သွေးတိုး ကျစေ နိုင်တဲ့ လက်တွေ့ အစွမ်းထက် မြန်မာ တိုင်းရင်း ဆေးမြီး တိုများ

သွေးတိုး ကျစေ နိုင်သော လက်တွေ့ အစွမ်းထက် မြန်မာတိုင်းရင်းဆေးမြီး တိုများ

ပရိသတ်ကြီးကိုအခုပြောပြပေးမှာကတော့သွေးတိုးကျစေနိုင်သော လက်တွေ့အစွမ်းထက်မြန်မာတိုင်းရင်းဆေးမြီးတိုများအကြောင်းပဲဖြစ်ပါတယ်။

သွေးတိုး ကျစေနိုင်သော ဆေးမြီး တိုများ သွေးတိုးရောဂါအတွက် မြန်မာ ဆေးမြီးတို (ဆေးနည်းတို) များစွာ ရှိသည်။လူ တစ်ဦး နှင့်တစ်ဦး ပျောက်ကင်းစေနိုင်သောနည်းလမ်းများမတူညီသော်လည်း

တိုက်ဆိုင်၍ ပျောက်ကင်း သွား လျှင် ငွေကုန် ကြေးကျ မများ ဘဲ အလွယ် တကူ မိမိ ပတ်ဝန်းကျင်တွင် ရရှိ နိုင်သော အပင်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့်တို့ မှ ရရှိခြင်းဖြစ်သဖြင့်အားကိုးထိုက်သော ဆေးမြီးတို များဖြစ်သည်။

အချို့ခေတ် ပညာတတ် တိုင်းရင်းဆေးကို အထင်မကြီးသူများပင် သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါကြီးများ ရုတ်တရက်အသက်ဆုံးနိုင်သည့် နှလုံးသွေးကြောပိတ်၊

ရင်ဘတ်အောင့်ရောဂါကြီးများဆေးမြီးတိုနှင့်ပျောက်သွားသည်ကို တွေ့ရ သောအခါ အံ့သြ နေကြသည်။ ဆေးမြီးတိုများသည် လူထုအတွက် အသုံးဝင်သော တိုင်းရင်း ဆေးပညာ ဖြစ်သည်။

၁။ရှောက်သီးအခွံပါ ၄ စိတ်စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် သောက်ပါ။

၂။ရှောက်သီးအရည်ညှစ်၃ ဇွန်း+ပျားရည်စစ်စစ် ၁ဇွန်း ထမင်းစားပြီးသောက်ပါ။

၃။ ရှောက်ရွက်အနု၊အရင့်တစ်နေ့လျှင် ၇ရွက် မှ ၁၀ရွက်ခန့် နေ့စဉ်အတို့ အမြှုပ် ပြုလုပ်၍ စားပါ။

၄။ ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက် စသည်တို့သည် မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများ ဖြစ်သည်။ထိုအစာများစားသည့်နေ့တွင် ဒန့်သလွန်ရွက် ဟင်းချိုကိုကြက်သွန်ဖြူနိုင်နိုင်ဖြင့်ချက်ပြီး တွဲဖက်သောက်ပေးပါ။

ကြက်သွန်ဖြူ သည် သွေးတိုးကို ကျစေနိုင်သည်။(သွေးတိုးရောဂါ ဖြစ်ပွားခဲ့ရာကြက်သွန်ဖြူကိုနေ့စဉ်စားသုံးခဲ့ပါသဖြင့် ပျောက်ကင်းခဲ့သည်။) (မဟတ္တမဂန္ဒီ)

၅။ဒန့်သလွန်သီးအရင့်များကိုနေဖြင့် အခြောက်လှန်းထားပြီး သွေးအလွန်တိုးလျှင် ၂ စေ့၊ ၃စေ့ ဝါးစားပါ။

၆။သင်​ဘော အဖိုပင်၏ အပွင့်ကိုပြုတ်၍ စားပါကသွေးတိုးရောဂါ သက်သာ စေသည်။

၇။ကြက်သွန်နီကို ထက်ခြမ်းခြမ်း ရေတစ်ဖန်ခွက်တွင် စိမ်၍ နံနက်အိပ်ယာထ စောစောသောက်ပေးလျှင် သွေးတိုးရောဂါကိုကာကွယ် သည်။နံနက်အိပ်ယာထချိန်ခေါင်းကိုက်ခြင်းကို သက်သာစေသည်။

၈။ပြောင်းဖူး၏ထိပ်မှ အမွှေးကိုပြုတ်၍အရည်ကိုအကြမ်းပန်းကန်တစ်လုံးစာ သောက်လျှင် သွေးတိုးရောဂါ သက်သာ စေသည်။

၉။ချင်းလက်နှစ်ဆစ်ကို ထုထောင်းအရည်ကိုယူသံပရာသီးတစ်လုံးအရည်နှင့် ပျားရည်တစ်ဇွန်းစပ် နေ့စဉ်သောက်ပါ။ သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။

ဆရာကြီး ကြည်လွင်မြင့် (မုဒြာ) “ သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ”

၁။သွေးတိုးလို့ သွေးကျ လိုလျှင် သံပုရာသီးတစ်လုံးကို ၁၅မိနစ်ခန့်ကြာအောင် ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥ တစ်လုံးဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာ ပျောက်ကင်း စေပါသည်။

၂။အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့်ပေါင်ကြားတို့တွင် ပေါက်တက်သော အပူ ကျိတ်များကို ပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်း စေပါသည်။

၃။အိပ်မပျော်ခြင်း ဖြစ်လျှင် ဒန့်ကျွဲမြစ်ကို ပြုတ်၍သကြားအနည်း ငယ် ထည့်ပြီး သောက်ပါ။တစ်ခါသောက်လျှင်အကြမ်းပန်းကန်နှင့် တစ်လုံးသောက်ည၊နံနက်သောက်ပါ။အိပ်မပျော်ခြင်းဝေဒနာ သက် သာ ပျောက်ကင်း စေမည်။

၄။ပန်းသေ ပန်းညှိုး ရောဂါ ဖြစ်လျှင် ကစော့ပုပ် မြစ်ကိုအခြောက်လှန်း အမှုန့် ပြုပြီး ပျားရည် နှင့် သောက်ပါ။ရက်မရှည်ဘဲ ပျောက် ကင်း စေပါသည်။

၅။အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင်အဝေရာရွက်ကို မကြာခဏသုပ်စားပါ။ထို့အပြင် သိန္ဓော ဆားတစ်ဆ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့်ရော၍ ကွမ်းသီးလုံးခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်း စေပါသည်။

၆။သွားကိုက် သွားဖုံရောင် သွားပြည်ယို ဖြစ်လျှင်မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ ခြောက် မှုန့် ကို သွား ခြေထဲ ထည့်ပေး လျှင် လည်း သက်သာ ပျောက်ကင်း စေပါသည်။

၇။သွေးဝမ်းလွန်ခြင်းဖြစ်လျှင်ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့် အညက် ကြိတ်၍ စားပါ၊သက်သာ ပျောက်ကင်း စေပါသည်။

၈။လေထိုး လေအောင့် ဖြစ်လျှင် ပုန်းညှက် ပန်းပွင့် ခြောက်များကို ရေနွေးတွင် ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်း စေသည်။

၉။အော့အန်ခြင်းဝေဒနာဖြစ်လျှင်ရှောက်မြစ်ကိုသွေး၍ပျားရည်နှင့် စားပါက သက်သာ ပျောက်ကင်း စေပါသည်။

၁၀။ဆီး အိမ်တွင်းမှာ ကျောက်တည် ခြင်း ဖြစ်လျှင် သမင်ချိုကိုသွေး၍ သံပုရာရည် နှင့် လက်ဖက်ရည် ဇွန်းနှစ်ဇွန်း သောက်ပါ။သုံးခါပင် မသောက် ရဘဲ သက်သာ ပျောက်ကင်း စေပါသည်။

၁၁။ဆီးကျဉ် ဆီးနီ ဆီးနှောက် ဖြစ်လျှင် ( ဘုရား ကပ် လှူသည့် ) ကျောက်စိမ်း ပန်းကျားပင် အမြစ်ရော အရိုးပါညထုခြေလို့ ရသောအရည်၅ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက်၊ညနှစ်ခွက်သောက်ပါ။နေချင်းပင် သက်သာ ပျောက်ကင်း စေပါသည်။

၁၂။စားမဝင်အိပ်မပျော် ဖြစ်လျှင်ပျားရည်စစ်စစ်ကိုလက်ဖက်ရည် ဇွန်းလေးနဲ့ တစ်ဇွန်းကို ညအိပ်ရာ ဝင်တိုင်းသောက်ပေးပါ။ ခံတွင်းကောင်းစား ဝင်အိပ် ပျော်စေ နိုင်ပါသည်။

၁၃။မီးယပ်သွေးဆင်း ချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီး နှင့် ထန်းလျက်ကို ရောစား လိုက်ပါ။သက်သာ ပျောက် ကင်း စေပါသည်။

၁၄။ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်း ဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ။သက်သာ ပျောက်ကင်း စေပါသည်။

၁၅။ကင်း ကိုက်ခြင်း ခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့်သွေးပြီးအဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ဝေဒနာချက်ချင်းသက်သာစေပါသည်။

၁၆။ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ ခေါင်းလျှော် ရည်နှင့် တွဲဖက် လျှော်ပေးပါ။ဆံပင်များ လုံးဝ မကျွတ်စေပါ။

၁၇။အဖုအကျိတ် များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍ အကျိတ်ပေါ်သို့ အုံပေးကာပတ်တီးစည်းထားပါပျောက် ကင်း စေပါသည်။

၁၈။ဒူးနာ ခါးနာ လျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ယူပစ်သလို သက်သာ ပျောက်ကင်းသွားပါ လိမ့်မည်ဆိုတဲ့အကြောင်းကိုပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Credit