ပြည်သူကို ချစ်သော ဝန်ထမ်းတွေကို ပြည်သူကပြန်ချစ်တယ်ဆိုတာ လက်တွေ့ပြလိုက်

လေးစားအပ်ပါသော စာဖတ်သူ အပေါင်းတို့ ခင်ဗျာ

အခု ကျွန်တော် ပြောပြ ချင်တဲ့ အကြောင်း ကတော့ ပြည်သူကို ချစ်တဲ့သူတွေကို ပြည်သူက ပြန်ချစ်တဲ့ သာဓက လေး ဖြစ်ပါတယ်

ရန်ကုန် မလွှကုန်း ရထား ဝန်ထမ်းတွေဟာ ပြည်သူအကျိုးအတွက်

CDM မှာ ပူပေါင်း ပါဝင်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်

ဒီလို CDM မှာ ပါဝင်ခဲ့တဲ့ ရထား ဝန်ထမ်းတွေကို ယနေ့ နေ့လည်မှာ

အင်းအား အလုံးအရင်းနဲ့ လာရောက်ပြီး ရုံးပြန်တက်ဖို့ ဖိအားပေးတာကို

ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းကာကွယ်ခဲ့ရတာ အားလုံး ကြားပြီးလောက်ပါပြီ

ဒီလို ပြည်သူကို ချစ်တဲ့သူတွေကို ပြည်သူတွေက ပြန်လည် ကာကွယ် စောင့်ရှောက်ခဲ့တဲ့ မြင်ကွင်းလေးဟာ အရမ်းကို ကျေနပ်အားရဖွယ် ကောင်းလှပါတယ်

အခုလဲ ပြည်သူတွေအတွက် CDM မှာ ပါဝင်ပေးခဲ့တဲ့ မလွှကုန်း ဝန်ထမ်းတွေကို ပြည်သူက ဆန်အိပ်လှုဒန်းခဲ့တာကို မြန်မာနောင်း သတင်းဌာနက

” CDM ပြုလုပ်နေတဲ့ ရန်ကုန်၊ မလွှကုန်းမီးရထားဝင်းထဲမှ ဝန်ထမ်းများအတွက်

ပြည်သူများက ဆန်အိတ် ၂၅ အိတ် လာရောက်လှုဒါန်းကြသည်။

ရထားဝန်ထမ်းများ CDM တွင် ပူးပေါင်းပါဝင်နေမှုကို အုပ်ချုပ်ရေးပိုင်းက

ယနေ့မနက်တွင် လာရောက်ဖိအားပေးခဲ့သော်လည်း ဝန်ထမ်းများက အလုပ်ဆင်းရန် ငြင်းဆန်လိုက်သည်။ ”

ဆိုပြီး ဖော်ပြထားပါတယ်… ဒီအဖြစ်ပျက်ကို ကြည့်ခြင်းအားဖြင့် ပြည်သူကို ချစ်တဲ့သူကို ပြည်သူက ပြန်ချစ်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ခင်ဗျာ

စာဖတ်သူအပေါင်း ဘေးဘယာဝေးကွာပြီး လိုချင်သော ပန်းတိုင်းကို အရောက်လှမ်းနိုင်ကြပါစေ

source – Myanmar Now