တစ်သက်မှာတစ်ခါဖူးမြော်ဖို့တောင် ခဲယဉ်းလှတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်

တစ်သက်မှာတစ်ခါဖူးမြော်ဖို့တောင် ခဲယဉ်းလှတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာကတော့ တစ်သက်မှာ တစ်ခါဖူးမြော်ဖို့ တောင် ခဲယဉ်း လှတဲ့ ဗုဒ္ဓ မြတ်စွာ ဘုရားရဲ့ အံတော် အ ကြောင်းလေးပဲ ဖြစ်ပါတယ်။

ကံထူးလို့ဖျာပုံသူဖျာပုံသားများနှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့. ဖူးမျှော် ခွင့်ရလို့ ထင်ပါပြီ။

ကျွန်တော် ကလေး ဘဝ ကတည်းက ဘိုးဘိုး ၊ ဘွားဘွား၊ ဘိုဘေး အစဉ် အဆက် ကတည်း က ဖျာပုံမှာ ဗုဒ္ဓ မြတ်စွာ ဘုရား အံ့တော် နှင့် ဆံတော် တစ်ဆူ ကိမ်းဝပ် နေတယ် လို့ သိခဲ့ ရပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ရှေးဟောင်းသမိုင်း အစဉ်အလာ အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်းနဲ့ အမည်ပေးခဲ့တဲ့တချိန်က မွန်ဒေသတွေပေါ့။ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။

အဲထဲမှာမွန်ဘုရင်များအဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာပုံဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီ တော် မြတ်ကြီးကို မြန်မာသက္ကရာဇ် (၆၀၀) ခုနှစ်မှာတည်ထားကိုး ကွယ်ခဲ့တယ်။

လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် (၉၀၀)ခုနှစ် မှာ တည်ထား ကိုးကွယ် ခဲ့ပါတယ်။မြန်မာတစ်နိုင်ငံ လုံးမှာ ရှိတဲ့ မြို့ပေါင်း များစွာမှာခရေပင်ဇောက်ထိုးပါက်တဲ့မြို့ဆိုလို့ဖျာပုံမြို့ တစ်မြို့ပါဘဲ။

ဖျာပုံက ရှေးဘုရင်တွေ အဆက်ဆက် အုပ်စိုးခဲ့စဉ်က ရန်ကုန်၊ဒလ အပိုင်းပေါ့။ဖျာပုံကို မွန်ဘုရင်အဆက်ဆက်ကအောင်မြေလို့ သက်မှတ် ခဲ့ကြတယ်၊ယုံကြည် ခဲ့ကြတယ်။

ဖျာပုံကို မင်းဘေးရေဘေးအစရှိတဲ့ဘေးအန္တရာယ်အပေါင်းမှ ကင်း လွတ်စေရန် ကင်းဝေး စေရန် အတွက် ရှေ့ထုံးနန်းစဉ်လာအရ။ဖျာပုံကို အလယ် တည့်တည့် ထား၍ ကိုးနဝင်းရိုက်ပြီးတည်ခဲ့ပါတယ်လေ။

ဖျာပုံ ကို ဗဟို ပြုပြီး ဖျာပုံ ပတ်ပတ် လည်မှာ ကြီးနဲ့ဆုံးတဲ့ ရွာကြီး (၉)ရွာ၊လေးနဲ့ဆုံးတဲ့ ရွာကြီး(၉)ရွာ ပတ်ကာဝိုင်းလို့တည်ခဲ့တာပါ။ဥပမာအနေနဲ့ပြောပြရင် သလိတ်ကြီး၊သလိတ်ကလေး။အခြားကြီး အခြာလေး၊မငေးကြီး၊မငေးလေး၊စသောအဲဒိလိုလို ကြီးနဲ့ဆုံး လေးနဲ့ ဆုံးတဲ့ ရွာတွေ ပေါ့။

ဗုဒ္ဓမြတ်စွာဘုရားရဲ့အံတော် သမိုင်းကိုခဏလေးထားလိုက်ပါတော့ ရှည်သွားမှာ ဆိုးလို့ပါ။အဲဒီအချိန် မတိုင်ကတည်းက ဖျာပုံမှာ မြတ် စွာဘုရား အံတော်နှင့် ဆံတော် တစ်ဆူ ကိမ်းဝပ် ခဲ့တယ်သမိုင်းရှိခဲ့တယ်

အဲဒိသမိုင်းက ဖြစ်နိုင်ခြေ ရှိတယ်၊ဘာကြောင့်လည်း ဆိုတော့ ဖြစ်နိုင်ခြေရှိတယ်။ပင်လယ် လမ်းကြောင်းကနေပြီး မြတ်စွာဘုရား ဆံ တော် ပင့်ခဲ့ တာလေ။

အခု ဖျာပုံ ကော့မှူး-တွံတေး -ဒလ လမ်းတလျောက်မှာရှေ့ဟောင်းစေတီတွေ အမြောက်အများ၊အဲဒီလမ်းအတိုင်းမှာရှိတဲ့ ဆံတော်ကြိုစေတီတော် ရှိတယ်လေ တွံတေးမှာပေါ့။ထားလိုက်ပါတော့အခုဖျာပုံမှာ ရှိတဲ့ အံတော်က မြတ်စွာဘုရား အံတော်လို သိရတယ်။

ဖျာပုံမှာ ကိမ်းဝပ်နေတာ နှစ်ပေါင်း ရာပေါင်းမက ကိမ်းဝပ် နေတာ ပါ။အံတော် ဘယ်က ကြွလာလည်း ဆိုတော့ ရသေကြီးတစ်ပါး က ယခု သရက်မြို့နယ် ပေါ့။အဲဒီအချိန်တုန်းကတော့တောကြီးဖြစ်နေရင် ဖြစ်နေမှာပါ။

အဲဒီမြို့အပိုင် ရွာကလေး တစ်ရွာ တောထဲတရားထိုင်အားထုတ်နေစဉ် တော်နက်ထဲမှာ ရှိတဲ့ ထုံးဖြုစေတီ အပျက်ကြီးထဲကနေ ရောင် တော်တွေ ကွန့်မြူးနေလို့ရသေကြီးတစ်ပါးကပင့်ဆောင်ပူဇော်ခဲ့ရာ ဖျာပုံ ယခုမင်းကျောင်း၊သိုသိုသိပ်သိပ် ကိမ်းဝတ်တော်မူခဲ့ပါတယ်။

ခေတ်အဆက်ဆက်မသမားသူတွေရဲ့ခိုးယူလုယက်မှုတွေခံခဲ့ရမည်စိုးရိမ် သောကြောင့် ရှေးဘုရင်များနဲ့ ရသေ့ ဆရာတော်ကြီးများအ ဆက်ဆက်လုံခြုုံစိတ်ချသောနေရာတွေပြောင်းရွေ့ကိမ်းဝပ် ပူဇော်ခဲ့ကြပါတယ်။

ယနေ့ဘုန်းဘုန်းလျောက်ထားပြီး ဓာတ်ပုံရိုက်ခွင့်ပူဇော်ခွင့် တောင်းခဲ့ပါတယ်။သမိုင်းသုသေန ဦးစီးဌာနမှလည်းအံတော်အစစ် မဟုတ်မဟုတ် သုတေသန လုပ်ပေး စေချင်ပါတယ် အံတော် အစစ်ဖြစ်ပါကလည်း နစ်ရာ ထောင်ချီ ကိန်းဝပ် နေသော ဖျာပုံမြို့ ကလေး မှာနောင်လာ နောင်သားများ သာသနာ ပြုနိုင် ပါတယ်။

တစ်သက်မှာတစ်ခါဖူးမြော်ဖို့တောင် ခဲယဉ်းလှတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့အံတော် အကြောင်းလေးကိုပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက် ပါတယ်။Credit

Tags: