ရွှေပေါ်ကျွန်း ဆရာတော်ကြီးချီးမြှင့်ခဲ့သော အိမ်ထောင်ရေး စီးပွား ရေး၊ လူမှုရေး အတိုက် အခိုက် ကင်း လို လျှင် အစွမ်းထက် သော ကျောက်ခဲ ကျင့်စဉ်

ရွှေပေါ်ကျွန်း ဆရာတော်ကြီးချီးမြှင့်ခဲ့သော အိမ်ထောင်ရေး စီးပွား ရေး၊ လူမှုရေး အတိုက် အခိုက် ကင်း လို လျှင် အစွမ်းထက် သော ကျောက်ခဲ ကျင့်စဉ်

ပရိသတ်ကြီးကိုအခုပြောပြပေးမှာကတော့ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့် ခဲ့သော အိမ်ထောင်ရေး စီးပွားရေး ၊ လူမှုရေးအတိုက် အခိုက် ကင်း လို လျှင် အစွမ်း ထက်သော ကျောက်ခဲ ကျင့်စဉ် အ ကြောင်းလေးပဲ ဖြစ်ပါတယ်။

ဤ အစွမ်း ထက်သော ကျောက်ခဲ ကျင့်စဉ်သည် သီးသန့် ချီးမြှင့်ခဲ့သော ကျင့်စဉ်ထူး ဖြစ်သည်။လူသိနည်း၍ ရှားပါးသော ကျင့်စဉ် ဖြစ်သည်။အထူးသဖြင့် ဤကျင့်စဉ်မှာ လွယ်ကူပြီး ထိရောက်မှု ရှိသည်။

ထူးခြားပြီး လွယ်ကူသည့် ကျင့်စဉ် ဖြစ်သဖြင့် အခြားအခြားသော ကျင့်စဉ်များကဲ့သို့ ဂါထာမန္တန်များ ရွတ်ဖတ်ရခြင်း ပုတီးစိပ်ရခြင်း မွေးနံ အညွန့်အခက် အရွက်ပန်းများ ဘုရားအား ဆက်ကပ်လှုဒါန်းရခြင်း အုန်းငှက်ပျော လက်ဖတ် ကွမ်းယာ အလင်းတိုင်အချိူရည် ပန်း စသည်တို့ ဆက်ကပ် ရခြင်းတို့ မပါရှိပါ။

ရိုးရိုး ရှင်းရှင်း ဖြစ်ပြီး လွယ်ကူသည့် အကျိူးပေး မြန်ဆန်သော စ ရဏ ကျင့်စဉ် ဖြစ်သည်။ဤ အစွမ်းထက်သောကျောက်ခဲကျင့်စဉ်ကို ကျင့်မည့် (၈)ရက် သားသမီးများ သည် ရေ တသွင်သွင် စီးနေသည့် မြစ်ချောင်းအနီးရှိ ကျောက်ခဲကို ကောက်ယူရန်ဖြစ်ပါသည်။

ထိုကျောက်ခဲများကောက်ယူသည့်အခါ မိမိ မွေးနံအရ ကောက်ယူရပါမည်။ရေ တသွင်သွင်စီးနေသည့် မြစ်ချောင်းများမှ ကျောက်ခဲကို မိမိတို့၏ မွေးနံအရ ကောက်ယူပြီး ပါက ကြေးဖလားတွင် ဖြစ်စေ ငွေဖလားတွင် ဖြစ်စေ မတ်ခွက်တွင် ဖြစ်စေ ရေသန့်သန့် ထည့် ၍ အဆိုပါ ကျောက်ခဲကို ထည့်ထား ရပါမည်။

ရေနှင့် ကျောက်ခဲ ထည့်ထားသည့် ဖလားကို မိမိမွေးနေ့နံနက် (၉) နာရီမှ (၁၀:၃၀) အတွင်း တိတိ ကျကျ ကိုယ်တိုင် ဆောင်ရွက် ပြီး အောက်ပါ အတိုင်း ရွတ်ဆို ဆုတောင်း ရပါမည်။အချိန် တိကျ စွာဆောင်ရွက် ရပါမည်။

ဘုရား တပည့်တော် သည် ဘုရား တရား သံဃာ ဆရာ မိဘဟုဆိုအပ်သောအနန္တော အနန္တ ၅ ပါး တို့၏ ဂုဏ်ကျေးဇူးတော်များကို အာရုံ ပြု ပြီး ကျေးဇူး တော်ရှင် ရွှေပေါ်ကျွန်း ဆရာ တော်ကြီး ၏ ကျောက်ခဲ ကျင့်စဉ် ကို ယနေ့ အချိန် မှ စ ၍ ကျင့်ဆောင် ပါ မည်
အရှင်ဘုရား

“ဤ ကျောက်ခဲ ကျင့်စဉ် ကျင့်ဆောင်သည့် နေ့မှ စ၍ မိမိတို့ တွင် တွေ့ကြုံခံစားနေရသော ရန်ဓာတ် မာန်ဓာတ် အတိုက်အခိုက်ဓာတ် ဟူ၍ အမြန်ဆုံး ချူပ်ငြိမ်း ပပျောက်ပါ စေသတည်း”ဟု စိတ်ဆန္ဒ ထက်သန် စွာ ဖြင့် ဆုတောင်း ရွတ် ဆို ပြီး ထို ရေ ကို မကြာ ခဏ သောက်ရန် ဖြစ်ပါသည်။

ဤ ကျောက်ခဲ ကျင့်စဉ်ကို ကျင့်ဆောင် နေ သည့် ပုဂ္ဂိုလ်သည် အ လုပ်အတွက် ဖြစ်စေ စီးပွားရေး အတွက်ဖြစ်စေ စကားပြောဆိုရန် အကြောင်း ကိစ္စ များ အတွက် ဖြစ်စေ အနှောက် အယှက်အတိုက် အခိုက်များ အတွက်ဖြစ်စေ မည်သည့် အကြောင်းကိစ္စအတွက်ဖြစ်စေ ပြုလုပ် ဆောင်ရွက်မည် ဆိုပါက ဖော်ပြပါခွက်ထဲမှ ထည့်ထားသော ”ရေ” ကို သောက်သွားရန် ဖြစ်သည်။

ထို့နောက် ရေကို အသစ်ထည့် ၍ အမြဲ ဖြည့်ထားရန်ဖြစ်ပြီးဖြစ်နိုင်ပါက မိမိ သောက်နေသည့်ရေအစား အဆိုပါရေကို အမြဲ မကြာခန သောက်ရန်ဖြစ်သည်။ရရှိစေနိုင်သော အကျိူးတရားမှာ မိမိအပေါ် တစ်ဘက်ရန်သူက စီးပွားရေး အရဖြစ်စေ အိမ်ထောင်ရေးအရဖြစ်စေ လုပ်ငန်းကိစ္စအရဖြစ်စေလူမှုရေးအရဖြစ်စေအခြားအကြောင်းများကြောင့်ဖြစ်စေ တိုက်ခိုက်လာပါက တိုက်ခိုက်၍ မရရှိကြောင်း ထူးခြားစွာ သိရှိရသည်။

ဥုံ သြောင်း (ဝေ ဒါ သာ ကု) အစရှိသောဒဏ်ပြန်ဂါထာတော်များ ရွတ်ဆိုစရာ မလိုသည့် အစွမ်းထက် ကျင့်စဉ် ဖြစ်ပါသည်။ထူးခြားအစွမ်း ထက်သည့် ကျောက်ခဲ ကျင့်စဉ်အား ဆရာတော်ကြီး ကိုယ် တိုင် ကျင့်ကြံ အားထုပ်ပြီး သိရှိလာသော ကိုယ်တွေ့ကျင့်စဉ် တစ်ခုလည်းဖြစ်ပါသည်။တနင်္ဂနွေကျောက်ခဲ (၁)လုံး၊တနင်္လာ (၂)လုံး၊ အင်္ဂါ (၃) လုံး ၊ ဗုဒ္ဓဟူး (၄)လုံး၊ကြာသပတေး (၅)လုံး၊ သောကြာ (၆)လုံး၊ စနေ (၇)လုံး၊ ရာဟု( ၄ )လုံး။မိမိ မွေးနံအတိုင်း ကောက် ယူရမည် ဖြစ်သည်။

ရွှေပေါ်ကျွန်း ဆရာတော်ကြီး ချီးမြှင့်ခဲ့သော အိမ်ထောင်ရေးစီးပွား ရေး၊ လူမှုရေး အတိုက် အခိုက် ကင်း လိုလျှင် အစွမ်း ထက် သော ကျောက်ခဲ ကျင့်စဉ် အကြောင်းကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေးလိုက် ပါတယ်။Credit