မြန်မာရွေ့ပြောင်းလုပ်သား မွန်တိုင်းရင်းသူတစ်ဦး အသက် (23)နှစ် တောရိုင်းဆင် နင်းခံရပြီးသေဆုံး – နစ်နာကြေးရမည့်နည်းလမ်း ကူညီစေလို

မြန်မာရွေ့ပြောင်းလုပ်သား မွန်တိုင်းရင်းသူတစ်ဦး အသက် (23)နှစ် တောရိုင်းဆင် နင်းခံရပြီးသေဆုံး – နစ်နာကြေးရမည့်နည်းလမ်း ကူညီစေလို

ထိုင်းနိုင်ငံ ချန်ပူလီမြို့နယ် ရော်ဘာခြံလုပ်ငန်းတွင် မွန်မိသားစုတစ်စု ရော်ဘာခြံလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း ခင်ပွန်းဖြစ်နဲ့ ဇနီဖြစ်သူတို့ တယောက်တနေရာစီ ခက်လှမ်းလှမ်းအလုပ်လုပ် နေရာမှ တောရိုင်ဆင်ကြီးတကောင် ရော်ဘာခြံထဲ ဝင်လာပြီး ဇနီးဖြစ်သူကိုရန်ပြုကာ ခြေနဲ့နင်းသတ် နေရတာကို ခင်ပွန်းကမြင်မြင်ချင်းထွက်ပြေးပြီး

အကူအညီတောင်းရန် အပြေးမှာ သူ့ရဲ့နောက်ကို တောရိုင်းဆင်ကလိုက်ပါသေးတယ် ဒါပေမဲ့မျက်ခြေပျက်သွားတဲ့အတွက် အသက် ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဇနီးဖြစ် သူကတော့တော့ ရိုင်းဆင်ကြီးခြေနင်းပြီး သတ်လိုက်လို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ခင်ပွန်းဖြစ်သူက သူရဲ့ဇနီးသေဆုံးသွားတာ ဘယ်လို နစ်နာကြေးရရှိမလဲလို့

AAC အဖွဲ့ကို ဖုန်းဆက်အကူညီတောင်းလာလို့ ဘယ်လို ကူညီပေးရမလဲ တခါမှအတွေ့အကြုံမရှိခဲ့တော့ ထိုင်းအစိုးရ ဘယ်ဌာနကိုအကူအညီ တောင်းသင့်ပါသလဲ..သိတဲ့သူများရှိရင် Comment ရေးပေးစေချင်ပါတယ် AAC…အဖွဲ့ကတခါမီမကြုံဘူးလို့ ကူညီပေးရန်အခက်အခဲဖြစ်နေပါတယ်

အသိပညာရှင်များရှိရင် ကျေးဇူးပြုပြီး Shareing လုပ်ပေးစေချင်ပါတယ်… 1-5-2020 လေးစားစွာဖြင့် AAC..ဒါရိုက်တာ ခိုင်ကြီး AS

Add a Comment

Your email address will not be published. Required fields are marked *