ရန်သေအောင် ရေသံ ဆောင်တက်သူများ သတိထားနိုင်ဖို့ ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်

အန္တရာယ်ရှိသော တချို့ရေသံပုတီးများ

မတွေ့တာကြာပြီဖြစ်တဲ့ ကျွန်တော့မိတ်ဆွေတစ်ယောက် မထင်မှတ်ပဲလမ်းမှာတွေ့မိပါတယ် ။ သူ့ကိုကြည့်ရတာ အရင်လို ရွှင်ရွှင်ပြပြမရှိတာတော့ချက်ချင်းသတိထားမိလိုက်တယ် ။ အာ့လာဘ သာ့လာဘ ဟိုပြောဒီပြောပြီး ဒါနဲ့ဘယ်လိုဖြစ်တာလဲ ခင်များကြည့်ရတာ လန်းလန်းဆန်းဆန်းမရှိသလိုပဲ ၊ ကျန်းမာရေး သိပ်မကောင်းဘူးလားဆိုတော့ –

ဟုတ်တယ် ခုတလော နေထိုင်၍ မကောင်းကြောင်း ခေါင်းမူး၍ ခေါင်းကအမြဲလို ကိုက်နေတတ်ကြောင်း ညဆိုနစ်ချိုက်စွာအိပ်မပျော်ဘူး ဖြစ်နေတယ်လိုပြန်ပြောတယ် ။ ဆေးခန်းမပြဘူးလားဆိုတော့ ခုပဲဆေးခန်းကပြန်လာလို့ ဆေးတွေအများကြီးပဲ ဝယ်ခဲ့ရသေတယ် ။ ဘာဆေးတွေလဲနားလည်လားကြည့်ပေးဦးဆိုပြီး သူ့အိပ်ထဲက ဆေးတွေထုတ်ပြတဲ့ အချိန်

ရေသံ နဲ့လုပ်ထားတဲ့ လက်ကောက်ပုတီးကုန်းလေးပါထွက်လာတယ် ။ ဒါနဲ့ဆေးတွေကတော့သိပ်နားမလည်လို့ ဟိုကြည့်ဒီကြည့် လုပ်ပြီး ရေသံ ပုတီးလေးအကြောင်းမေးလိုက်တယ် ။ အဲတော့မိတ်ဆွေက ပြန်ပြောပါတယ် တစ်လောက ဗေဒင်သွားမေးတော့- မကောင်းမြင်ရန်လိုတဲ့လူရှိလို့ ဗေဒင်ဆရာက ရန်သေအောင်သွားလေရာ ရေသံ ဆောင်ခိုင်းတာနဲ့

မိုးကုတ်က မိတ်ဆွေတစ်ယောက် ဆီက ရေသံပုတီး တစ်ကုန်မှာပြီးဆောင်ခဲ့ကြောင်းရှင်းပြတော့ ကျွန်တော် ဒီရေသံပုတီကို သံတယ ရှိမိတယ် ။ကျွန်တော်လဲသူ့ကိုရှင်းပြတယ် – ဒီလိုရေသံ ပုတီးတွေက အရမ်းဝယ်ဝတ်လို့မသင့်တော်ဘူး တချို့ဟာတွေက ရေသံ နှင့်အရမ်းတူပြီးလူကို ဥပါတ်ပေးတဲ့ ရေဒီယို အက်တစ်ဖြစ်တဲ့ကျောက်တွေဖြစ်တတ်တယ် ။

သူကိုကျွန်တော့်ရုံးကိုခေါ်ပြီး တစ်ခါတည်း ရေဒီယို အက်တစ် စစ်ဆေးတဲ့ စက်နဲ့စမ်းလိုက်တော့ စက်ကချက်ချင်းပဲအသံတွေထွက်ပြီး သူ့ရေသံပုတီးမှာ ရေဒီယို အက်တစ် ဖြစ်နေတဲ့ တွင်းထွက်ပါနေတယ် ။ အဲ့တော့မှ သူလဲ ပြန်စဉ်းသားပြီး ဟုတ်လိမ့်မယ် ဒီရေသံ ပုတီး ဆောင်ပြီး ရက်ပိုင်းအကြာပဲ ခုလိုတွေ ဖြစ်နေတာလို့ပြောရှာတယ် ။

တစ်ချို့သော ရေဒီယို အက်တစ် တွင်းထွက်တွေက လူနဲ့နီးကပ်စွာထားရင် လူကိုရောင်ခြည်သင့်ပြီး ကျန်းမာရေးကိုထိခိုက်ပြီး အသက်ဆုံးတဲ့ထိဖြစ်သွားနိင်ပါတယ် ။ ကျွန်တော်တို့စီက ရေသံဆိုပြီး သွေးနေကြတဲ ကျောက်တွေထဲမှာ ” zirconolite ” နှင့် “thorite ” ဆိုတဲ့ ရေဒီယို သတ္တိကြွတဲ့တွင်းထွက်တွေဖြစ်နေတတ်ပါတယ် ။

သာမန်အားဖြင့်တော့ကြည့်ရင်တော့ ရေသံနဲ့တူနေတတ်ပါတယ် ။ အဲလို ရေဒီယိုသတိကြွတွင်းထွက်တွေက လူနှင့်နီးကပ်စွာ အစင်မြဲရှိနေရင် လူ့ခန္တာကိုယ်ကဆဲလ်တွေကို ခုက္ခပေးပြီး ကင်စာကို ဖြစ်ပွါးစေနိင်ပါတယ် ။ ဒီလိုမသိပဲ ရေသံလို့ခေါ်ပြီး ဝတ်ဆင်ရင်း ဒုက္ခရောက်သွားတဲ့လူတွေလဲရှိနိင်ပါလားလို့တွေးမိရင်း မိတ်ဆွေအပေါင်းကို အသိ/သတိ ပေးလိုက်ပါတယ် ။ လေးစားစွာဖြင့် မူရင်းရေးသူအား ခရက်ဒစ်ပေးပါတယ်ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *