အသက် 107နှစ်အရွယ် မိခင်ထံမှ ချိုချဉ်ရလိုက်လို့အတော်လေးပျော် သွားခဲ့တဲ့ အသက် 84နှစ်အရွယ်သမီး

အသက် 107နှစ်အရွယ် မိခင်ထံမှ ချိုချဉ်ရလိုက်လို့အတော်လေးပျော် သွားခဲ့တဲ့ အသက် 84နှစ်အရွယ်သမီး

ပရိသတ်ကြီးကိုအခုပြောပြပေးမှာကတော့အသက်107နှစ်အရွယ်မိခင်ထံမှ ချိုချဉ် ရလိုက်လို့ အတော်လေး ပျော်သွားခဲ့တဲ့ အသက် 84နှစ် အရွယ်သမီး အကြောင်းလေးပဲ ဖြစ်ပါတယ်။

မိခင်ရဲ့ချစ်မေတ္တာကတကယ့်ကို အနှိုင်းမဲ့ပါပဲလေ။ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသားတစ်ဦးကသူရဲ့အသက် 107နှစ်အရွယ် အဘွားဖြစ်သူကို မိတ်ဆွေရဲ့သမီးဖြစ်သူ၏ မင်္ဂလာဆောင်သို့ ခေါ်ဆောင် သွားခဲ့ ပါတယ်။

ထို့အပြင် မင်္ဂလာပွဲတက်ရောက်လာကြတဲ့ သူများကို လက်ဆောင်အနေနဲ့ ချိုချဉ်ဝေပေး ခဲ့ကြပါတယ်။အဘွားဖြစ်သူကမင်္ဂလာညစာစားပွဲပြီးနောက် ချိုချဉ်ကို စားမည့်အစား အိတ်ကပ်ထဲသို့ ထည့်ပြီး အိမ်သို့ ပြန်လာ ခဲ့ပါတယ်။

အိမ်ပြန်ရောက်ပြီးနောက်အဘွားဖြစ်သူကသူယူလာခဲ့သော ချိုချဉ်တစ်လုံးကို သူ၏ အိမ်မှာရှိတဲ့ သမီးကြီးကိုပြန်ပေးခဲ့ပါတယ်။သမီးကြီးဖြစ်သူ၏ အသက်မှာလည်း အသက်84နှစ် အရွယ် ရှိနေခဲ့ပြီးပါပြီ။

သမီး ဖြစ်သူက အသက် 84 နှစ် အရွယ် ဆိုပေမဲ့လည်း မိခင်ထံမှချိုချဉ်လေးရတော့ မျက်နှာလေးက အတော်လေးကိုပြုံးပျော်သွားခဲ့တာကို အထင်းသားကြီး မြင်တွေ့ ရမှာပါ။

မြေး ဖြစ်သူရဲ့ ပြောပြ ချက်အရ”အဘွားက ကျွန်တော့်ရဲ့အဒေါ်ကိုချိုချဉ် ပေးလိုက်တော့ အဒေါ်က အတော်လေး ပြုံး သွားတယ်၊က လေးတွေ ချိုချဉ် တောင်းလို့ ရလိုက် သလို ပါပဲ၊အဒေါ်ကအသက် 84နှစ်ဆိုပေမဲ့ မျက်လုံးထဲမှာတော့ အမေ့ရဲ့ သမီးငယ်လေးလိုပါပဲ ” ဆိုပြီး ပြောပြ ခဲ့ပါတယ်။

အဆိုပါ video ကို social media ပေါ်  ဝေမျှ ခဲ့ အချိန်မှာတော့ လူအတော်အများက ကြိုက်နှစ်သက်ကြပြီး အသက် 84နှစ်အရွယ် အဘွား ဆိုပေမဲ့လည်း ယခု အချိန်အထိ သူ့ဘေးမှာ သူ့ရဲ့မိခင်ရှိနေသေးတဲ့အတွက် အတော်လေး ကံကောင်းကြောင်း လူအများ မှတ်ချက်ရေးသား ခဲ့ကြပါတယ်ဆိုတဲ့အကြောင်းကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Dailyci News

Tags: