သူဆင်းရဲ အမေမှ မိသားစုကို နောက်ဆုံး ထွက်သတ်မှာ အမွေ ငွေ ၆သန်း ပေးခဲ့

သူဆင်းရဲ အမေမှ မိသားစုကို နောက်ဆုံး အမွေ ငွေ ၆သန်း ပေးခဲ့

ပရိသတ်ကြီး ကို အခု ပြောပြ ပေးမှာ ကတော့ သူ ဆင်းရဲ အမေမှ မိသားစုကို နောက်ဆုံးအမွေ ငွေ ၆သန်းပေးခဲ့တဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရာ့ချ်ပူရီခရိုင် ပါတ်ထော့မြို့နယ် ဒွန်းဆိုင်အုပ်စုရပ်ကွက် ၂ မှာ နေထိုင်တဲ့ နန်းပရနီ (၃၉နှစ်) ရဲ့မိခင်က လွန်ခဲ့တဲ့ ၉ရက် က ကွယ်လွန် သွားခဲ့ သွားခဲ့ ပါတယ်။

နန်းပရနီက မိခင် ဖြစ်သူကို မီးသင်္ဂြိုဟ် ခါနီး နောက်ဆုံးအနေ ဖြင့် ခေါင်းတလား ဖွင့်ကြည့်ရာမှ ခေါင်းတလားရဲ့အဖုံး ပျဉ်ချပ်ပေါ်မှာ ဘောပင် အနီနဲ့ ရေးခြစ် ထားတဲ့ ၃၉၁ ဆိုတဲ့ ဂဏန်းကို တွေ့ရှိ ခဲ့ပါတယ်။

သူမက ထီထိုးတာ ဝါသနာ ပါသူ တယောက် မဟုတ် ပေမဲ့ လည်းသုဘရာဇာက တိုက်တွန်းလို့ထိုးဖြစ် သွားတယ်လို့ဆိုပါတယ်။သူမအမေရဲ့ အသုဘကို တိုက်တိုက်ဆိုင်

ထီလာရောင်းတဲ့ သူတဦး ထံမှာ ၃၉၁ ဂဏန်းကိုတောင်း ဝယ်ခဲ့ပြီး ထီရောင်းသူကသူ့မှာလောလောဆယ်အဲဒီဂဏန်းမရှိဘူးလို့ ပြောဆိုပြီး ည ၈ နာရီ လောက်မှာတော့ ၂၉၂၃၉၁ ဂဏန်းပါ ထီလက်မှတ် ၅ စောင် လာပေး ခဲ့ပါတယ်။

နန်းပရနီက နှစ် ၂၀ခန့် အမှိုက်ပုံ ထဲက ရောင်းလို့ ရတဲ့ ပစ္စည်းတွေ မွှေနှောက် ရှာဖွေ ရောင်းစား လာတဲ့ သူဆင်းရဲမ တဦး ဖြစ်ပြီး ထီသည်မှ ထီလက်မှတ် လာရောက် ရောင်းချ တဲ့

အချိန်မှာ ၅ စောင်လုံး ဝယ်ဖို့ ဘတ် ၆၀၀ မရှိ တာနဲ့ ညီမဝမ်းကွဲ ၂ ဦးနဲ့ တစောင်စီ၊ အသုဘမှာ ကြွေးဖို့ ဟင်းလာချက်ပေးတဲ့ နန်းကန်က ၂ စောင်ခွဲပြီး ဝယ်လိုက် ကြတာ ဖြစ်ပါတယ်။

မနေ့က မိခင် ဖြစ်သူ အတွက် ဘုန်းကြီး ကျောင်းမှာ အလှူ လုပ်ပြီးအပြန် ထီပေါက်စဉ်တိုက်ကြည့်ရာ တစောင်ကို ဘတ်၆သန်းပေါက်ပြီး ငါးစောင်အတွက် စုစုပေါင်း ဘတ်သန်း ၃၀ ပေါက်လို့ အားလုံး ဝမ်းသာ ခဲ့ကြတယ်လို့ ပြောပါတယ်။

ထီပေါက်တဲ့ငွေနဲ့အိမ်ပြင်ဆောက်ပြီးတချို့ကိုသားသမီး ပညာသင်စရိတ်သိမ်းထားကာ တချို့ကို အလှူ လုပ်မယ်လို့ နန်းပရနီက သူမရဲ့စိတ်ကူးအိပ်မက်တွေကို ပြောပြ သွားခဲ့ ပါတယ်ဆိုတဲ့အကြောင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Dailyci News