မြန်မာ့လေကြောင်းထိန်းသိမ်းရေးကြောင့် ကမ္ဘာ့လေကြောင်းလိုင်းတွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်ပြီ

မင်္ဂလာရှိသော နံနက်ခင်းလေး ဖြစ်ကြပါစေ… စာဖတ်သူတို့အတွက် ဒီမနက်မှာ မင်္ဂရှိတဲ့ သတင်း တပုဒ်နဲ့ မိတ်ဆက် ပေးချင်တာကတော့

လေကြောင်းထိန်းသိမ်းရေး CDM ဝင်ကြပြီပဲ ဖြစ်ပါတယ်… ဒီလို မြန့်မာ့လေကြောင်းထိန်းသိမ်းရေးက CDM ဝင်လိုက်တာကြောင့်

နိုင်ငံတကာ လေယာဉ်များဟာ မြန်မာလေပိုင်နက်ပေါ်က အန္တရာယ်ကင်းစွာ ပျံသန်းဖြတ်ကျော်သွားလို မရတော့ပါဘူး…

အမြင့်ပေ ၂၉၀၀၀ ကျော်ရင် နိုင်ငံတကာ လေပိုင်နက်လို့ သတ်မှတ်ပါတယ်။ အဲတော့- အခုလိုအချိန်မှာ

မြန်မာနိုင်ငံလေပိုင်နက်ပေါ်က ဖြတ်ပျံတဲ့ လေယာဉ်ဟာ ကပ္ပတိန်ရဲ့ စွန့်စားမှုနဲ့ပဲ သွားရတော့မှာ ဖြစ်ပါတယ်… ဒီလေယာဉ်တွေဟာ မြေပြင်ရဲ့ ထိန်းသိမ်းလမ်းညွှန်မှု လုံးဝမပါပဲ သွားကြရမည့်သဘောပါ။

ကမ္ဘာ့လေ​ကြောင်းသမိုင်းမှာ နိုင်ငံရေးအကြောင်းပြုပြီး ဝန်ထမ်းတွေ ဆန္ဒပြလို့ နိုင်ငံဖြတ်ကျော် ပျံသန်းခွင့်မရလို့ နိုင်ငံတကာလေယာဉ်များ ပြန်လှည့်ရတယ်ဆိုတာ မရှိခဲ့ပါဘူး။

လစာတိုးတောင်းချင်လို့ ဆန္ဒပြတာမျိုးတော့ ရှိခဲ့ဖူးမှာပါ။

ဒါပေမယ့် အခု မြန်မာ့ လေကြောင်းထိန်းသိမ်းရေး ဝန်ထမ်းများက မိမိကိုယ်ကျိုးစွန့်ပြီး နိုင်ငံအတွက် CDM ကို ပြည်သူများနဲ့အတူ ပါဝင်ဆင်နွဲကြတာပါ။

ကမ္ဘာက ပိုမို သတိထားမိသွား ကြပါပြီ။

ဒီအဖြစ်ဟာ ကမ္ဘာ့လေကြောင်းလောကမှာ အုတ်အော်သောင်းနင်းဖြစ်သွားပါပြီ။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး လိုရာပန်းတိုင်ကို ခလုတ်မထိ ဆူးမငြိပဲ အေးချမ်းသာယာစွာ လျောက်လှမ်း နိုက်ကြပါစေ