ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ရော​က် ပို့ပေး နိုင်သောအလှူ (၇)မျိုး

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင်ပို့ပေးနိုင်သောအလှူ (၇)မျိုး

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ငွေတစ်ပြားမှမကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေး နိုင်သော အလှူ (၇)မျိုး အကြောင်းပဲဖြစ်ပါတယ်။

ငွေကြေး မရှိသော်လည်း နေ့စဉ်လှူဒါန်း နိုင်သောအလှူဒါန (၇)မျိုးအခါတပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာ ဘုရားထံသို့ ချဉ်း ကပ်၍ အကျွန်ုပ်သည် မည်သည့် အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်။

အဘယ်ကြောင့် မအောင် မမြင် ဖြစ်နေပါ သနည်းဟုမေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားကအသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်ဟု ဖြေကြား တော်မူသည်။

ငွေကြေးတစ်ပြား တစ်ချပ်မျှ မရှိသောဆင်းရဲသား ကျွန်ုပ်အဖို့မည်ကဲ့သို့ အလှူဒါန ပြုနိုင် ပါမည်နည်းဟု လူငယ်ကပြန်လည်လျှောက်တင် သောအခါ အသင် ဤသို့ မဟုတ်သည်ကို မှတ်သားလော့။

တစ်ဦးတစ်ယောက်သော သူသည် ငွေကြေးမရှိသော်လည်းသူတစ် ပါးကို ပေးကမ်း နိုင်သော အလှူဒါန ၇ မျိူးရှိသည်။ထို(၇)မျိုးမှာ

(၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်းအပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း

(၂)နှုတ်ဖြင့် အလှူဒါန ပြုခြင်း အားပေး စကား၊နှစ်သိမ့်စကား၊ ချီး ကျူးစကား၊ ညှာတာစကား၊နွေးထွေးသောစကားများပြောဆိုခြင်း

(၃)စိတ်ဖြင့် အလှူဒါန ပြုခြင်းစိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကိုပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း

(၄)အမြင်ဖြင့် အလှူဒါန ပြုခြင်း ကောင်းသော စေတနာအမြင်ဖြင့်သူတစ်ပါးကို ကြည့်မြင် တတ်ခြင်း

(၅)ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်းမိမိနိုင်နင်းသေလုပ်ဆောင်မှုဖြင့် သူတစ်ပါးကို ကူညီခြင်း

(၆)နေရာ ထိုင်ခင်း အလှူဒါန ပြုခြင်းလှေစီးသည့် အခါ မိမိ ထိုင်ခုံနေရာကို အိုမင်း မစွမ်း သူကိုယ်ဝန်ရှိသူ နှင့် ကလေးငယ် တို့အားမိ မိ၏ ထိုင်ခုံ နေရာကို ထိုင်စေခြင်း

(၇)နေအိမ်အလှူဒါနပြုခြင်းမိမိ၏အိမ်နေရာကိုသူတစ်ပါးတို့ အနား ယူရန် ပေးကမ်းခြင်း

မည်သူမဆို ဤအလှူဒါန (၇) မျိုးသော ကောင်းမှုကုသိုလ်ကို ပေး ကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည် ထပ်ချပ် မကွာ လိုက်ပါ လာမည် ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပရိသတ်ကြီးအတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Credit