“ပတ္တမြားငမောက်ရဲ့မူလပိုင်ရှင်မိသားစုလေးရဲ့ကြေကွဲဖွယ်အဖြစ် အပျက် များနှင့် မိုးကုတ်မြို့က ဒေါ်နန်းကြည်တောင် သမိုင်

“ပတ္တမြားငမောက်ရဲ့မူလပိုင်ရှင်မိသားစုလေးရဲ့ကြေကွဲဖွယ်အဖြစ် အပျက် များနှင့် မိုးကုတ်မြို့က ဒေါ်နန်းကြည်တောင် သမိုင်း”

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့“ပတ္တမြားငမောက် ရဲ့ မူလပိုင်ရှင် မိသားစုလေးရဲ့ ကြေကွဲဖွယ်အဖြစ် အပျက်များနှင့် မိုးကုတ်မြို့က ဒေါ်နန်းကြည်တောင် သမိုင်း”အကြောင်းလေးပဲဖြစ်ပါတယ်။

တစ်ချိန်က ချင်းတွင်းဒေသ ချင်းလူမျိုး ငမောက်ဆိုတဲ့လူငယ်တစ်ဦးက မြန်မာပြည်က ကုန်တွေလိုက်ရောင်းရင်း မိုးကုတ်ဒေသ ကြပ်ပြင်မြို့ကို ရောက်လာတယ်။အဲ့ဒီတစ်ချိန်က ကြပ်ပြင်မြို့ရယ်ကသဲမြို့ရယ် မိုးကုတ်အရှေ့ပိုင်းရယ်လို့ သုံးမြို့ပေါင်းပြီးမိုးကုတ် ဒေသ ပတ္တမြား ကျောက်တွင်းနယ်လို့ ခေါ်ကြ ပါတယ်။

ဒီမြို့လေး နာမည် တွင် လာပုံ လေး က ဘုရင့်နောင် မင်းတရာကြီး လက်ထက် မြန်မာသက္ကရာဇ် (၉၂၁) နှစ်အဲ့ဒီအချိန်မင်းတရားကြီးသည် ကသဲစော်ဘွားကို နှိမ်နင်း အောင်မြင်ပြီး ဖမ်းစီးရမိတဲ့ ကသဲသုံ့ပန်းတွေကို မိုးကုတ်ဒေသကို ပို့လိုက်တယ်။အဲ့ဒီကသဲလူမျိုးတွေ စတင်နေထိုင် ခဲ့တဲ့နေရာကို ကသဲရပ်လို့ ခေါ်ကြတယ် ကသဲလူမျိုးတွေက လူဦးရေ တိုးလာတော့ တဖြည်းဖြည်းနဲ့ရပ်ကွက်တွေတိုးချဲ့လာကြတယ်။

အဲ့ဒီ တိုးချဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ကသဲလူမျိုးတွေဟာ သူတို့ရဲ့ ဓလေ့ ထုံးစံအရ ထမင်းဟင်း ချက်ပြုတ် မစား ခင်မှာ သန့်ရှင်းအောင်ဆိုပြီး ရေအရင်ချိုးရတယ်မိုးကုတ်ဒေသကရေခဲတဲ့ အဆင့်ထိ အေးတဲ့ဒေသ ဆိုတော့ ကသဲလူမျိုးတွေဟာ ရေချိုးပြီးတဲ့အခါ နွေးအောင်ဆိုပြီး ဒေသအခေါ် ကျပ်တင် သလို မီးဖိုနားမှာ ကပ်နေကြရတယ် ဒါကြောင့် အဲ့ဒီဒေသကိုကျပ်တင် ဒေသလို့ခေါ်ရာကနေ နောက်တော့ (ကျပ်ပြင်)ရယ်လို့ ဖြစ်လာ ပါတယ်။

အဲ့ဒီလို မိုးကုတ်မြို့ရယ်လို့ ဖြစ်လာမယ့် နေရာမှာလည်းမိုးချုပ်တာစောပြီး မှောင်လွယ်တာမို့ မိုးချုပ်ဒေသလို့ခေါ်ရာကနေနောင်မှာ မိုးကုတ် ဒေသဆိုပြီး ဖြစ်လာ ပါတယ်။ကဲသမိုင်းလေးဆက်မယ်ချင်း တွင်း ဒေသကနေ ကုန်ရောင်းလာတဲ့ ငမောက်ဆိုတဲ့လူငယ်လေးက အဲ့ဒီ မှာပဲ လှပျိုဖြူ တစ်ယောက်နဲ့ အိမ်ထောင် ကျပြီး ငမောက်က နေရာ အနှံ့ လှည့်ပြီး ကုန်ရောင်းတဲ့ အလုပ်ကို မလုပ် တော့ပဲ အင်းဂေါင်း အရပ်မှာခြံအကျယ်ကြီးနဲ့ စိုက်ပျိုးရေး လုပ်ငန်းကိုအခြေချလုပ်ကိုင် နေခဲ့တယ်။

ဒီလိုနဲ့တစ်ညမှာ ငမောက်က အပေါ့ အပါး ထစွန့်ရင် နေ့ခင်းက အ ပင် စိုက်ရန် တူးစွထားသည့် မြေနေရာမှလရောင်ကြောင့် အရောင်တွေဖြာထွက်နေတဲ့ နီနီရဲရဲကျောက်တုံးကြီးကိုတွေ့သွားပါလေရော။ဒါနဲ့ ငမောက်လည်း ဒီအရောင်တွေ ဖြာထွက် နေတဲ့ ကျောက်နီတုံးကြီးဟာ တန်ဖိုးကြီးမှန်း ရိပ်မိပြီး နောက်တနေ့မှာ သူ့ယောက်ဖဖြစ်သူ မောင်ရွှေ ဆိုသူနဲ့ တိုင်ပင်ကြတယ် အကိုကြီး ဒီကျောက်ကအင် မတန်မှတန်ဖိုးကြီးတော့ ဒီအတိုင်း ရောင်းရင်အန္တရာယ်များတယ်။

ဒါကြောင့် ကျွန်တော် ကုန်သည် ဘဝက ခင်မင် ရင်းနီးခဲ့တဲ့ တရုတ်ပြည်က ကုန်သည်တစ်ဦးရှိတယ် သူ့ကိုရောင်းခိုင်းရင် ဈေးကောင်းလည်းရမယ် ဘယ်သူမှလည်းသိတော့မှာ မဟုတ်ဖူးဆိုပြီးကျောက် ကြီးကို နှစ်ခြမ်း ခွဲကာ တစ်ခြမ်းကို တရုတ် ပြည်ဘက် ရောင်း ပြီး တစ်ခြမ်းကိုမြန်မာဘုရင်မင်းမြတ်ထံတစ်ခြမ်းဆက်သလိုက်တယ်။ဘုရင်မင်းမြတ်လည်း ကျောက်ကြီးကိုကြည့်ပြီးအင်မတန် သဘော ကျကာ ငမောက် လာဆက်သ သောကြောင့် ပတ္တမြားငမောက် လို့ အမည်ပေးပြီး ငမောက်ကိုလည်း ဆုတော်လာဘ်တော်များ ချီးမြင့်ပေးသနား တော်မူ လိုက်တယ်။

ဒီလိုနဲ့ ငမောက်တို့ မိသားစုကသားသ္မီးတွေကို ရှင်ပြုအလှူပေးပြီး မိုးကုတ် ဒေသ ထုံးစံအရ ကျောက်အောင်ရင် ဘုရားတည်ကြလေ့ရှိသလို ငမောက်လည်း ဘုရားတည်အလှူပေးပါတော့တယ်။မကြာပါဘူး တရုတ်ပြည်မှာ နန်းတွင်း အရှုပ် အရှင်း ဖြစ်ပြီးမင်မင်းဆက်ပျက်တော့ စစ်ရှုံးတဲ့ တရုတ်မျိုးနွယ်စုတစ်စုကမြန်မာပြည်ဘက်ကိုကူးပြီး မြန်မာဘုရင် မင်းထံမှာ ခိုလှုံခွင့် တောင်းပြီး နေကြတယ်။

အဲ့ဒီအထဲမှာမှ ငမောက်ရောင်းလိုက်တဲ့ကျောက်ကုန်သည်ကလည်း ပါလာလေရော ဒါနဲ့သူစီမှာရှိတဲ့ ကျောက်တစ်ခြမ်းကိုလည်း မြန်မာဘုရင်မင်းထံ ဆက်သတဲ့ အခါ မှာတော့ မြန်မာ ဘုရင်မင်းလည်းငမောက်ဆက်ထားတဲ့ ပတ္တမြားနဲ့ ယခုပတ္တမြားကိုယှဉ်ကြည့်တဲ့အခါ တစ်လုံးထဲ ကနေခွဲထားမှန်းသိပြီးပဒေသရာဇ်ခေတ်ရဲ့ အာဏာရှင် စနစ်ဆိုးကြီး အတိုင်းပဲ သူ့ကိုအလုံးလိုက် မဆက်သရကောင်းလားဆိုပြီး ဒေါသအကြီးအကျယ်ထွက်ကာ ငမောက်နဲ့ သူ့အမျိုးအနွယ်အားလုံးကို မီးလောင် တိုက်သွင်း ကာ ကွပ်မျက်စေ အမိန့် ချလိုက်သတဲ့ဗျာ။

ငမောက်နဲ့ဆွေမျိုးတွေကို ကွပ်မျက်ဖို့ ခေါ်သွားခဲ့တဲ့ နေရာက ရေနဲ့ဝေးရာအရပ်မို့ ရေဝေးရပ်ဆိုပြီး ယနေ့အချိန်ထိ မိုးကုတ်မှာအဲ့ဒီရွာနာမည်ခေါ်နေတုံးပါပဲ။အဲ့ဒီရွာနဲ့မနီးမဝေးမှာလည်း ငမောက်တို့ဆွေ မျိုးတွေကို သတ်ဖို့ အလောင်းစင်ဆောက်ခဲ့တဲ့နေရာကို အလောင်း စင်နေရာလို့ခေါ်ဆိုရာကနေ နောင်မှာ လောင်းစင်ရွာဆိုပြီ ဖြစ်လာခဲ့ပါတော့တယ်။ငမောက်နဲ့ဆွေမျိုးအားလုံးကိုသတ်ခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ သူတစ်ဦးတော့ ရှိခဲ့ပါတယ်သူကတော့ ငမောက်ရဲ့ အမတော်သူ ဒေါ်နန်းဆိုတဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ် သူထွက်ပြေးရင်းနဲ့ ကြပ်ပြင်မြို့နားမှာရှိတဲ့ တောင်တန်းကြီးတစ်ခုပေါ် ရောက်သွားရှာတယ်။

အဲ့ဒီတောင်ပေါ်ကနေလှန်းကြည့်လိုက်ရင် သူ့ရဲ့မောင်လေးငမောက်နဲ့ ဆွေမျိုးတွေကို မီးရှို့ သတ်ခဲ့တဲ့နေရာကို မြင်နေ ရတယ်။ဒေါ်နန်းက အဲ့ဒီ နေရာကနေ ထွက်နေတဲ့ မီးခိုးတွေကို ကြည့်ပြီး ရင်ထဲမှာစို့တက်လာကာ ရင်ကွဲနာကျပြီး သေသွားခဲ့ ရှာပါ လေရော သေခါနီးအစွဲကြောင့် ဒေါ်နန်းက အဲ့ဒီတောင်ပေါ်မှာပဲအစောင့်ဖြစ်သွားတယ်လို့ ဆိုကြတယ်။တောင်ပေါ်မှာလည်း ယခုအချိန်ထိ မယ်နန်းကြည် နတ်နန်းရယ်လို့သီးခြားနေရာနဲ့ဆောက်ပေးထားတာတွေ့ရပါတယ်။

အဲ့ဒီတောင်ကိုလည်း ဒေါ်နန်း ကြည့်တောင်လို့ ခေါ်ရာကနေ နောက်တော့ ဒေါ်နန်းကြည်တောင်ရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်။ဒေါ်နန်းက တန်ဖိုး ကြီးတဲ့ ကျောက် တစ်ပွင့်ကြောင့် သူ့မောင် ငမောက် နဲ့ ဆွေမျိုး တွေ သေ ကြ ရ ရှာ တာကို စိတ်နာပြီး သူ့ နတ်နန်း ရှိ တဲ့ တောင်ကြောမှာ ကျောက်လုံးဝ မထွက် ပါစေနဲ့လို့ ကျိန်စာ တိုက်ခဲ့ပါ သတဲ့။ထူးခြား တိုက်ဆိုင် စွာပဲ မိုးကုတ်မြို့ နဲ့ တောင်တန်း တွေ နေရာတိုင်းမှာကျောက်ထွက်ပေမဲ့ဒေါ်နန်းကြည်တောင်ပေါ်မှာ တော့ ကျောက် လုံးဝ လုံးဝ မထွက်တော့ ပါဘူးတဲ့။

ဒီသမိုင်းလေးက ဒေါ်နန်းကြည် သမိုင်း သာမကပဲ မြန်မာ့သမိုင်းရာ ဇဝင်ထဲက ပတ္တမြား ငမောက် ကျောက် ရဲ့ သမိုင်း ရာဇဝင် လည်း ဆက်စပ် နေသော ပတ္တမြားမြေက သမိုင်းရာဇဝင်လေးကိုပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Credit

Tags: