မိန်းမနဲ့ နေရတာထက် ထောင်ထဲ နေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြ တိုက်တဲ့ အဖိုးအို

မိန်းမနဲ့ နေရတာထက် ထောင်ထဲ နေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြ တိုက်တဲ့ အဖိုးအို

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ မိန်းမနဲ့နေရတာထက် ထောင်ထဲနေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြတိုက်တဲ့ အဖိုးအိုအကြောင်းလေးပဲ ဖြစ်ပါတယ်။

ဒီအဖြစ် အပျက် ကတော့ ကြံကြံ ဖန်ဖန်ပါဘဲ။ပူညံပူညံအိညက်အိညက် လုပ်လွန်းတဲ့ မိန်းမကို စိတ်ကုန် လွန်းလို့ သူနဲ့ အတူတူ နေရတာထက် စာရင်၊ ထောင်ထဲ နေရ တာကမှ နားအေးပါးအေး ရှိဦးမယ်လို့ အသက် 70 ကျော် အဖိုးအို Lawrence Ripple က တွေးဆ ခဲ့ပါတယ်။

ဒါကြောင့် သူ အနီးစပ်ဆုံးဘဏ်ကို သွားပြီး သေနက် ပြကာ ဓားပြတိုက် ခဲ့ပြီး ပေါင် 2300 အထိ ရရှိ ခဲ့ ပါတယ်။အဲဒီနောက် လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေကို ရဲကို ခေါ်စေပြီး ပိုက်ဆံ၊အသုံးပြုခဲ့တဲ့ လက် နက်နဲ့အတူ စိတ်ရှည် လက်ရှည် ထိုင်စောင့်ပြီး အဖမ်း ခံခဲ့ပါတယ်။ ဒီပြစ်မှုအတွက် Rippleက ထောင်ဒဏ်အနှစ် 20 အထိကျမယ့်အရေးနဲ့ ရင်ဆိုင် နေရ ပါတယ်။

ဒီထောင်ဒဏ် ပမာဏက များပြားလွန်းပြီး သူ့တကယ် မျှော်လင့်ခဲ့တဲ့ အတိုင်း အတာကော ဟုတ်ရဲ့ လားဆိုတာ မသိ ရပါဘူး။ FBI က စုံစမ်း ထောက်လှမ်းမှု မှာတော့ ဒီပြစ်မှု ကျူးလွန်ခြင်းမတိုင် မီမှာ Ripple ကဇနီး ဖြစ်သူနဲ့ အကြီး အကျယ် စကားများခဲ့တယ်လို့ သိရပါတယ်။Ripple ရဲ့ဇနီးဖြစ်သူ Endayonလည်း တ ရားရုံး ကြားနာမှုတွေကို တက်ရောက်ခဲ့ပြီး ဘာမှတ်ချက်မှ မပြုလိုကြောင်း ပြောခဲ့ပါတယ်။

Ripple က Kansas City မြို့ရှိ အမှတ် 756 Minnes ota Ave လမ်းမှာ တည် ရှိတဲ့ Bank of Labor ဘဏ်မှာ အနု ကြမ်းဝင်စီးခဲ့ပြီး၊ရဲကို ခေါ်စေကာ အေးအေးဆေးဆေးအဖမ်းခံခဲ့ပါတယ်။ဒီအဖြစ်အပျက်က2016ခုနှစ်စက်တင်ဘာလ 2ရက်နေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ လက်ရှိအချိန်ထိတော့ အမှုကို မစီရင်သေးပါဘူးဆိုတဲ့အကြောင်းကိုပရိသတ်ကြီးအတွက်ပြန်လည်မျှဝေ ပေးလိုက် ပါတယ်။

Source : Dailyci News

Tags: