ကမ္ဘာ့ ပထမဆုံး ကျောက်စိမ်း စေတီ အကြောင်း သိကောင်း စရာ များ

ကမ္ဘာ့ ပထမဆုံး ကျောက်စိမ်း စေတီအကြောင်းသိကောင်းစရာ များ

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာ ကတော့ ကမ္ဘာ့ ပထမ ဆုံး ကျောက်စိမ်း စေတီအကြောင်း သိကောင်းစရာများ အကြောင်းများဖြစ်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊အမရ ပူရမြို့နယ်၊ဆင်ရွာမြင်းမှူးကျေးရွာ အုပ်စု၊ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး အထက် ၉ပေမြင့် ပြီး၊ ၅ ဧက အကျယ်အဝန်း ရှိသော ကုန်းမြေ ပေါ်တွင် တည် ထားခြင်းဖြစ်ပါသည်။

ရင်ပြင်တော် အကျယ်အဝန်းမှာအလျား ၁၃၃ပေ ၆လက်မနှင့် အနံ ၁၃၃ပေ ၆လက်မ ကျယ်ဝန်းပါသည်။မြန်မာ နိုင်ငံသည် ကမ္ဘာ ပေါ်တွင် အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းများ ထွက် ရှိ ရာနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အတွက်

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှလွဲ၍တခြား မည်သည့်နိုင်ငံတွင်မှ ထပ် မံ တည်ထားရန် မဖြစ်နိုင်သေးသော ထူးခြားသည့်စေတီတော်မြတ်ကြီး ဖြစ်ပါသည်။ 21.12.2012 ခုနှစ်တွင် မြေသန့် မင်္ဂလာ အ ခမ်းအနားကို လည်းကောင်း၊23.12.2012 ခုနှစ်တွင် ငှက်ပျော ဖူး အမြင့် ၈ပေ ၆လက်မ အသီးသီး ရှိပါသည်။

စေတီတော်ကြီးကို နိုင်ငံတကာ ကျောက်စိမ်း ဈေးကွက်ဝင် အရည် အသွေး ကောင်း မွန် သည့် ကျောက်စိမ်း စုစုပေါင်း တန် ချိန် တစ်ထောင်ကျော်ကို အသုံးပြု၍ တည်ထား ပါသည်။အုတ်တစ်ချပ် မျှ ပါဝင်ခြင်း မရှိခဲ့ပါ။

ကျောက်စိမ်းအသား ကျောက် တန်ချိန် ၈၅၀ အား ဌာပနာ အ ဖြစ်ထည့်သွင်း ထားပြီး၊ ငှက်ပျောဖူး တော်တွင် အေ အဆင့်ရှိ အရည်ကျောက်စိမ်း များဖြင့် လည်း ကောင်း၊ စိန်ဖူး တော်ကြီး ကို လည်း ကျောက်စိမ်း စိန်ဖူးတော် ကြီးဖြင့်သာ ပူဇော် ထားပါသည်။

ကျောက်စိမ်းသည်- (၁)လှပခြင်း၊(၂)ကြာရှည် ခံခြင်း၊(၃) ရှားပါးခြင်း စသည့်အင်္ဂါသုံးရပ်ဖြင့် ပြည့်စုံသည့်အပြင်ကျောက်စိမ်းသည် သဒ္ဓါ ရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံခြင်း၊တရား မျှတသော စိတ်ဓါတ်ရှိခြင်း၊ မိမိကိုယ် မိမိ နှိမ့်ချသော နိဝါက တရားရှိခြင်း၊

အသိအလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း၊ ဘေးအန္တရာယ် ကင်းခြင်းစီးပွားဥစ္စာတိုးခြင်း စသည့်စွမ်းရည်များဖြင့်လည်း ပြည့်စုံပါသည်။ ကျောက်စိမ်းသည် ရတနာကိုးပါး အနက် တစ်မျိုး အပါအဝင် ဖြစ်ပြီး၊သဘာဝ သယံဇာတ ပစ္စည်းလည်း ဖြစ်သောကြောင့်

မြန်မာနိုင်ငံသူ နိုင်ငံသားများသာမကကမ္ဘာသူကမ္ဘာသား ကိုးကွယ်ဆည်းကပ်သူ အပေါင်းတို့သည် အရာရာတိုးတက်ခြင်း၊ တောက်ပခြင်း၊ထွန်းတောက်ခြင်း၊ဂုဏ်သတင်းကျော်ကြား ပြည့်စုံခြင်း၊ ချမ်း သာကြွယ်ဝခြင်း ​ဘေးအန္တရာယ် ကင်းရှင်းခြင်းနှင့်လိုတိုင်းတတိုင်းပြည့်စုံခြင်း စသည့် ဂုဏ်ကျေးဇူး များ ရရှိ နိုင်ပါ သည် ဆို တဲ့ အ ကြောင်းကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။Credit