ျမဝတီဘဏ္ျပိဳလဲေတာ့မည္ေလာ…ထုတ္ေငြကိုအကန္႕သတ္ျဖင့္သာထုတ္ေပးေန

ျမဝတီဘဏ္ျပိဳလဲေတာ့မည္ေလာ… ထုတ္ေငြကို ကန္႕သတ္ျဖင့္သာထုတ္ေပးေန

ရန္ကုန္ျမ၀တီဘဏ္႐ုံးခ်႕္တြင္ တစ္ေန႔လၽွင္ လူဦးေရ ၂၀၀ ကို ေငြအကန႔္ အသတ္ျဖင့္သာ ထုတ္ေပး၊ ေငြသားလက္က်န္ေလၽွာ့နည္းေနဟု ဘဏ္ခြဲအခ်င္းခ်င္းေပးပို့ေသာ စာတြင္ ေဖာ္ျပထား

ရန္ကုန္ၿမိဳ့၊ ဝါးတန္းလမ္းရွိ ျမ၀တီဘဏ္႐ုံးခ်ဳပ္တြင္ တစ္ေန႔ လူဦးေရ ၂၀၀ ကို တုံကင္စနစ္ျဖင့္ ေငြအကန႔္အသတ္ျဖင့္သာ ေငြထုတ္ေပးေၾကာင္း ျမ၀တီဘဏ္တြင္ ေငြသြားေရာက္ထုတ္ယူခဲ့ၾကသည့္ ေငြအပ္ႏွံသူမ်ားထံမွ သိရွိရသည္။

“မေန႔ (ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔)က တစ္ဦးကို သိန္း ၅၀ ေပါ့။ ကိုယ္က အပ္ထားတာ ရာေက်ာ္ ရွိပါတယ္။ ေနာက္ေန႔ေတြ ခြဲထုတ္ဖို့ ေမးေတာ့ ဘဏ္ဘက္က ျပန္ေျပာတာက သူတို့မွာရွိတဲ့ ေငြသားလက္က်န္ေပၚမွာမူတည္ၿပီး ေနာက္ေန႔ေတြ ဘယ္ေလာက္ထုတ္ေပးမယ္ဆိုတာ သူတို့ ျပန္ၿပီး အသိေပးမယ္ေပါ့။ မနက္ ၇ နာရီေလာက္ကတည္းက တုံကင္သြားတန္းစီတယ္။ ကိုယ့္ေရွ႕မွာ ေစာေရာက္ေနတဲ့ သူေတြတစ္ပုံႀကီးပဲ” ဟု ျမ၀တီဘဏ္တြင္ ေငြအပ္ႏွံထားသူတစ္ဦးက ဆိုသည္။

ျမ၀တီဘဏ္႐ုံးခ်ဳပ္မွ လုံျခဳံေရးတာဝန္ရွိသူကမူ တုံကင္ေပးရာတြင္ ေငြစုဘဏ္စာအုပ္ျပသနိုင္မွသာလၽွင္ တုံကင္ေပးေၾကာင္း၊ တုံကင္စနစ္ျဖင့္ ေန႔စဥ္ ၂၀၀ သာ ေပးေဝ၍ ခပ္ေစာေစာ လာေရာက္ေစလိုသည္ဟု ေျပာဆိုသည္။

လူမွုကြန္ရက္မ်ားတြင္ ျပန႔္ႏွံ့ေနေသာ ျမ၀တီဘဏ္ခြဲမ်ားအခ်င္းခ်င္း ေပးပို့ အေၾကာင္းၾကားေသာ စာမ်ားတြင္လည္း ေငြလက္က်န္ေလၽွာ့နည္းေန၍ ေငြလႊဲႏွင့္ေငြထုတ္မ်ားကို သတ္မွတ္ပမာဏထက္ ေက်ာ္လြန္ပါက သက္ဆိုင္ရာ ဘဏ္မန္ေနဂ်ာႏွင့္ညႇိႏွိုင္း၍ ေဆာင္ရြက္ပါရန္ အေၾကာင္းၾကားမွုမ်ားကိုလည္း ျမင္ေတြ႕ရသည္။ c r d

uni – မြဝတီဘဏ်ပြိုလဲတော့မည်လော… ထုတ်ငွေကို ကန့်သတ်ဖြင့်သာထုတ်ပေးနေ

ရန်ကုန်မြဝတီဘဏ်ရုံးချ့်တွင် တစ်နေ့လျှင် လူဦးရေ ၂၀၀ ကို ငွေအကန့် အသတ်ဖြင့်သာ ထုတ်ပေး၊ ငွေသားလက်ကျန်လျှော့နည်းနေဟု ဘဏ်ခွဲအချင်းချင်းပေးပို့သော စာတွင် ဖော်ပြထား

ရန်ကုန်မြို့၊ ဝါးတန်းလမ်းရှိ မြဝတီဘဏ်ရုံးချုပ်တွင် တစ်နေ့ လူဦးရေ ၂၀၀ ကို တုံကင်စနစ်ဖြင့် ငွေအကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးကြောင်း မြဝတီဘဏ်တွင် ငွေသွားရောက်ထုတ်ယူခဲ့ကြသည့် ငွေအပ်နှံသူများထံမှ သိရှိရသည်။

“မနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်နေ့)က တစ်ဦးကို သိန်း ၅၀ ပေါ့။ ကိုယ်က အပ်ထားတာ ရာကျော် ရှိပါတယ်။ နောက်နေ့တွေ ခွဲထုတ်ဖို့ မေးတော့ ဘဏ်ဘက်က ပြန်ပြောတာက သူတို့မှာရှိတဲ့ ငွေသားလက်ကျန်ပေါ်မှာမူတည်ပြီး နောက်နေ့တွေ ဘယ်လောက်ထုတ်ပေးမယ်ဆိုတာ သူတို့ ပြန်ပြီး အသိပေးမယ်ပေါ့။ မနက် ၇ နာရီလောက်ကတည်းက တုံကင်သွားတန်းစီတယ်။ ကိုယ့်ရှေ့မှာ စောရောက်နေတဲ့ သူတွေတစ်ပုံကြီးပဲ” ဟု မြဝတီဘဏ်တွင် ငွေအပ်နှံထားသူတစ်ဦးက ဆိုသည်။

မြဝတီဘဏ်ရုံးချုပ်မှ လုံခြုံရေးတာဝန်ရှိသူကမူ တုံကင်ပေးရာတွင် ငွေစုဘဏ်စာအုပ်ပြသနိုင်မှသာလျှင် တုံကင်ပေးကြောင်း၊ တုံကင်စနစ်ဖြင့် နေ့စဉ် ၂၀၀ သာ ပေးဝေ၍ ခပ်စောစော လာရောက်စေလိုသည်ဟု ပြောဆိုသည်။

လူမှုကွန်ရက်များတွင် ပြန့်နှံ့နေသော မြဝတီဘဏ်ခွဲများအချင်းချင်း ပေးပို့ အကြောင်းကြားသော စာများတွင်လည်း ငွေလက်ကျန်လျှော့နည်းနေ၍ ငွေလွှဲနှင့်ငွေထုတ်များကို သတ်မှတ်ပမာဏထက် ကျော်လွန်ပါက သက်ဆိုင်ရာ ဘဏ်မန်နေဂျာနှင့်ညှိနှိုင်း၍ ဆောင်ရွက်ပါရန် အကြောင်းကြားမှုများကိုလည်း မြင်တွေ့ရသည်။

c r d