C R D
UNI – အစိုးရပိုင် သတင်း App က စာမျက်နှာ(၂)ခု Hack ခံရပြီး စစ်အစိုးရအလိုမရှိလို့ရေးသားထား
အစိုးရပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Digital News ရဲ့
ဖုန်း App က Live ဆိုတဲ့ စာမျက်နှာနဲ့
သတင်းစာဆိုတဲ့ စာမျက်နှာတွေကို
Brotherhood Of Myanmar Hackers အဖွဲ့က Hack ထားတယ်လို့ ဖော်ပြထားပါတယ်။
ဘယ်အချိန်က စ Hack လိုက်လဲဆိုတာကိုတော့ မသိရပေမဲ့
ဒီနေ့ဖေဖော်ဝါရီ(၁၄)ရက်နေ့ နေ့ခင်းပိုင်းဝင်ကြည့်တဲ့အချိန် Hack ခံထားရတာကို တွေ့ရပါတယ်။
အဲဒီစာမျက်နှာတွေမှာတော့ လက်သုံးချောင်သင်္ကေတပုံကို ဖော်ပြထားပြီး We Want Democracy , Reject Military Coup ဆိုပြီး ရေးသားထားပါတယ်။
C R D