လွိုင်ကော်တွင် ရဲတပ်ဖွဲ့ ၄၀ ခန့် ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်
|လွိုင်ကော်တွင် ရဲတပ်ဖွဲ့ ၄၀ ခန့် ဆန္ဒပြ
ကယားပြည်နယ် မြို့တော် လွိုင်ကော်တွင်
ယနေ့ (ဖေဖော်ဝါရီ ၁၀) ဆန္ဒပြပွဲ၌ ပြည်သူလူထုနှင့်
ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး
လက်ရှီအချိန်တွင် အဆိုပါ ဆန္ဒပြရဲတပ်ဖွဲ့ဝင် များကို
အခြားရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
နောက်ထပ် သတင်း တပုဒ်ကတော့
ယနေ့မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ
တပ်မတော်ထောက်ခံသူလို့ ဆိုသူတွေအပြည့်ပါတဲ့ Light Truck ကား ၁၀ စီးလောက်ဟာ
ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ကနေ ပန်းဆိုးတန်းလမ်းမကြီးအတိုင်း
စစ်ချီတေးတွေ ဖွင့်ပြီး တက်လာကြပါတယ်။
လမ်းဘေးဝဲယာက ပြည်သူတွေကတော့ ၎င်းတို့အပေါ် မနှစ်မျို့တဲ့ အကြည့်တွေနဲ့ ကြည့်ရှုကြ၊
၎င်းတို့အား ရှုတ်ချတဲ့ လက်သင်္ကေတများပြသခဲ့ကြပါတယ်။
ရန်ကုန်မြို့အနှံ့က သတင်းရင်းမြစ်များအရတော့ သူတို့ဟာ သုဝဏ္ဏမြို့နယ်ဘက်က စထွက်လာတာဖြစ်တယ်လို့ သိရပြီး
မနက် ၇ နာရီကျော်လောက်ကတည်းက သီချင်းများဖွင့်ကာ မြို့အနှံ့ပတ်နေခဲ့ခြင်းဖြစ်ကာ ယခုမှ မြို့လယ်သို့ ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။
နောက်ထပ် သတင်းတပုဒ်ကတော့
ပဲခူး ဖေဖော်ဝါရီ ၁၀ နံနက် ၈ နာရီ ၄၀ ။
ယနေ့ပဲခူးမြို့တွင် အာဏာသိမ်းအစိုးရ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင်
မြန်မာစီးပွားရေးဘဏ်ဝန်ထမ်းများ ပါဝင်မည် လို့ သိရပါတယ်