ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ အမြင်မတော်လုပ်ခဲ့သူကို ဒဲ့ဖြဲလိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းဟာ ပြည်သူနဲ့ တသားထဲရှိပြီး ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်ပွဲတွေမှာလဲ အားတက်သရော ပါဝင် ဆင်နွဲနေသူ တစ်ယောက် ဖြစ်ပါတယ်

မင်းမော်ကွန်းဟာ ဒီလို အားတက်သရော ပြည်သူနဲ့အတူ ပူးပေါင်း လုပ်ဆောင်နေရင်း မနေ့က ဗိုလ်ချုပ်မွေးနေမှာ အမြင်မတော် ပြုလုပ်ခဲ့သူတစ်ဦးကို

“အပျော်လုပ်နေကြတာ မဟုတ်ဘူးနော်

ဘဝနဲ့ရင်း အသက်နဲ့ရင်း

မိသားစုပါရင်းပြီး

မတရားမှုတွေကိုတိုက်နေကြတာပါ

ဆယ်မိနစ်လောက်လာထိုင်

ဓါတ်ပုံရိုက်ပြီး ပြန်တာလောက်ထိလည်း

အပြစ်မပြောသေးပါဘူး

ဘယ့်နဲ့ဗျာ ဗိုလ်ချုပ်မွေးနေ့

ဗိုလ်ချုပ် ကြေးရုပ်အောက်မှာ

ငြိမ်းငြိမ်းချမ်းချမ်း

စည်းကမ်းရှိရှိ

ဆန္ဒဖေါ်ထုတ်နေပါတယ်ဆိုမှ

သူ့လည်းဘယ်သူမှမခေါ်

ယောက်ကျားမဟုတ် မိန်းမမဟုတ်

ဝတ်တော့လည်းစကပ်အတိုနဲ့

အောက်စကလွတ်

အပေါ်ကလည်း မှန်ဇာလို အကုန်ဖေါ်ပြီး

မျက်နှာပြောင် လာတိုက်နေတာမျိုးကတော့

တော်တော်တရားလွန်တယ်

တိုင်းပြည်အတွက် အရေးကြီးနေတဲ့

အချိန်မို့ မင်းကိုစကားနဲ့ပဲ ပြောလိုက်တာနော်

ပြီးခဲ့တဲ့ အကယ်ဒမီတုန်းကလည်း မင်းကြောင့်

ဂရက်တွေထပြီးပြီ

နောက်နေ့ ထပ်တွေ့ရင်တော့ အဆိုးမဆိုနဲ့

ထပ်ပြောမယ် အပျော်အပျက် လုပ်နေတာမဟုတ်ဘူး

သင်္ကြန်မဟုတ်ဘူး

နကိုထဲကမှအပြစ်ပြောဖို့

အကွက်ချောင်းနေတဲ့သူတွေ တပြုံကြီး

စည်းကမ်းရှိပါ

စည်းကမ်းရှိပါ

စည်းကမ်းရှိကြပါ

တိုင်းပြည်ချစ်လို့မဟုတ်ရင်

လာကိုမလာပါနဲ့

အားနေလို့ ပျော်နေလို့ လုပ်နေကြတာမဟုတ်ဘူး ” ဆိုပြီး ပြောဆိုခဲ့ပါတယ်

မင်းမော်ကွန်းဟာ အမြင်မတော်သူကို နာမည် တပ်ပြီး မပြောခဲ့သော်လဲ

ကွန့်မန့်တွေမှာတော့ မင်းမော်ကွန်းပြောတာ ကျော်ကျော်နန္ဒဆိုပြီး ပြောဆိုနေကြပြီး

ကျော်ကျော်နန္ဒကို ဝေဖန်မှု့တွေလဲ တွေ့ရပါတယ် ခင်ဗျာ

စာဖတ်သူတို့ရော မင်းမော်ကွန်းရဲ့ ပြောဆို ဝေဖန်ထောက်ပြမှု့အပေါ်

ဘယ်လို သဘောထား ရှိလဲဆိုတာ ကွန့်မန့်မှာ ပြောခဲ့ကြပါအုံးနော်