ဆိုက်ကား နင်းရင်း ရသမျှထဲက လေလွင့် ခွေလေး တွေအတွက် ထမင်းကျွေး လာခဲ့တာ ဆယ်စုနှစ် ကျော်ပြီး ဖြစ်တဲ့ ဦးတောင်ဆိတ်

ဆိုက်ကား နင်းရင်း ရသမျှထဲက လေလွင့်ခွေးတွေအတွက် ထမင်းကျွေး လာတာ ဆယ်စုနှစ် ကျော်ပြီး ဖြစ်တဲ့ ဦးတောင်ဆိတ်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ဆိုက်ကား နင်းရင်းရ သမျှ ထဲက လေလွင့်ခွေးတွေ အတွက် ထမင်းကျွေးလာတာ ဆယ်စုနှစ်ကျော်ပြီးဖြစ်တဲ့ဦးတောင်ဆိတ်အကြောင်းလေးပဲဖြစ်ပါတယ်။

သူ့ပုံစံကတော့မေးစေ့မှာတွဲလောင်းကျနေသော မုတ်ဆိတ်မွှေး ကျဲ ကျဲကြောင့် သူ့ကိုရပ်ကွက်ထဲက ဦးတောင်ဆိတ်လို့အမည်ပေးထားကြသည်။ဦးတောင်ဆိတ် သည် ယုဇနဥယျာဉ် မြို့တော် ၅လမ်းက ဆိုက်ကားဆရာ တစ်ဦးဖြစ်ပြီး ထိုရပ်ကွက်ထဲရှိ လေလွင့် ခွေးများကို အစာ ကြွေးနေသည်မှာ ၁၀ စုနှစ် များစွာ ရှိပြီ ဖြစ်ပါသည်။

ဆိုက်ကားနင်း၍ ပုံမှန်ရသော ဝင်ငွေလေးငါးထောင်ခန့်မှာလေလွင့်ခွေးအကောင်ရေ ၃၀ ခန့်ကို နေ့စဉ်အစာကျွေးနိုင်ရန်အတွက်အသုံး ပြုသည်။ကျွန်တော် ငယ်ငယ်ကတည်းက ခွေးချစ်တတ်တယ်သူတို့တွေက လူတွေ ကျွေးမှ စားရတယ်။

ခွေးတွေက သနားစရာ ကောင်းပါတယ်။ညဘက် လူချေ တိတ်ချိန် ဟောင်လို့ဆိုပြီး အရိုက် အနှက် ခံရတယ်။ဒါပေမယ့် သူတို့ကြောင့် ရပ်ကွက် သူခိုးမကပ်တာ လူတွေမသိကြဘူး ဟု ဦးတောင်ဆိတ်က ပြောပြ ပါတယ်။

ခွေးအကောင် ၃၀ ကိုနေ့စဉ် ထမင်းကျွေးရန် ဆန်နှစ်ပြည်ကုန်ကျစ ရိတ် ကျပ် ၁၄၀၀ ဖြင့် ဝယ်ရပြီး ငါးနှင့် ကြက်သားဖိုးပါထပ်ပေါင်းပါလျင် တစ်နေ့ ကုန်ကျငွေမှာ သူနေ့စဉ် ဝင်ငွေထက် ပိုများနေလေသည်။

ထို့ကြောင့် သူက ညအချိန်များတွင် ပလပ်စတစ် ဘူးခွံကောက်ပြီး ထိုအလုပ်မှ အပိုဝင်ငွေရှာသည်။လမ်းသန့်ရှင်းရေးနှင့် အနီးပတ်ဝန်ကျင်ရှိ ဈေးဆိုင် မှာကို အမှိုက်လှည်းကျင်း သန့်ရှင်းပေးသဖြင့် သူ့အတွက် ခွေးစာဖိုး များကို လှူပေး ကြသည်။

သူ့အတွက် ကတော့ ချွေတာတဲ့ အနေဖြင့် ထမင်း တစ်နပ်သာ စား သည်။သူစားသည်မှာလည်း ၅ လမ်းထိပ်ရှိလက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ ထမင်းကြော် ကြက်ဥ နှင့်သာ စားသည်။ပြီးလျှင် သူတစ်နေ ကုန် ရေသာသောက်ကာ အလုပ်ကို လုပ်ပါ တော့သည်။

ပိတောက်လမ်း အလယ် လောက်မှာ ခွေးတွေ အတွက် တစ်နေ့ နှစ်ကြိမ်ထမင်းချက်တယ် တစ်ခါတစ်လေလည်းပတ်ဝန်းကျင်မီးခိုးမွန်လို့ တိုင်တာတွေရှိတာပေါ့ဟု ဦးတောင်ဆိတ်က ဆိုသည်။နေ့လည် တစ်နာရီထိုးသည်နှင့် ဆိုက်ကား ခေတ္တနားကာ ထမင်းချက်သည်။

ပြီးလျင်တော့ငါးနှင့် ကြက်သားကိုပြုတ်ကာ ထမင်းနှင့်ရောနယ်ပြီး သူ၏ ခွေးလေးများကို စကျွေး တော့သည်။ဟင်းနံ့လေးများ သင်းလာပြီး ဆိုရင်တော့ ကားအောက်၊အရိပ်ရသည့်နေရာ များတွင် အသင့် စောင့်ဆိုင်းနေသော ခွေးလေးများ အလျှိုအလျှိုထွက်လာကြတော့သည်။

ခွေး တွေက တော်တော် အနံ့ခံ နိုင် တဲ့ သတ္တဝါတွေ။ လူတွေ ဘယ် လောက်ပဲ ညှင်းဆဲ ပါစေသည်းခံကြတယ်။”ဟု အသက် ၇၈ နှစ်ရှိပြီဖြစ်သည့်ဦးတောင်ဆိတ်ကဆိုသည်။ဦးတောင်ဆိတ်ကတစ်ကိုယ် တည်း သမားဖြစ်သည်။

အိမ်ထောင်ကျဖူးသော်လည်း အခုတော့ တစ်ကိုယ်တည်း ပရဟိတအလုပ်ကို လုပ်ရင်း ဘဝကို ရောင့်ရဲနေသူ ဖြစ်ပါသည်။ခွေးများကိုအစာကျွေးသည့် အလုပ်တစ်ခုတည်း မဟုတ်ပဲ ခွေးများဒဏ်ရာ ရသည့် အခါ များတွင်လည်း ဆေးကု ပေးတတ် သေးသည်။

သူ့ဆိုက်ကားပေါ်က ခြင်းတောင်းထဲတွင်တော့ ခွေးနှင့်ပတ်သတ်သည့် ဆေးမီးတိုမှာ အစုံအလင်နှင့် ဝဲဆေးက အစဆောင်ထားသည်။ခွေးရူး ကာကွယ် ဆေးတော့ ကျွန်တော် မထိုးပေးနိုင်ဘူး ဈေးကြီးတယ်လေ စေတနာရှိလို့ ထိုးပေးမယ်ဆိုရင်တော့ကျွန်တော် ကြိုဆိုပါတယ်ဟု သူက ဆိုသည်။

သူ ကတော့ အသက်ရှင်သန် နေသေး သ၍ ကူကယ်ရာမဲ့ နေသည့် လေလွင့် ခွေးများကို စောင့်ရှောက် ပေးနေ အုံးမည် ဟုဆိုပါသည်။ကျောက်ခေတ် ကတည်းက ခွေးတွေကလူတွေနှင့်အတူနေလာတာ ခွေးတွေက သူတို့သခင်ကို ဘယ်တော့မှ သစ္စာ မဖောက်တဲ့ အပြင် စောင့်ရှောက် ကြသည်။

တိုင်းပြည်အတွက်တောင် ပေးဆပ်တဲ့ ခွေးတွေရှိသေးတယ်မဟုတ်လား။ ဥပမာ မိုင်းရှင်းပေးတဲ့ ခွေးတွေပေါ့ ဟုဦးတောင်ဆိတ်ကဆိုလာတဲ့ အကြောင်းလေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။Credit

Add a Comment

Your email address will not be published. Required fields are marked *