ပဲခူတွင် ပြည်သူနှင့်ပူးပေါင်းသော ရဲတပ်သား ၃ ဦးအား အသည်းသန် လိုက်လုံဖမ်းဆီးနေ

ပဲခူးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၃ ဦး ဆန္ဒဖော်ထုတ်သူများနှင့် လာရောက်ပူးပေါင်း ၎င်းတို့အား လိုက်လံ ဖမ်းဆီးနေ

စာဖတ်သူအပေါင်းတို့ ခင်ဗျာ … ယနေ့ ဖေဖော်ဝါရီ ၁၁ နေ့မှာ ဆန္ဒပြ ပြည်သူများနှင့်အတူ လုံခြုံရေး တာဝန်ကျနေသော ရဲတပ်သား ၃ ဦးက လာရောက် ပူးပေါင်းခဲ့ပါတယ်

ဒီဖြစ်ရပ်ဟာ ပဲခူးမြို့ ဘုရားလမ်း သီရိစတိုးရှေ့တွင် ဖြစ်ပျက်ခဲ့တာပါ… လုံခြုံ‌‌ ရေးဆောင်ရွက်နေသည့် ရဲတပ်သား ၃ ဦး ယနေ့နေ့လည် ၂ နာရီခန့်က ဆန္ဒပြ ပြည်သူများနှင့်လာရောက်ပူးပေါင်းခဲ့တာပါ

ဒီလို ပူပေါင်းလိုက်တဲ့ ရဲတပ်သား ၃ ဦးကို ကျန် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ဖမ်းဆီးနေနေပါတယ်… နောက်ဆုံး သတင်းအရကတော့

ရဲတပ်သား ၂ ဦးက ပြန်အဖမ်းခံလိုက်ရပြီး နောက် ၁ ဦးကတော့လွှတ်သွားပါတယ်… လွတ်သွားတဲ့ ရဲတပ်သားတစ်ဦးကို ဆိုရှယ်လစ်ထဲမှာ ရဲနှင့် စစ်သားတွေ လိုက်ရှာနေတယ် ဟု Bagoweekly သတင်းအရင်းမြစ်က ဆိုသည်။

ယခုအခါ ဆိုရှယ်လစ် ၉ လမ်းရှိနေအိပ်တစ်ခုကို ရဲတပ်ဖွဲ့ဝင်များကဝင်ရောက် ရှာဖွေလျှက်ရှိသည်ဟု ဒေသခံများက ပြောကြားပါတယ်…

ရဲတပ်သား လာရောက်ပူးပေါင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်မှလိုက်လံဖမ်းဆီးနေသည့် သတင်းဓါတ်ပုံများ Mizzmia သတင်းဌာနတွင်လဲ ဖော်ပြထားပါသည်။

ပြည်သူ့ဘက်ပါလာသော ရဲတပ်သားအား ပြည်သူက ပြန်လည် ကာကွယ်နိုင်မယ်လို့ မျော်လင့်မိပါသည်… ဝန်းရံပေးကြပါ ပဲခူးမှ အမျိုးတို့ရေ