead မှာ လိုင်စင်မကျသေးဘူး ပြောပြန်ပါတယ်။ အကယ်၍ ဘယ်သူမှမူပိုင်ခွင့်မတင်ရသေးရင်ဘာဖြစ်မလဲ တရုတ်အစိုးရကသာ Wuhan Institute of Virology ကိုသာ

မူပိုင်ခွင့်ပေးလိုက်ပြီး Gilead မှာသာ မူပိုင်ခွင့်မရှိသေးရင် အတော်အငြင်းပွားရပါပြီ။ အဲ့သလိုသာဆိုရင် Wuhan Institute of Virology ကို Gilead က တရုတ်မှာပဲ ရောင်းရောင်း၊ ကမ္ဘာအနှံ့မှာပဲရောင်းရောင်း ညှိနှိုင်းမှုတွေ လုပ်ရတော့မှာပါ။ တရုတ်က Gilead ကို ကိုင်စရာဝှက်ဖဲတစ်ချပ်ဖြစ်နေတော့မှာပါ။

အဲ့ဒီတုန်းက Gilead အတွက်အခက်အခဲက သူ့မှာစမ်းသပ်စရာ လူနာမရှိပဲ၊ တရုတ်ပြည်ထဲမှာသာ စမ်းသပ်စရာလူနာရှိနေတာမို့ တရုတ်ဘက်ကအရေးသာနေပါတယ်။ အခုကြတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး တရုတ်မှာ လူနာမရှိပဲ တရုတ်ပြည်ပြင်ပမှာသာ လူနာရှိနေတာမို့ အခြေအနေက Gilead ဘက်ကပါ။

ဒါပေမယ့်အစကတည်းက Gilead က ကမ္ဘာလုံးဆိုင်ရာမူပိုင်ခွင့် (global rights to market) ကို သူကိုင်နိုင်အောင်လုပ်မယ်လို့ဆိုထားပါတယ်။ အဲ့ဒီတုန်းက Wuhan Institute of Virology က အကယ်၍သာ ပြည်ပဆေးကုမ္ပဏီတွေကသာ သူတို့နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ရင် သူတို့က မူပိုင်ခွင့်ကိစ္စဆက်မလုပ်ဘူးလို့ဆိုပါတယ်။

အဲ့ဒီတုန်းက Gilead က လူ 500 စာဆေးကို clinical trail အတွက်စမ်းဖို့ တရုတ်ကိုပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျနော့်အထင်တော့ အခုအချိန်မှာ မူပိုင်ခွင့်ဟာ Gilead ဘက်မှာပဲ ရှိတော့မယ်လို့ထင်ပါတယ်။ တကယ်စလုပ်ခဲ့သူမှာပဲ မူပိုင်ခွင့်ရှိသင့်ပါတယ်။ အခုတော့လည်း တရုတ်က မူပိုင်ခွင့်နဲ့ပတ်သက်လို့

ဘာသံမှထွက်တာမတွေ့တော့ပါ။ အဲ့ဒီကတည်းက တနေ့တော့ ဇာတ်ရှုပ်လာမလားဆိုပြီး ကျနော်ဒီသတင်းကို သိမ်းထားခဲ့တာပါ။ တကယ့်ကို မူယာများတဲ့လောကကြီးပါ။လေးစားစွာဖြင့် Richard Myo Thant အား ခရက်ဒစ်ပေးပါတယ် ခင်ဗျာ