စိတ်ထားမွန်မြတ်လှသော ဘွဲ့ရ အသုပ်သည်လေးရဲ့ ပြည်သူချစ်စိတ်

စိတ်ထားမွန်မြတ်လှသော ဘွဲ့ရ အသုပ်သည်လေးရဲ့ ပြည်သူချစ်စိတ်

ကျွန်တော်တို့ဟာ မတရား အာဏာရယူနေသူတွေကို နည်းမျိုးစုံနဲ့ တော်လှန်နေတာ ဖြစ်ပါတယ်

ဒီလိုတော်လှန်နေတဲ့ ကာလမှာ ဘယ်လိုနေရာကနေပဲ ပါဝင် ပါဝင် ကျွန်တော်တို့ ဝမ်းသာရမှာပါ

ကျွန်တော်တို့ အဓိက လိုအပ်နေတာကတော့ CMD ပါ

အခုဆို အစိုးရ ဝန်ထမ်းတွေရဲ့ CMD ကြောင့် မတော်မရားသူတွေ ဖင်တကြွကြွဖြစ်နေကြပါပြီ

ပြည်သူတွေဘက်ကလဲ CMD သမားတွေအတွက် လိုအပ်တာတွေ တက်စွမ်းတဲ့ဘက်က ကူညီနေတဲ့ အဖြစ်ပျက်လေး တစ်ခုပြော ပြချင်ပါတယ်

ဒါကတော့…

အိမ်ရှေ့မှာ အသုတ်လာရောင်းလို့ ဝယ်စားတော့ သူကမေးတယ်
အကိုက ဝန်ထမ်းလားတဲ့

မဟုတ်ဘူး ဘာလို့လဲမေးတော့

ဝန်ထမ်းဆို CDM ထဲပါလားတဲ့

ပါတဲ့လူတိုင်းကိုသူက အလကားကျွေးနေတာပါတဲ့

သူ့အကြောင်းတွေပြောပြသေးတယ်

သူက ဘွဲ့ရပီးသား ဖြစ်နေပေမဲ့ ဒီလို ဈေးရောင်းနေရတဲ့ အကြောင်းလေးတွေ ပြောပြသေးတယ်

စိတ်ထားလေးမွန်မြတ်ပါတယ်

ဒီလိုလူမျိုးတွေ မြန်မာနိုင်ငံမှာ အများကြီးရှိတာတွေ့တော့ ကိုယ့်လူမျိုးတွေအတွက်ဂုဏ်ယူမိတယ်

CDM ကိုအားလုံးပူးပေါင်းကြပါနော်…

ပြည်သူတွေရဲ့ ရှေ့ရေးအတွက် ပြည်သူတွေရဲ့ အင်အားလိုအပ်ပါတယ်