ရောဂါဝေဒနာကြောင့် ဘွဲ့လာမယူနိုင်တဲ့ ကျောင်းသူလေးကိုဆေးရုံထိ သွားပြီး ဘွဲ့ပေးခဲ့တဲ့ ပါမောက္ခ

ရောဂါဝေဒနာကြောင့် ဘွဲ့လာမယူနိုင်တဲ့ ကျောင်းသူလေးကိုဆေးရုံထိ သွားပြီး ဘွဲ့ပေးခဲ့တဲ့ ပါမောက္ခ

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ရောဂါဝေဒနာကြောင့် ဘွဲ့လာမယူနိုင်တဲ့ ကျောင်းသူလေး ကိုဆေးရုံထိ သွားပြီး ဘွဲ့ပေးခဲ့တဲ့ ပါမောက္ခ အကြောင်းလေးပဲ ဖြစ်ပါတယ်။

Asama ဆိုသော အသက် ၂၄နှစ် အရွယ်ရှိတဲ့ ထိုင်းကျောင်းသူ တယောက်က ခြူလာလောင်ကွမ်း တက္ကသိုလ်မှာတက္ကသိုလ် တက်ရောက် အောင်မြင် ခဲ့တာပါ။

သိုပမယ့် ဘွဲ့ပေးတဲ့အခါမှာ တက်ရောက် ယူနိုင်ခြင်း မရှိပါဘူးတဲ့။ခြူလာလောင်ကွမ်း တက္ကသိုလ်မှာ ဘွဲ့ပေးပွဲ အခမ်းအနား ကိုတော့ ထိုင်း ဘုရင့် သမီး တော် တော် ဝင် မင်းသမီး သီရိဒုံ Princess Maha Chakri Sirindhorn ကိုယ်တိုင် ကြီးမှူး ကျင်းပခဲ့တာပါ။Asama က ဒီပွဲကို တက်ရောက် နိုင်ခဲ့ခြင်း မရှိတာ က တော့ သူမက ကျောက်ကပ် ကင်ဆာကိုခံစားနေရပြီးတော့ နောက် ဆုံး အချိန် ရောက်ရှိ နေပြီ ဖြစ်ကာ ဆေးရုံ တက် နေရတာပါ။

အခမ်း အနားနဲ့ လွဲချော် ခဲ့တာ ကြောင့်ဘဲ သူမအနေနဲ့ ဘွဲ့ကို ဘယ် တော့မှ မယူနိုင်တော့ဘူးလို့ ထင်မှတ်ကာ ရောဂါ ဝေဒနာခံစားရင်း တဖက်က ဝမ်းနည်း နေခဲ့ရတာပါ။သမီးဖြစ်သူကို မကြည့်ရက် တဲ့ မိဘတွေက တက္ကသိုလ် ကို စာတစောင် ရေးပို့ခဲ့ပါတယ်နော်။စာထဲမှာတော့ သမီးဖြစ်သူက အလွန် နာမကျန်း ဖြစ်နေခဲ့တာကြောင့်ဘဲ ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ လွဲချော်ခဲ့ရကြောင်းနဲ့ သူမ အနေနဲ့ ဒီဘွဲ့ကို အလွန် လိုချင်ခဲ့ကြောင်းတခုခုစဉ်းစားပေးဖို့ပါရှိပါတယ်တဲ့။

မိဘတွေအနေနဲ့လည်း သမီးဖြစ်သူကြောင့်သာစာရေးပို့ခဲ့ရပေမယ့်လည်း သမီးတယောက်တည်းအတွက်ဘွဲ့အခမ်းအနားကျင်းပ ပေးဖို့နဲ့ကိုဗစ်ကာလအတွင်းဖြစ်နေတာကြောင့်ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ထင်မှတ် ခဲ့ကြပါတယ်နော်။ဒီစာက တက္ကသိုလ်ကနေ တဆင့် မင်းသမီး သီရိဒုံ ထံ ရောက်ရှိ သွားခဲ့ ပါတယ်တဲ့။

သဘောထားကြီးတဲ့ မင်းသမီးကတက္ကသိုလ်ကျောင်းအုပ်ကြီး Bu ndhit Eua-arporn နဲ့ ညှိနှိုင်းကာ Asamaကိုဘွဲ့ပေးနိုင်ဖို့စီစဉ်ခဲ့ပါတယ်။ပြင်ဆင်ခြင်းအခမ်းအနားကိုMuang ရပ်ကွက်က သူမ အိမ်တော်မှာပဲ ကျင်းပ စီစဉ်စေခဲ့ပါတယ်နော်။ အစီအစဉ် အဆင်သင့် ဖြစ်တဲ့အခါ သူမကိုယ်စား ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ကို ဆေးရုံကို စေလွှတ် ခဲ့ပါတယ်တဲ့။

ကျောင်းအုပ်ကြီးနဲ့အဖွဲ့ကပြီးခဲ့တဲ့စနေနေ့မှာAbhaibhubejh r ဆေးရုံ ကို ရောက်ရှိ ခဲ့ပြီး ဘွဲ့အခမ်းအနားကို စတင် ခဲ့ပါတယ်။Asama ရဲ့အခန်းထဲကို ဝင်လာခဲ့ချိန်မှာတော့ မိဘတွေ သာမက ဝေဒနာရှင် ကျောင်းသူ ကိုယ်တိုင် အလွန်အံ့သြဝမ်းသာခဲ့ပါတယ်။သူမတို့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အရာက တကယ် ဖြစ်လာခဲ့လို့ပါ။

ကျောင်းသူက ဝမ်းသာ ရှော့ခ် ရပြီး သတိ လွတ်သွား ကာ နှလုံးပါ ရပ်သွားခဲ့တာကြောင့်ဘဲCPR နဲ့ အရေးပေါ် ပြုစုခဲ့ရပါသေးတယ်တဲ့။အဲဒီနောက်တော့ တက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့အဖွဲ့၊ ဆရာဝန်များ၊သူနာပြု များကကျောင်းသူ Asama အားဘွဲ့ပေးခြင်း အစီ အစဉ်ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။Asamaကတော့အိပ်ယာထက်မှာ လဲနေရင်းနဲ့ပဲသူမရဲ့ဘွဲ့ ကို ခက်ခက်ခဲခဲ လက်ခံခဲ့ရတာပါ။

ဝေဒနာ ခံစားနေရပေမယ့် သူမအတွက် အလွန်ကြည်နူး ဝမ်းသာဖို့ ကောင်းတဲ့ အခိုက် အတန့် ဖြစ်ပါတယ်တဲ့။ဒီနေ့မှာ ကျွန်တော်တို့ရဲ့သမီးအတွက် သီးသန့် ဘွဲ့ လာပေးခဲ့တယ်ဆိုတာကို အခုထိတောင် မယုံကြည်နိုင်သေးပါဘူး လို့ မိဘတွေက ဆိုပါတယ်နော်။မိဘတွေကသမီးဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်နိုင်တဲ့အတွက် အလွန် ဝမ်းသာနေပြီး ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ကို အလွန် ကျေးဇူးတင်နေကြပါတယ်။

ရောဂါဝေဒနာကြောင့် ဘွဲ့လာမယူနိုင်တဲ့ ကျောင်းသူလေးကိုဆေးရုံထိသွားပြီးဘွဲ့ပေးခဲ့တဲ့ပါမောက္ခရဲ့အတုယူစရာလေးစရာစိတ်ဓာတ်လေးအကြောင်းကိုပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : Dailyci News

Tags: