ချစ်ဇနီး (၂၇) ဦးရေ နဲ့အတူ ပေါင်းသင်း နေထိုင်ပြီး၊သားသမီး (၁၅၀) ဦးရေ အထိ ရယူထားတဲ့ အဖိုးအို

ချစ်ဇနီး(၂၇)ဦးနဲ့အတူ ပေါင်းသင်းနေထိုင်ပြီး၊သားသမီး (၁၅၀)ဦးအထိ ရယူ ထားတဲ့ အဖိုးအို

ပရိသတ်ကြီးကိုအခုပြောပြ ပေးမှာကတော့ချစ်ဇနီး(၂၇)ဦးနဲ့အတူ ပေါင်းသင်းနေထိုင်ပြီး၊သားသမီး (၁၅၀)ဦးအထိ ရယူထားတဲ့အဖိုးအို အကြောင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ မယားအများဆုံးခင်ပွန်းတစ်ဦးသို့မဟုတ်ကမ္ဘာ့ကလေးအများဆုံးမိသားစုတစ်ခုရဲ့အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ Wins ton Blackmore အကြောင်းကို စာဖတ်သူကြီး တီးမိခေါက်မိ ရှိမယ် ထင်ပါတယ်။

သူက ကနေဒါနိုင်ငံ၊ Blackmore,British Columbia မှာနေထိုင်တဲ့ သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး၊တရားဝင်မယား (၂၇) ယောက် အထိရှိကာ သားသမီး (၁၅၀)အထိရှိပါတယ်။အိမ်ထောင် ဘက်ဇနီး မြောက်များစွာရှိသူကို Polygamistလို့ခေါ်ပါတယ်။

အခုဆို Winston က သူတို့ မျိုးရိုး စဉ်ဆက်က တည်ထောင်ခဲ့တဲ့ဂိုဏ်းမှာ Bishop (ဂိုဏ်းအုပ်)ရာထူးတောင် ရယူထားပါပြီ။သူကအသက်(၆၄)နှစ်တောင် ရှိပြီ ဖြစ်ပြီး၊မယား(၂၇)ယောက်ထဲမှာ အသက်မပြည့် သူတွေလည်း ပါဝင် ခဲ့တာကြောင့်အမှုတွေ ရင် ဆိုင် နေရ ဆဲပါ။

မယား အမြောက် အများ ယူတဲ့ သူတွေ ဖွဲ့စည်း ထားတဲ့ Latter Day Saint မှာလည်း သူက ဥက္ကဋ္ဌ ဖြစ်ပါတယ်။သူ့ကို ကနေဒါရဲ့လူသိ အများဆုံး မယား ပေါသူကြီး လို့တောင် သတင်း တွေ က တင်စား ကြပါတယ်။သူက မယားများတဲ့ နေရာမှာ ဖခင်နဲ့ ဦးလေးအမွေကို ဆက်ခံ ခဲ့တယ်လို့ ဆိုရမှာပါ။

ဘလက်မိုးက မယား များသူ အသိုင်း အဝိုင်း ကို Winston ရဲ့ဖခင်ဖြစ်တဲ့ Ray Blackmore နဲ့ ဘကြီး ဖြစ်သူ Harold Black more တို့က စတင် တည်ထောင် ခဲ့တာပါ။နောက်ပိုင်းတော့ Ray ကHarold ကို အသင်း ကနေ ထုတ်ပယ် ဖို့ အချိန်အတန်ကြာ ကြိုး စားခဲ့ရပြီး၊နောက်ဆုံး ဒီအသိုင်း အဝိုင်း ကြီး ကို ခြယ်လှယ် အုပ်စိုးနိုင်တဲ့ အကြီးဆုံး ရာထူးကို ရယူ နိုင်ခဲ့ ပါတယ်။

အဲဒီလိုနဲ့ သားဖြစ်သူ Winston ကလည်း ရေကန် အသင့် ကြာအသင့်ဖခင်ရဲ့အရိုက်အရာကိုဆက်ခံခဲ့တာပါ။ဖခင် Rayကလည်း မယားပေါင်း (၃၀) ကျော်ရှိခဲ့ပြီး၊သားသမီးကတော့ Winston လောက်မထွန်းကားခဲ့ပါဘူး။Winstonကိုတော့Anna Mae Blackmore အမည်ရ မယားနဲ့ မွေးခဲ့တာ ဖြစ်ပါတယ်။

သား သမီး (၁၃) ယောက် မြောက် အနက် Winston က နဝမမြောက် ဖြစ်ပါတယ်။သားတွေ အားလုံးထဲမှာ Winston ကအ ချစ်ခံရဆုံးဖြစ်ခဲ့လို့အခုလို ထိပ်ပိုင်း ကို ရောက်လာ ခဲ့တာပါ။သူရဲ့ လက်ရှိ အသက်အငယ်ဆုံး ဇနီးနှစ်ဦး ရှိပြီး အခုမှအသက်(၁၉)နှစ်ပဲ ရှိပါသေးတယ်။

သူတို့နှစ်ယောက်က (၂၀၁၇)ခုနှစ်ကတည်းက မယားဘဝရောက်ခဲ့ပြီး၊ထိုစဉ်က အသက် (၁၅) နှစ်သာ ရှိပါ သေးတယ်။အဲဒီ တုန်းက တည်းက သက်ဆိုင်ရာက Winston ကိုအမှုတွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့်သူတို့အသင်းအဖွဲ့က သက်ဆိုင်ရာအစိုးရဆီကနေ တရား ဝင် အသင်းအဖွဲ့ လက်မှတ်ရထားလို့ လုပ်ရကိုင်ရ ခက်နေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်(၂)စုကျော်က ဒီလူမှုရေး အဝန်းအဝိုင်း ကြီးမှာ ထိပ်သီးပိုင်း နေရာကို ရောက်ချင်လို့ နေရာလုချင်တဲ့ ဆွေမျိုးသား ချင်းတွေ ရှိခဲ့ပါသေးတယ်။ထိုစဉ်တုန်းက ဒီအဝန်းအဝိုင်း ကနေ ခွဲထွက်ဖို့ ကြိုးစား သူတွေ ရှိခဲ့သော်လည်း အခုတော့ အားလုံး စည်းစည်းလုံးလုံး ဖြစ်နေ ဆဲပါ။

ချစ်ဇနီး(၂၇)ဦးနဲ့အတူပေါင်းသင်းနေထိုင်ပြီး၊ သားသမီး (၁၅၀)ဦးအထိ ရယူ ထားတဲ့ အဖိုးအို အကြောင်း ကို ပရိသတ်ကြီး အတွက်ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Credit