ဆိုင်ကယ် ဝယ်နိုင်ဖို့ မိဘ အုတ်ဂူမှ အရိုးတွေကို ပြန်လည်တူးဖော်ပြီး ရောင်းချ ခဲ့တဲ့ အမျိုးသား

ဆိုင်ကယ် ဝယ်နိုင်ဖို့ မိဘ အုတ်ဂူမှ အရိုးတွေကို ပြန်လည်တူးဖော်ပြီး ရောင်းချ ခဲ့တဲ့ အမျိုးသား

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာ ကတော့ ဆိုင်ကယ် ဝယ် နိုင်ဖို့ မိဘ အုတ်ဂူမှ အရိုး တွေ ကို ပြန်လည် တူးဖော် ပြီး ရောင်းချ ခဲ့ တဲ့ အမျိုးသား အကြောင်းလေးပဲ ဖြစ်ပါတယ်။

လူတွေက ငွေသာရမယ်ဆိုရင် ဘယ်လိုအလုပ်မျိုးကိုပဲဖြစ်ဖြစ်လုပ်ကြမှာပါ။တစ်ချို့ တွေက သမာရိုး ကျတဲ့ နည်း တွေနဲ့ ပိုက်ဆံတွေကို ရှာပေ မဲ့လည်း ဒီတစ်ခေါက် ဖော်ပြမယ့် အမျိုးသား က တော့ ငွေရဖို့ ဘယ်သူမှ မတွေး ထင်မိတဲ့ အလုပ်မျိုး လုပ်ခဲ့ ပါတယ်။

ဒီတစ်ခေါက် မှာလည်း အာဖရိကအရှေ့ဖက် Mozambique နိုင်ငံမှာ ရှိတဲ့ အမျိုးသား တစ်ယောက်က ဆိုင်ကယ် ဝယ်ယူ နိုင် ဖို့ သူ၏အဖေ ၊အမေ ၊နှင့် ဦးလေး တို့ရဲ့ ရုပ်အလောင်းကို အုတ်ဂူကနေ ပြန်လည် တူးဖော် ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ ရပါတယ်။

သတင်းအရင်းအမြစ်အရ အဆိုပါအမျိုးသားကိုစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုင်ကယ် တစ်စီး နှင့် ငွေသား $300 ပေးမည် ဟုပြောဆိုခဲ့ပြီး နောက်တစ်ညမှာတော့ အရိုးတွေသွားရောက်တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကြီးမှာသတ္တုတူးဖော်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ကြောင်း သိရှိရပါတယ်။အဆိုပါအမျိုးသား၏ ပြောဆိုချက်အရ” သူဋ္ဌေးက ကျွန်တော့်ကို မဖျားမနာပဲသေသွားတဲ့သူတွေရဲ့ အရိုးတွေကို လိုချင်တယ် ဆိုပြီး ပြောခဲ့ပြီး အလဲ အလှယ်အနေနဲ့ ကျွန်တော်ကို ဆိုင်ကယ် ပေးမယ်လို့ ပြောခဲ့ပါတယ်

အဲ့ကြောင့် မိသားစု သင်္ချိုင်းကိုသွားပြီး ကျွန်တော့် အဖေ ၊အမေ နဲ့ ဦးလေးတို့ရဲ့ အုတ်ဂူ ကနေ အရိုး ခေါင်းတွေကို ထုတ်ယူခဲ့ပါတယ် ”ဆိုပြီး ပြောဆို ခဲ့ပါတယ်။ထို့နောက် အဆိုပါ လုပ်ငန်းရှင်ကို တွေ့ဖို့သွားခဲ့ ပေမဲ့ လုပ်ငန်းရှင်က ရောက် မလာခဲ့ ကြောင်း ပြောဆို ခဲ့ပါတယ်။

ရဲအရာရှိ တစ်ဦးရဲ့ ပြောကြား ချက်အရ ယခုလုပ်ရပ်မျိုးဖြစ်ပျက်နေတာ 5ကြိမ်ခန့်ရှိနေပြီ ဖြစ်ပြီး၊အောက်လမ်းပညာများဖြင့် ဆက် စပ် နေလျက် ရှိကြောင်း ယုံကြည် နေကြလျက် ရှိပါတယ်ဆိုတဲ့ အ ကြောင်းလေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

Source : Dailyci News

Tags: