သူမရဲ့ကိုယ်ပိုင်နာမည် အမှတ်တံဆိပ်နဲ့ ရေမွှေးထုတ်လုပ်ရောင်းချသွားတော့မယ့် မင်းသမီးချော အိနြ္ဒာကျော်ဇင်

သူမရဲ့ကိုယ်ပိုင်နာမည် အမှတ်တံဆိပ်နဲ့ ရေမွှေးထုတ်လုပ်ရောင်းချသွားတော့မယ့် မင်းသမီးချော အိနြ္ဒာကျော်ဇင်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့သူမရဲ့ကိုယ်ပိုင်နာမည် အမှတ်တံဆိပ် နဲ့ ရေမွှေး ထုတ်လုပ် ရောင်းချ သွားတော့မယ့် မင်း သမီးချော အိနြ္ဒာကျော်ဇင် အကြောင်းလေးပဲ​ ဖြစ်ပါတယ်။

နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင် အိနြ္ဒာကျော်ဇင် ကတော့ အနုပ ညာ လောကမှာ ဒီနေ့ ဒီအချိန်ထိ ထိပ်ဆုံးမှာ ရပ်တည် နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

အိနြ္ဒာကျော်ဇင်ကတော့ အခုဆိုရင် သရုပ်ဆောင်ပြေတီဦးနဲ့သာ ယာတဲ့ အိမ်ထောင် တစ်ခုကို တည်ထောင် ထားပြီး စီးပွားရေး၊ လူ မှုရေး လုပ်ငန်းတွေ ကိုလည်း ဦးစီး လုပ်ကိုင် နေလျက် ရှိပါတယ်။

စီးပွားရေးလုပ်ငန်းတွေအဖြစ် သုဒြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့အီတလီနိုင်ငံထုတ် The Bridge အမှတ် တံဆိပ် လက်ကိုင်အိတ် တွေကို မြန်မာ နိုင်ငံမှာ တစ်ဦးတည်း ကိုယ်စား လှယ်ယူ ရောင်းချ နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မှာလည်း အိနြ္ဒာကျော်ဇင်က သူမရဲ့နာမည်Eain dra Kyaw Zin ကိုယ်ပိုင် အမှတ် တံဆိပ်နဲ့ အီတလီ နိုင်ငံမှာ ပြုလုပ် ဖန်တီး ထားတဲ့ ကုန်ပစ္စည်း အသစ် တစ်မျိုး ကို ကိုယ်တိုင်ထုတ်လုပ် ရောင်းချ သွားတော့ မှာပဲ ဖြစ်ပါတယ်။

အိနြ္ဒာကျော်ဇင်ရဲ့ Eaindra Kyaw Zin ရေမွှေးကတော့ မနေ့က ဇန်နဝါရီလ (၃၀) ရက်နေ့မှာပဲ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပြီဖြစ်ပြီးမကြာခင်အချိန်အတွင်းမှာ ရောင်းချသွားတော့မယ့်အကြောင်းကို ပြောလာ ပါတယ်။

အိနြ္ဒာကျော်ဇင် က တော့ သူမရဲ့ ကိုယ်ပိုင် နာမည်နဲ့ ကုန်ပစ္စည်းကို (၂၀၂၁) ခုနှစ်မှာ သေသေချာချာ အကောင် အထည် ဖော်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ဆိုတဲ့အကြောင်းလေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Cele Connection