ဘေးကျပ် နံကျပ် အခြေနေတွေ စစ်တပ်အတွက်ဖြစ်လာတော့မည့် အရိပ်ယောင်

စာဖတ်သူအပေါင်းတို့ခင်ဗျာ … မြွေပူရာ ကင်းမှောက်ဆိုသလို ဘေးကျပ် နံကျပ် အခြေနေတွေ စစ်တပ်အတွက် တွေ့ရတော့မှာလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါပြီ

အာဏာသိမ်းမှု့အပြီးမှာ တပ်မတော်အတွက် တတိယမြောက် တိုက်ပွဲလို့လဲ ဆိုနိုင်တဲ့ မူဆယ်မှာ KIA တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တာပါ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) တပ်ဖွဲ့နဲ့ တပ်မတော်တို့အကြား ဒီနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဒေသဟာ KIA တပ်ဖွဲ့ရဲ့ တပ်မဟာ ၆ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မူဆယ်မြို့နယ် တီးမရွာအနီးမှာ ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပစ်ခတ်သံတွေ တီးမရွာဘက် ကြားရတယ်။ ဖြစ်တာကတော့ ခဏပါပဲ။ အဲဘက်က KIA တပ်စခန်း ရှိတာလေ

KIA တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA)လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁ဝ ရက်နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်ခါးကျေးရွာအတွင်းမှာလည်း တပ်မတော်နဲ့ ရှမ်းတပ်မတော်(RCSS/SSA) တပ်ဖွဲ့တွေအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်လာတာဟာ တပ်မတော်အတွက် ဆန္ဒပြသူတွေက တစ်ဖက် နိုင်ငံတကာ ဖိအားတွေကတဖက် ပြည်တွင်း လက်နတ်ကိုင်တွေက တဖက်နဲ့ ဘေးကျပ် နံကျပ် အနေထား တခုဖြစ်လာနေပြီလို့ ယူဆရမှာ

စစ်တပ်ရဲ့အခက်ဟာ ဆန္ဒပြ ပြည်သူတွေအတွက် အချက် ဖြစ်စေနိုင်မလားဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ

source ရွှေဖီမြေ