ချုပ်ရက်ကြာ မြန်မာ ၁၁ဦး လ၀က အချုပ်ကားပေါ်မှ ထွက်ပြေးလွတ်မြောက်

ချုပ်ရက်ကြာ မြန်မာ ၁၁ဦး လ၀က အချုပ်ကားပေါ်မှ ထွက်ပြေးလွတ်မြောက်

MAY 1,2020 မဲဆောက် လ၀က ကထိန်းသိမ်းထားတဲ့  မြန်မာ ၁၁ဦးဟာ မဲဆောက်နယ်စပ်စစ်ဆေရေးဂိတ်အနီး ရပ်ထားသည့် အချုပ်ကားပေါ်ကနေ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ မေလ ၁ ရက်၊ နံနက် ၁၁:၃၀ နာရီမှာ ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေး

တက်ခ်လူဝင်မှုကြီးကြပ်ရေးရုံး၊ မှာ ဖမ်းဆီးထားတဲ့ တရားမ၀င် မြန်မာ နိုင်ငံသားတွေတင်ဆောင် ကား တဲ့ အချုပ်ကားတံခါးကို တွန်းဖွင့်ပြီး ထွက်ပြေးသွားခဲ့ကြတာလို့ သိရပါတယ်။ လမ်းမကြီးတလျှောက် ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသားတွေကို အမှတ်(၄) နယ်ခြားစောင့် တပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာမှာ

နှစ်သီးဖမ်းမိခဲ့ပြီး (၉) ဦးမှာလွတ်မြောက်နေဆဲလို့ သိရပါတယ်။ အဆိုပါ ထွက်ပြေးလွတ်မြောက်သွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမ၀င်ခိုးဝင်လာမှုနဲ့ ဖမ်းဆီးခံထားရပြီး မြန်မာဘက်ကို လွဲပြောင်းပေးဘို့ ရှိပေမယ့် ကိုဗစ်-၁၉ ကာလ ဖြစ်နေလို့ မြန်မာနိုင်ငံဘက်က လက်မခံတာကြောင်း ချုပ်ရက်ကြာနေသူတွေဖြစ်ကြောင်း သိရပါတယ်။ SAW Photo credit 77