သေဆုံးပြီဆိုသော ကောလာဟလများပြန့်နှံ့ပြီးနောက် ကင်ဂျုံအန်၏ ဓာတ်ပုံများ ပထမဆုံး ထုတ်ပြန်

ကဲ … KIM is Back ငါမသေဘူးပေါ့နော် (ဘယ်လိုထင်တုန်း) သေဆုံးပြီဆိုသော ကောလာဟလများပြန့်နှံ့ပြီးနောက် ကင်ဂျုံအန်၏ ဓာတ်ပုံများ ပထမဆုံး ထုတ်ပြန်

ပြုံယမ်း၊ မေ ၂ ကင်ဂျုံအန် သေဆုံးပြီဟူသည့် ကောလာလဟများ ပြီးခဲ့သည့် ရက်ပေါင်း ၂၀ ခန့်အတွင်းက ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ ဆွန်ချွန်းပြည်နယ်ရှိ ဓာတ်မြေသြဇာစက်ရုံတစ်ရုံကို ကင်ဂျုံအန်ကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသော ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရက တရားဝင်ထုတ်ပြန်လိုက်သည်။

အဆိုပါ ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများတွင် ယနေ့ထုတ်ပြန်ဖော်ပြခြင်း ဖြစ်သည်။ ကင်ဂျုံအန်ကိုမြင်ကြသည်နှင့် ဖွင့်ပွဲသို့တက်ရောက်လာကြသော ပရိသတ်အပေါင်းက အော်ဟစ်၍ ကြိုဆိုအားပေးကြကြောင်း ယင်း မီဒီယာများတွင် ရေးသားထားကြသည်။

သူသည် ဧပြီ ၁၁ ရက်နေ့က ကျင်းပခဲ့သော အလုပ်သမားပါတီ ပေါလစ်ဗျူရို အစည်းအဝေးပြီးသည့်နောက်ဝယ် လူထုကြားသို့ မရောက်ရှိခဲ့ရာမှ ယခုအခါ ပထမဆုံးအဖြစ် လူထုကြားသို့ ရောက်ရှိ လာခြင်းဖြစ်သည်။ Source: Daily Mail

Add a Comment

Your email address will not be published. Required fields are marked *