နာမည်ကြီးနေတဲ့ရွှေရင်အေးသည်တစ်ယောက် … နာမည်ကြီးမယ်ဆိုလဲကြီးလောက်ပါတယ် စိတ်ဓါတ်က လေးစားဖွယ်







uni- ဘုရားကြီးဘက်မှာ နာမည်ကြီးနေတဲ့ ရွှေရင်အေးသည်

ဘုရားကြီး ဘက်မှာ ရွှေရင်အေး ရောင်းတဲ့ အကိုကြီးတစ်ယောက် အရမ်းကို နာမည် ကြီးနေပါတယ် … အေးလေ … နာမည် ကြီးမယ်ဆိုလဲ ကြီးလောက်ပါပေတယ်… သူ နာမည်ကြီးဖို့ အကြောင်းဖန်လာတာက ဒီလိုဗျ

စစ်သားတယောက်က ရွှေရင်အေးလာဝယ်တာ အဲ့တာကို သူက မရောင်းဘူးပြောလိုက်တာ … အပြောခံရတဲ့ စစ်သားက သူ့အထက် အရာရှိကိုပြောပြတယ် ထင်ပါတယ် … ခဏနေတော့ သူ့ အထက်အရာရှိ တယောက်က ရောက်ချလာပီး

မင်းဘာလို့ မရောင်းတာလဲ လာမေးတော့ ရွှေရင်အေးသည် အကိုကြီးက အရာရှိမျက်နှာ စေ့စေ့ကြည့်ပြီး ” ငါလဲ ပြည်သူထဲက ပြည်သူပဲ ပြည်သူတွေ မကြိုက်တာကို မဆင်းပဲ ပေကပ်နေပီး… မင်တို့က ပြည်သူ အသက် အိုးအိမ် စည်းစိမ် ကာကွယ်ရမယ့်အစား မင်းတို့က အနိုင်ကျင့်နေလို့ မင်းတို့ကို မကြိုက်လို့ မရောင်းတာ ” လို့ ပြောလိုက်တော့ အရာရှိက မင်းဟာ ဘလောက်တန်လို့လဲတဲ့

အာ့မှာ ရွှေရင်အေးသည် အကိုကြီးက ထပ်ပြီး ” မင်းတို့လဲ ပိုက်ဆံနဲ့ ဝယ်စားသလို ငါလဲ ငါ့ပစ္စည်းငါ ရောင်းချင်မှ ရောင်းမှာ မရောင်းချင် မရောင်းဘူး ပြည်သူတွေကို ကာကွယ်တယ်ဆိုရင်တော့ မင်းတို့အားလုံးကို အလကားတောင် တိုက်ဦးမှာ ” လို့ ပြောလိုက်တာတဲ့

အရမ်းကို လေးစားစရာကောင်းတဲ့ ရွှေရင်အေးသည် ph နံပါတ်ပါပါတယ် တွေ့ရင် အားပေးလိုက်ကြပါ ကိုယ်တွေကတော့ သူ့စိတ်ဓာတ် လေးစားလို့ နေ့တိုင်း တနေ့ တခွက်ယူတယ် ….