မိခင်ရဲ့အသုဘအပြီး ဘဏ်သွားခဲ့ရာမှ ဖြေမဆည်နိုင်ဖြစ်ရရှာလေတဲ့ အမျိုးသမီး

မိခင်ရဲ့အသုဘအပြီး ဘဏ်သွားခဲ့ရာမှ ဖြေမဆည်နိုင်ဖြစ်ရရှာလေတဲ့ အမျိုးသမီး

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ မိခင်ရဲ့အသုဘအပြီး ဘဏ် သွားခဲ့ ရာမှ ဖြေ မဆည်နိုင် ဖြစ်ရ ရှာ လေတဲ့ အမျိုးသမီးအကြောင်းလေးပဲ ဖြစ်ပါတယ်။

လူ့ဘောင်လောကမှာ သားသမီးအများစုက မိဘတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကိုပဲ ဂရုစိုက် မက်မောကြတာ များပါတယ်။မိဘတွေရဲ့ခေါင်းမှာ ဆံပင်ဖြူတွေ ဘယ်နှစ်ချောင်း ထွက်နေတာ၊ မိဘတွေရဲ့ခြေထောက်တွေ ဒူးတွေ ကောင်းသေးရဲ့ လားဆိုတာ ဂရုတစိုက်အလေးထားပေးတဲ့ သားသမီးတွေဆိုတာလက်ချိုးရေလို့တောင် ရပါတယ်။

အခုတွေ့ရမယ့် အမျိုးသမီးကလည်း ဒီလိုသားသမီးမျိုးထဲမှာ တစ်ယောက် အပါ အဝင် ဖြစ်နေ ပါတယ်။တစ်နေ့မှာ အယ်မလီ ဆို သူ အမျိုးသမီးတစ်ယောက်ဟာ ဖုန်းအဝင် တစ်ခုရပါတယ်။ဖုန်းထဲမှာ ကြားလိုက် ရတာက သူမ မိခင်ကြီး ဆုံးသွားပြီ ဆိုတာ ကိုပါ။ရုတ် တရက် မမျှော်လင့်ပဲနဲ့ မိခင်ကဆုံးသွားပြီဆိုတာကို သိတော့ အယ်မလီက တုန်လှုပ် သွားခဲ့ပါတယ်။

မိခင်ရဲ့ အသုဘပြီးတဲ့နောက်မှာတော့ အယ်မလီဟာ သူမရဲ့ အရင်နေထိုင်ရာ အိမ်လေးဆီ ပြန်လာ ခဲ့ပါတယ်။ထို အိမ်လေး မှာ တော့ အယ်မလီဟာ မိခင်ကြီး ပိုင်ဆိုင်တဲ့ ပစ္စည်းပစ္စယတွေကို ရှင်းလင်းရင်း ဘဏ်ကဒ် တစ်ကဒ်ကို သွားတွေ့ ပါတယ်။

မိခင်ကြီးပိုင်ဆိုင်တဲ့ ဘဏ်ကဒ်ကိုယူပြီး ဘဏ်ထဲမှာကျန်တဲ့ငွေတွေကိုထုတ်ဖို့ အယ်မလီက ဘဏ်ကို သွားခဲ့ပါတယ်။ဒါပေမယ့်သူမက အကောင့်ရဲ့ ပင်နံပတ်ကိုလည်း မသိပါဘူး။ဒီတော့သူမကမိခင်ကြီးရဲ့ မွေးနေ့ကို ရိုက်ထည့်ပါတယ်။မရပါဘူး။

အယ်မလီက နောက်ထပ် ဖြစ်နိုင်ခြေ ရှိတာကို ထပ်စဉ်းစားပါသေးတယ်။အဲဒါကတော့ သူမရဲ့ဖခင်ကြီး မွေးနေ့ကိုပင်အဖြစ်ရိုက်ထည့်ဖို့ပါ။အယ်မလီ ရဲ့ ဖခင်က သူမအသက်(၄) နှစ်လောက်မှာ ဆုံးပါးသွားပါတယ်။ဒါပေမယ့်အယ်မလီရဲ့မိခင်နောက်အိမ်ထောင်မပြုခဲ့ပဲ သူမကို ကြီးပြင်း လာအောင် မွေးမြူ ခဲ့တာပါ။

ဒါကြောင့် အယ်မလီထင်တာက အမေက သူ့မွေးနေ့ကို ပင်ထားရင်ထား၊မထားရင်သူ့ယောကျ်ားမွေးနေ့ကိုပင်နံပတ်ထားလောက်တယ်ဆိုပြီးတော့ပါ။ဒါလည်း မရပြန်ပါဘူး။နှစ်ကြိမ်လုံးလုံး ပင်နံပတ်က မှားနေတာမို့ အယ်မလီက ခေါင်းခဲ စပြု လာပါတယ်။

တတိယအကြိမ် ဂဏန်းထပ်ရိုက်ပြန်တော့လည်း မရပါဘူး။မတတ်နိုင်တဲ့ အဆုံး ဘဏ်ကို သွားပြီးတော့ မိခင်ရဲ့ သေစာရင်းပြပြီး ငွေထုတ်ဖို့ လုပ် တာ လည်း အဆင် မပြေပါဘူး။နောက်ဆုံး မှာ တော့ ဘဏ်ကကဒ်တစ်ကဒ်အသစ်လုပ်ဖို့သာသူမကို ပြောလိုက်ပါတယ်။

ဒီအကြိမ်မှာတော့ အယ်မလီက ရုတ်ချည်းဆိုသလို နံပတ်တစ်ခုကို သွားစဉ်းစားမိပါတယ်။ အဲဒါကတော့ သူမမင်္ဂလာဆောင်တဲ့နေ့ပါ။ သူမ မင်္ဂလာဆောင်တဲ့နေ့တုန်းက မိခင်ကြီးဟာ ဘဝမှာအပျော်ဆုံးပဲလို့ ပြောခဲ့တာကို အယ်မလီက သတိ သွားရ ပါတယ်။

အဲဒီနေ့မှာပဲမိခင်ကသားမက်ဖြစ်သူကိုအယ်မလီကိုကောင်းကောင်းစောင့်ရှောက် ပေးဖို့ ပြောခဲ့တာ ကိုလည်း သူမကအမှတ်ပြရလာပါတယ်။ဒါကြောင့် ဒီမင်္ဂလာဆောင်ရက်ဟာ ဖြစ်နိုင်ခြေရှိတဲ့နံပတ်ဆိုပြီး အယ်မလီက နောက်တစ်ကြိမ် ပင်နံပတ်ရိုက်ထည့်ရာမှာ အံ့သြစရာကောင်းစွာပဲ နံပတ်ကမှန်နေတာကို တွေ့လိုက်ရပါတော့တယ်။

ဒီအချိန်မှာအယ်မလီကမျက်ရည်မဆည်နိုင်တော့ပါဘူး။သူကတော့ ယောကျ်ား ရလို့ လက်ထပ်ပြီး မိခင်ကြီး ဆီကနေ ခွဲထွက် သွားတဲ့အချိန်မှာ မိခင်ကြီး ကတော့ တစ်ယောက်တည်း အိမ်မှာ ကျန်နေခဲ့တာပါ။အလုပ်များတယ် ဆိုပြီး မိခင်ဆီကိုလည်း သူမကလာလည်ခဲပါတယ်။မိခင်ကြီးရဲ့ မွေးနေ့ရောက်ရင်တောင် သူမက ဖုန်းဆက်ဖို့မေ့နေတာ မျိုးတောင် ရှိပါတယ်။

အခု အခါ မှာတော့ အယ်မလီက အရမ်းနောင်တရနေပါပြီ။သူမက မိခင်ကို ဂရုမစိုက် နိုင်တာတောင်မှ မိခင်ကြီးက သူမကိုအရမ်းချစ်ပြီး ဘဏ်ရဲ့ လျို့ဝှက် ကုတ်ကို တောင်မှ သူမ လက်ထပ်တဲ့နေ့ ကို မှတ်ထားခဲ့တာ ဖြစ်ပါတယ်။အယ်မလီကတော့ မိခင်ရဲ့ နောက်ဆုံးအချိန်တောင်မှ အတူတူ ရှိမပေး နိုင်တဲ့သူမရဲ့ အဖြစ်ကို တစိမ့်စိမ့်တွေးပြီး နောင်တရလျက် ရှိနေပါတော့တယ်ဆိုတဲ့အကြောင်းလေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Dailyci News