ကိုဗစ်တိုက်ပွဲမှာ ပင်ပန်းနေကြတဲ့ ရှေ့တန်းခံစစ်မှုး ကျန်းမာရေးဝန်ထမ်းတွေအတွက် ငှက်သိုက်ရည် ၁၀ သိန်းဖိုး ပေးလှုလိုက်တဲ့ ချစ်သုဝေ

ကိုဗစ် ၁၉ တိုက်ဖျက်ရင်း ပင်ပန်းနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ငှက်သိုက်ရည်(၁၀)သိန်းဖိုး လှူဒါန်းခဲ့တဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိဖြစ်ပွားနေတဲ့

Covid – 19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူအတန်းတွေလည်း ပြုလုပ်နေသလို အသိပညာပေးခြင်းတို့ကိုလည်း ဆောက်ရွက်နေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်သုဝေက ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ “”NHL( အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန)” မှ

ကျန်းမာရေးဝန်ထမ်းတွေ ကို ကိုယ်ခံအားကောင်းကောင်းနဲ့ဆက်လက်ကျန်းမာပြီး COVID19ရောဂါ တိုက်ဖျက်ရေးတိုက်ပွဲဝင်နိုင်ဖို့အတွက်

Brand’sMyanmarနဲ့ ပူးပေါင်းပြီး Trezaက ငွေကျပ် ၁၀သိန်း တန်ဖိုးရှိ ဌက်သိုက်လေးတွေကို လှူဖြစ်ပါတယ်။ ကူးစက်ရောဂါကို အဘက်ဘက်က ရှာဖွေဖော်ထုတ်ပေးနေကြသော,

တိုက်ထုတ်နေကြသော ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေအတွက် လည်း ကိုယ်ခံအားကောင်းကောင်းနဲ့ လူနာတွေကို ပြုစုစောင့်ရှောက်နိုင်ကြပါစေ။

အားလုံးလည်း ကပ်ရောဂါဘေးကနေ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြပါစေ။” ဆိုပြီး ပြောထားပါတယ်။ ချစ်သုဝေကတော့ သူမကိုယ်တိုင် အလုပ်တွေ မရပ်မနား လုပ်ကိုင်နေရသူတွေပီပီ ဆရာဝန်နဲ့

ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ငှက်သိုက်ရည်တွေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ စေတနာကုသိုလ်လေးအတွက် သာဓုခေါ်ပေးကြပါဦးနော်။Source: Chit Thu Wai