ယခုအချိန်တွင် ရပ်ကွက်တိုင်း လမ်းတိုင်း လုပ်သင့်သော အလုပ်

ယခုအချိန်တွင် ရပ်ကွက်တိုင်း လမ်းတိုင်း လုပ်သင့်သော အလုပ်

လမ်းအလိုက် လူခွဲပြီး လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ် အလှည့်ကျကင်းစောင့်သင့်ပြီ။ မနေ့ညကလည်း ရပ်ကွက်တွေ လူညီလို့၊ မညီရင် အကုန်ပြာကျနေလောက်ပြီ။ သာကေတ အနော်မာတော့ အငိုက်မိသွားတယ်။

ထောင်သားတွေ မနက်ပိုင်းလွှတ်တယ်။ ညပိုင်းမှာ ရပ်ကွက်တွေထဲ မျက်နှာဖုံး၊ ဓါတ်ဆီပုလင်း၊ ဓါးလက်နက်အစုံနဲ့ ရောက်လာတယ်။ ဘယ်ထောင်သားမှ မနက်လွတ် ညနေဝင်မခိုးဘူး။ အဲ့လောက်အရေးကြီးနေစရာမှ မရှိတာ။

ထောင်သားတွေ ရပ်ကွက်ထဲ လာချပေးတဲ့ ကားတွေက လူနာတင်ကားအတု မဟုတ်ဘူး။ အစစ်။ ရှင်သန်ရေးလူမှုကူညီအသင်းက ကားတွေ။ အဲ့အသင်းက အရင်ကတည်းက ကြိုးကြိုးစားစားလုပ်တဲ့အသင်း။ များမကြာသေးမီက ဒေါ်သက်သက်ခံရဲ့ လူကယ်ပြန်က လက်ဝါးကြီးအုပ်သွားတာ။

လူကယ်ပြန်ဆိုတဲ့ဟာတွေက လူမကယ်ဘဲ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်စီးဖို့လုပ်နေတာ။ စစ်အာဏာရှင်အုပ်ချုပ်တဲ့ ၁၃ရက်မှာ ဘယ်ပြည်သူမှ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ။

ရပ်ကွက်ထဲ လူဝင်ဖမ်းရင် သံပုံးတီးပြီး လူအုပ်လိုက်လာဝိုင်း၊ ပြန်ထုတ်တာကို အတော်တင်းနေကြပုံရတယ်။ လူထုကို ဝေဝါးအောင်၊ သံသယများအောင် လုပ်နေပြီ။ စစ်ကား ရဲကားက အယောင်ပြလာမယ်၊ လူတွေသံပုံးတီးပြီး ဘယ်လိုက်ရမှန်းမသိခင် လစ်သွားကြတယ်။ တစ်ကြိမ်ကနှစ်ကြိမ်ဆိုရင် တကယ်ဖမ်းတဲ့ သံပုံးသံအစစ်ကြားရင်တောင် လူတွေက မယုံတော့ဘဲ မထွက်နိုင်ဘဲ ဖြစ်မယ်။ အဲ့အချိန်မှာ တကယ်ဖမ်းမယ်။

ထောင်သားတွေကို အဖျက်အမှောက်လုပ်ခိုင်းမယ်။ စိတ်မထိန်းနိုင်တဲ့ လူတွေက ဝိုင်းသတ်မိရင် ၈၈တုန်းကလို ပြည်သူတွေရမ်းကားနေတယ်၊ သတ်ဖြတ်နေတယ် ချဲ့ကားပြလိမ့်မယ်။

လမ်းအလိုက် ကင်းစောင့်ကြပါ။ ကင်းစောင့်မယ့်သူတွေမှာ ဟန်းစပီကာ(သို့မဟုတ်) မိုက်နဲ့တွဲထားတဲ့ ဘလူးတုစပီကာဆောင်ထားပါ။ အဆွဲခံရတဲ့လူ သံပုံးတီးရင် ဘယ်နေရာဆိုတာ မိုက်နဲ့အော်ပါ။ လမ်းတစ်ဖက်တစ်ချက်ပိတ်ပြီး နာရီဝက်ခြား ကင်းလှည့်ကြပါ။

လာဆွဲခံရသူရှိရင် လူအင်အားတစ်ဝက်နဲ့ လိုက်ဝိုင်းပါ။ လုံးဝအပါမခံပါနဲ့။ CDM က အရမ်းထိနေပြီဆိုတော့ ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ပါလိမ့်မယ်။ အဖျက်သမားမိရင် ရဲလက်မအပ်ဘဲ ရပ်ကွက်ရုံးမှာ ချုပ်ထားပါ။ မရိုက်မနှက်ဘဲ ထမင်းဝအောင်ကျွေးပြီး English လို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကမ္ဘာကို ချပြကြမယ်။

ပြီးရင် ခေါင်းတုံးတုံး၊ မျက်ခုံးမွှေးရိပ်၊ နဖူးမှာ အဖျက်သမားဆိုရင် တက်တူးထိုးပြီး ပြန်လွှတ်လိုက်ရအောင်။

ပင်စင်မယူရဲတာက လွဲရင် မလုပ်ရဲတာ ဘာမှမရှိတဲ့ ငလမသား မအလကို အတည်ငြိမ်ဆုံး ရင်ဆိုင်ဖြုတ်ချရအောင်….

အားမလျှော့လိုက်ကြနဲ့။